အိမ္ေခါင္မိုးေပၚမွာရွိေနတဲ့သခင့္ဆီကို အေရာက္သြားဖို႔ ေလွကားထစ္ေပၚကို ကြၽမ္းက်င္စြာ တက္ေနခဲ့တဲ့ ေခြးေလး

Portland ၿမိဳ႕ရွိ Vince Matteson အမည္ရွိေခြးပိုင္ရွင္အမ်ိဳးသားဟာ သူ႔အိမ္ေခါင္မိုးေပၚသို႔ ခရစ္စမတ္မီးလုံးတပ္ဆင္ရန္ အိမ္ေခါင္မိုးေပၚမွာ ရွိေနစဥ္ သူ႔ရဲ႕ေခြးေလးေတြထဲမွ Ace လို႔ေခၚတဲ့ေခြးေလးက သူ႔လိုေခါင္မိုးေပၚမွာေရာက္ရွိေနတာကို ႐ုတ္တရက္ေတြ႕လိုက္ရတဲ့အခါ သူဟာ အလြန္အံ့အားသင့္သြားခဲ့ရပါတယ္။ Vince ဟာ Ace ဘယ္လိုတက္လာတယ္ဆိုတာကို အရမ္းရႈပ္ေထြးသြားခဲ့ပါတယ္။Vince ဟာ တစ္စုံတစ္ဦး က သူ႔ကိုလွည့္စားေနတယ္လို႔ ထင္ခဲ့ၿပီးေနာက္ ဘယ္လိုျဖစ္ပ်က္ခဲ့တာကိုၾကည့္ရႈရန္ သူ႔ရဲ႕အိမ္ေနာက္ေဖးရွိလုံၿခဳံေရးကင္မရာကိုၾကည့္ၿပီး ျပန္လည္သုံးသပ္ရန္ဆုံးျဖတ္ခဲ့ပါတယ္။

Vince က လုံၿခဳံေရးကင္မရာကိုၾကည့္ရႈခဲ့ၿပီးေနာက္ Ace ဟာ ေလွကားထစ္ျဖင့္ ေခါင္မိုးေပၚသို႔ကြၽမ္းက်င္စြာတက္ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။Vince ဟာ Ace ကို ေလွကားမ်ားတက္ႏိုင္လိမ့္မယ္လို႔ တစ္ခါမွသူစိတ္မကူးၾကည့္ဖူးေၾကာင္း ေျပာၾကားခဲ့ပါတယ္။ Ace မွာ ဒီလိုစြမ္းရည္ရွိတာကိုေတြ႕ရေတာ့ အရမ္းအံ့ဩသြားခဲ့တယ္လို႔ ဆိုပါတယ္။

Vince ဟာ သူရဲ႕ေခြးေလးေတြက နပန္းလုံးျခင္း ၊ အပန္းေျဖျခင္း ၊ ေရကူးျခင္းႏွင့္ ကစားစရာမ်ားကိုဖ်က္ဆီးဖို႔သာ ႏွစ္သက္ၾကေၾကာင္းေဖာ္ျပခဲ့ပါတယ္။သို႔ေပမဲ့ Vince က Ace မွာ အခုလိုအံ့ဩဖြယ္ေကာင္းတဲ့ ေတာင္တက္ျခင္းစြမ္းရည္အခ်ိဳ႕ရွိေနတာကို လုံးဝမသိခဲ့ပါဘူး။Vince ရဲ႕ Bo လို႔ေခၚတဲ့ေခြးေလးက သတိရွိတဲ့အမ်ိဳးအစားျဖစ္တာေၾကာင့္ ေျမျပင္ေပၚမွာဘဲ ေနမယ္လို႔ ဆုံးျဖတ္ခဲ့ပုံရပါတယ္။ေခြးေလးရဲ႕ အခုလို ခ်စ္စဖြယ္ေကာင္းတဲ့စြန႔္စားမႈတစ္ခုခုကို ျမင္ေတြ႕ခဲ့ရျခင္းက ဝမ္းသာခ်ီးက်ဴးစရာပါဘဲ။

1

2

3

4

5

6

7

8

Mia (Mckzone Daily)

Source : boredpanda

Unicode

Portland မြို့ရှိ Vince Matteson အမည်ရှိခွေးပိုင်ရှင်အမျိုးသားဟာ သူ့အိမ်ခေါင်မိုးပေါ်သို့ ခရစ်စမတ်မီးလုံးတပ်ဆင်ရန် အိမ်ခေါင်မိုးပေါ်မှာ ရှိနေစဉ် သူ့ရဲ့ခွေးလေးတွေထဲမှ Ace လို့ခေါ်တဲ့ခွေးလေးက သူ့လိုခေါင်မိုးပေါ်မှာရောက်ရှိနေတာကို ရုတ်တရက်တွေ့လိုက်ရတဲ့အခါ သူဟာ အလွန်အံ့အားသင့်သွားခဲ့ရပါတယ်။ Vince ဟာ Ace ဘယ်လိုတက်လာတယ်ဆိုတာကို အရမ်းရှုပ်ထွေးသွားခဲ့ပါတယ်။Vince ဟာ တစ်စုံတစ်ဦး က သူ့ကိုလှည့်စားနေတယ်လို့ ထင်ခဲ့ပြီးနောက် ဘယ်လိုဖြစ်ပျက်ခဲ့တာကိုကြည့်ရှုရန် သူ့ရဲ့အိမ်နောက်ဖေးရှိလုံခြုံရေးကင်မရာကိုကြည့်ပြီး ပြန်လည်သုံးသပ်ရန်ဆုံးဖြတ်ခဲ့ပါတယ်။

Vince က လုံခြုံရေးကင်မရာကိုကြည့်ရှုခဲ့ပြီးနောက် Ace ဟာ လှေကားထစ်ဖြင့် ခေါင်မိုးပေါ်သို့ကျွမ်းကျင်စွာတက်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။Vince ဟာ Ace ကို လှေကားများတက်နိုင်လိမ့်မယ်လို့ တစ်ခါမှသူစိတ်မကူးကြည့်ဖူးကြောင်း ပြောကြားခဲ့ပါတယ်။ Ace မှာ ဒီလိုစွမ်းရည်ရှိတာကိုတွေ့ရတော့ အရမ်းအံ့ဩသွားခဲ့တယ်လို့ ဆိုပါတယ်။

Vince ဟာ သူရဲ့ခွေးလေးတွေက နပန်းလုံးခြင်း ၊ အပန်းဖြေခြင်း ၊ ရေကူးခြင်းနှင့် ကစားစရာများကိုဖျက်ဆီးဖို့သာ နှစ်သက်ကြကြောင်းဖော်ပြခဲ့ပါတယ်။သို့ပေမဲ့ Vince က Ace မှာ အခုလိုအံ့ဩဖွယ်ကောင်းတဲ့ တောင်တက်ခြင်းစွမ်းရည်အချို့ရှိနေတာကို လုံးဝမသိခဲ့ပါဘူး။Vince ရဲ့ Bo လို့ခေါ်တဲ့ခွေးလေးက သတိရှိတဲ့အမျိုးအစားဖြစ်တာကြောင့် မြေပြင်ပေါ်မှာဘဲ နေမယ်လို့ ဆုံးဖြတ်ခဲ့ပုံရပါတယ်။ခွေးလေးရဲ့ အခုလို ချစ်စဖွယ်ကောင်းတဲ့စွန့်စားမှုတစ်ခုခုကို မြင်တွေ့ခဲ့ရခြင်းက ဝမ်းသာချီးကျူးစရာပါဘဲ။

Mia (Mckzone Daily)

  • Leave a Comment