မနက္ ၃ နာရီအခ်ိန္မွာ စြန္လႊတ္တမ္းကစားခ်င္ေနတဲ့သားအတြက္ မရရတဲ့နည္းနဲ႔ အစြမ္းကုန္ႀကိဳးစားေပးခဲ့တဲ့ ဖခင္

မေလးရွားႏိုင္ငံရွိ Asy Syakirin အမည္ရွိဖခင္တစ္ဦးဟာ သားျဖစ္သူ Bambam က နံနက္ ၃ နာရီအခ်ိန္ႀကီးမွာ စြန္လႊတ္တမ္းေဆာ့ကစားခ်င္ခဲ့တဲ့ သားေလးျဖစ္သူ Bambam ရဲ႕ရယ္စရာဇာတ္လမ္းတစ္ပုဒ္အေၾကာင္းကို သူ႔ရဲ႕ Anak Sepahkan Apa Hari Ini Facebook page မွာျပန္လည္မွ်ေဝေပးခဲ့ပါတယ္။Bambam က မ်ားေသာအားျဖင့္ ညသန္းေခါင္ယံအခ်ိန္မွာ ထမင္းေၾကာ္အခ်ိဳ႕ေတာင္းစားေလ့ရွိေပမဲ့လည္း ၎ညမွာေတာ့ အနည္းငယ္ကြာျခားေနခဲ့ပါတယ္။ Bambam ဟာ အိပ္မေပ်ာ္တာေၾကာင့္ သူ႔အေဖကို ႏိုးၿပီး သူႏွင့္အတူ စြန္လႊတ္တမ္းေဆာ့ကစားေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။အစပိုင္းေတာ့ ဖခင္ျဖစ္သူက ဘယ္လိုလုပ္ေပးရမလဲဆိုတာကို စဥ္းစားရခက္ေနခဲ့ရပါတယ္။

သို႔ေပမဲ့ Asy ဟာ သားျဖစ္သူရဲ႕စြန္ကို စားပြဲတင္ပန္ကာျဖင့္ ေလမႈတ္ထုတ္ေပးၿပီး စြန္ကို အေပၚပ်ံတက္ေအာင္ လုပ္ေပးခဲ့ပါတယ္။၎က တကယ့္လက္ေတြ႕အရာနဲ႔မတူေပမယ့္လည္း သားျဖစ္သူရဲ႕စြန္လႊတ္ခ်င္စိတ္က ညသန္းေခါင္မွာျဖစ္ေနခဲ့တာေၾကာင့္ ၎နည္းလမ္းက အေကာင္းဆုံးေျဖရွင္းနည္းတစ္ခုပါဘဲ လို႔ Asyက ဆိုခဲ့ပါတယ္။အထူးသျဖင့္ တစ္ႏိုင္ငံလုံးအိမ္မွာ ေနဖို႔ေတာင္းဆိုခံေနရတဲ့ အခုလိုအခ်ိန္အခါမွာ သားျဖစ္သူရဲ႕ ဆႏၵကို ျဖည့္ဆည္းေပးဖို႔ မရရတဲ့နည္းလမ္းနဲ႔ အစြမ္းကုန္ႀကိဳးစားေပးခဲ့တဲ့ ဖခင္ကို ကြၽန္ေတာ္တို႔အားလုံး ခ်ီးက်ဴးဂုဏ္ျပဳေပးသင့္ပါတယ္ဗ်ာ။

1

Mia (Mckzone Daily)

Source : worldofbuzz

Unicode

မလေးရှားနိုင်ငံရှိ Asy Syakirin အမည်ရှိဖခင်တစ်ဦးဟာ သားဖြစ်သူ Bambam က နံနက် ၃ နာရီအချိန်ကြီးမှာ စွန်လွှတ်တမ်းဆော့ကစားချင်ခဲ့တဲ့ သားလေးဖြစ်သူ Bambam ရဲ့ရယ်စရာဇာတ်လမ်းတစ်ပုဒ်အကြောင်းကို သူ့ရဲ့ Anak Sepahkan Apa Hari Ini Facebook page မှာပြန်လည်မျှဝေပေးခဲ့ပါတယ်။Bambam က များသောအားဖြင့် ညသန်းခေါင်ယံအချိန်မှာ ထမင်းကြော်အချို့တောင်းစားလေ့ရှိပေမဲ့လည်း ၎င်းညမှာတော့ အနည်းငယ်ကွာခြားနေခဲ့ပါတယ်။ Bambam ဟာ အိပ်မပျော်တာကြောင့် သူ့အဖေကို နိုးပြီး သူနှင့်အတူ စွန်လွှတ်တမ်းဆော့ကစားပေးဖို့ တောင်းဆိုခဲ့ပါတယ်။အစပိုင်းတော့ ဖခင်ဖြစ်သူက ဘယ်လိုလုပ်ပေးရမလဲဆိုတာကို စဉ်းစားရခက်နေခဲ့ရပါတယ်။

သို့ပေမဲ့ Asy ဟာ သားဖြစ်သူရဲ့စွန်ကို စားပွဲတင်ပန်ကာဖြင့် လေမှုတ်ထုတ်ပေးပြီး စွန်ကို အပေါ်ပျံတက်အောင် လုပ်ပေးခဲ့ပါတယ်။၎င်းက တကယ့်လက်တွေ့အရာနဲ့မတူပေမယ့်လည်း သားဖြစ်သူရဲ့စွန်လွှတ်ချင်စိတ်က ညသန်းခေါင်မှာဖြစ်နေခဲ့တာကြောင့် ၎င်းနည်းလမ်းက အကောင်းဆုံးဖြေရှင်းနည်းတစ်ခုပါဘဲ လို့ Asyက ဆိုခဲ့ပါတယ်။အထူးသဖြင့် တစ်နိုင်ငံလုံးအိမ်မှာ နေဖို့တောင်းဆိုခံနေရတဲ့ အခုလိုအချိန်အခါမှာ သားဖြစ်သူရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ မရရတဲ့နည်းလမ်းနဲ့ အစွမ်းကုန်ကြိုးစားပေးခဲ့တဲ့ ဖခင်ကို ကျွန်တော်တို့အားလုံး ချီးကျူးဂုဏ်ပြုပေးသင့်ပါတယ်ဗျာ။

Mia (Mckzone Daily)

Be the first to comment on "မနက္ ၃ နာရီအခ်ိန္မွာ စြန္လႊတ္တမ္းကစားခ်င္ေနတဲ့သားအတြက္ မရရတဲ့နည္းနဲ႔ အစြမ္းကုန္ႀကိဳးစားေပးခဲ့တဲ့ ဖခင္"

Leave a comment

Your email address will not be published.


*