မဂၤလာပြဲမွာ သတို႔သားက အျခားအမ်ိဳးသမီးတစ္ဦးအတြက္ သူ႔ကို ထားသြားခဲ့တဲ့ပုံစံနဲ႔ သီခ်င္းဆိုေဖ်ာ္ေျဖေပးေနခဲ့တဲ့ ဧည့္သည္တစ္ဦး(႐ုပ္သံ)

မဂၤလာေဆာင္ပြဲ ၊ ႐ိုးရာပြဲ ေတြမွာ လာေရာက္ၾကတဲ့ဧည့္သည္ေတာ္ေတြထဲမွာ လူ႐ႊင္ေတာ္ ႏွစ္ေယာက္ ေလာက္ေတာ့ အနည္းဆုံးပါေနတတ္ပါတယ္။၎တို႔က သူတို႔တက္ေရာက္ခဲ့တဲ့ပြဲေတြမွာ ေပ်ာ္စရာအမွတ္တရတစ္ခုအျဖစ္ က်န္ေနခဲ့ေအာင္ တစ္မ်ိဳး မဟုတ္ တစ္မ်ိဳး ေလွ်ာက္လုပ္တတ္ၾကပါတယ္။ဒီ အင္ဒိုနီးရွားမဂၤလာေဆာင္ပြဲတစ္ခုမွာလည္း ၎လိုအျဖစ္မ်ိဳးေတြ ျဖစ္ပ်က္ခဲ့ပါတယ္။လူႀကိဳက္မ်ားတဲ့ အင္ဒိုနီးရွား အဆိုေတာ္ Rossa ရဲ႕ သီခ်င္းတစ္ပုဒ္ျဖစ္တဲ့ “ Hati yang kau sakiti (မင္းခ်ိဳးေဖာက္ခဲ့တဲ့ႏွလုံးသား)” သီခ်င္းကို ေဖ်ာ္ေျဖသီဆိုေနခဲ့တဲ့ ဧည့္သည္တစ္ဦးဟာ သတို႔သမီးနဲ႔လက္ထက္လိုက္တဲ့သတို႔သားက သူ႔ရဲ႕အသည္းကို ခြဲေနခဲ့တဲ့ပုံစံနဲ႔ ဟန္ပန္အေနအထားအျပည့္နဲ႔သ႐ုပ္ေဆာင္ရင္း သီခ်င္းဆိုေနခဲ့ပါတယ္။

၎ေဖ်ာ္ေျဖသူဟာ မိုက္ကိုဆြဲကာ သီခ်င္းသံကို ‘high note ’ သံျဖင့္ စတင္သီဆိုရင္း သတို႔သားက အျခားအမ်ိဳးသမီးတစ္ဦးအတြက္ သူမကို ထားရစ္ခဲ့သည္ကို ဘယ္ေလာက္ဝမ္းနည္းေၾကကြဲေနရပုံကို ျပသဖို႔ ဧည့္သည္ေတြထိုင္ေနတဲ့မဂၤလာခန္းမထဲကို ျဖတ္ၿပီး ဟိုေျပးဒီေျပးနဲ႔ သ႐ုပ္ေဆာင္ျပေနခဲ့ပါတယ္။ေနာက္ဆုံး သူ႔ရဲ႕ေဖ်ာ္ေျဖမႈအၿပီးမွာ ပြဲလာဧည္သည္အားလုံးကလည္း သူ႔ရဲ႕သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္ ရယ္ေမာသြားခဲ့ရပါတယ္။

၎ေဖ်ာ္ေျဖပြဲႏွင့္ ပတ္သက္ၿပီး netizen တစ္ဦးက အဆိုေတာ္ရဲ႕ေဖ်ာ္ေျဖမႈမွာ သူဘယ္ေလာက္ရင္းႏွီးျမဳပ္ႏွံခဲ့ရပုံကို ျမင္ေတြ႕ရတာေၾကာင့္ အံ့အားသင့္မိေၾကာင္းကို မွတ္ခ်က္ေပးခဲ့ပါတယ္။“ သူေတာ္ေတာ္ေလး ႀကိဳးစားဆိုခဲ့ရပုံဘဲ” ၊ “ သူ မိုက္ကို ငုံလိုက္တာေတာ့ မဟုတ္ပါဘူးေနာ္” စတဲ့ ရယ္စရာမွတ္ခ်က္မ်ားစြာလည္း ေပးခဲ့ၾကပါေသးတယ္။တကယ္ေတာ့ လူ႐ႊင္ေတာ္ေတြရဲ႕ဆႏၵက သူတို႔တက္ေရာက္ခဲ့တဲ့ပြဲေတြမွာ အမွတ္တရေကာင္းေတြ က်န္ရွိေနဖို႔ အတြက္ပါဘဲ။အခုအဆိုေတာ္လည္း ပြဲမွာ မဆိုခင္ အိမ္မွာကတည္းက ႀကိဳးစားပမ္းစားေလ့က်င့္ခဲ့ရပုံပါဘဲ။

1

2

Mia (Mckzone Daily)

Source : worldofbuzz

Unicode

မင်္ဂလာဆောင်ပွဲ ၊ ရိုးရာပွဲ တွေမှာ လာရောက်ကြတဲ့ဧည့်သည်တော်တွေထဲမှာ လူရွှင်တော် နှစ်ယောက် လောက်တော့ အနည်းဆုံးပါနေတတ်ပါတယ်။၎င်းတို့က သူတို့တက်ရောက်ခဲ့တဲ့ပွဲတွေမှာ ပျော်စရာအမှတ်တရတစ်ခုအဖြစ် ကျန်နေခဲ့အောင် တစ်မျိုး မဟုတ် တစ်မျိုး လျှောက်လုပ်တတ်ကြပါတယ်။ဒီ အင်ဒိုနီးရှားမင်္ဂလာဆောင်ပွဲတစ်ခုမှာလည်း ၎င်းလိုအဖြစ်မျိုးတွေ ဖြစ်ပျက်ခဲ့ပါတယ်။လူကြိုက်များတဲ့ အင်ဒိုနီးရှား အဆိုတော် Rossa ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “ Hati yang kau sakiti (မင်းချိုးဖောက်ခဲ့တဲ့နှလုံးသား)” သီချင်းကို ဖျော်ဖြေသီဆိုနေခဲ့တဲ့ ဧည့်သည်တစ်ဦးဟာ သတို့သမီးနဲ့လက်ထက်လိုက်တဲ့သတို့သားက သူ့ရဲ့အသည်းကို ခွဲနေခဲ့တဲ့ပုံစံနဲ့ ဟန်ပန်အနေအထားအပြည့်နဲ့သရုပ်ဆောင်ရင်း သီချင်းဆိုနေခဲ့ပါတယ်။

၎င်းဖျော်ဖြေသူဟာ မိုက်ကိုဆွဲကာ သီချင်းသံကို ‘high note ’ သံဖြင့် စတင်သီဆိုရင်း သတို့သားက အခြားအမျိုးသမီးတစ်ဦးအတွက် သူမကို ထားရစ်ခဲ့သည်ကို ဘယ်လောက်ဝမ်းနည်းကြေကွဲနေရပုံကို ပြသဖို့ ဧည့်သည်တွေထိုင်နေတဲ့မင်္ဂလာခန်းမထဲကို ဖြတ်ပြီး ဟိုပြေးဒီပြေးနဲ့ သရုပ်ဆောင်ပြနေခဲ့ပါတယ်။နောက်ဆုံး သူ့ရဲ့ဖျော်ဖြေမှုအပြီးမှာ ပွဲလာဧည်သည်အားလုံးကလည်း သူ့ရဲ့သရုပ်ဆောင်ချက်တွေကြောင့် ရယ်မောသွားခဲ့ရပါတယ်။

၎င်းဖျော်ဖြေပွဲနှင့် ပတ်သက်ပြီး netizen တစ်ဦးက အဆိုတော်ရဲ့ဖျော်ဖြေမှုမှာ သူဘယ်လောက်ရင်းနှီးမြုပ်နှံခဲ့ရပုံကို မြင်တွေ့ရတာကြောင့် အံ့အားသင့်မိကြောင်းကို မှတ်ချက်ပေးခဲ့ပါတယ်။“ သူတော်တော်လေး ကြိုးစားဆိုခဲ့ရပုံဘဲ” ၊ “ သူ မိုက်ကို ငုံလိုက်တာတော့ မဟုတ်ပါဘူးနော်” စတဲ့ ရယ်စရာမှတ်ချက်များစွာလည်း ပေးခဲ့ကြပါသေးတယ်။တကယ်တော့ လူရွှင်တော်တွေရဲ့ဆန္ဒက သူတို့တက်ရောက်ခဲ့တဲ့ပွဲတွေမှာ အမှတ်တရကောင်းတွေ ကျန်ရှိနေဖို့ အတွက်ပါဘဲ။အခုအဆိုတော်လည်း ပွဲမှာ မဆိုခင် အိမ်မှာကတည်းက ကြိုးစားပမ်းစားလေ့ကျင့်ခဲ့ရပုံပါဘဲ။

Mia (Mckzone Daily)

  • Leave a Comment