ေခြးေလးကို တမင္သက္သက္ကားနဲ႔တက္ႀကိတ္ပစ္ခဲ့တဲ့ ကားဆရာရဲ႕ (႐ုပ္သံ)

မေလး႐ွားႏိုင္ငံမွာေတာ့ မၾကာခဏဆိုသလို တိရစာၦန္ေတြကိုညင္းပန္းႏွိပ္စက္တဲ့ ကိစၥမ်ားအျဖစ္မ်ားေလ့႐ွိၾကပါတယ္ ။ အထူးသျဖင့္ လမ္းေဘးက ေခြေလေခြးလြင့္ေတြကိုေပါ့ ။ ဒီတစ္ေခါက္မွာလည္း လမ္းမေပၚမွာထိုင္ေနလ်က္႐ွိတဲ့ေခြးေလးကို တမင္တကာ ကားနဲ႔တက္ႀကိတ္ပစ္ခဲ့တဲ့ video ကို Facebook စာမ်က္ႏွာေပၚမွာ ေဝမ်ွခဲ့ၿပီးေနာက္ အေတာ္ေလးကိုလူေျပာမ်ားေနလ်က္႐ွိပါတယ္ ။

Video ထဲမွာေတာ့ ေခြးေလးဟာ လမ္းေပၚမွာထိုင္ေနတုန္း မလွန္မကန္မွာ ကားႀကီးတစ္စီးေမာင္းနွင္လာခဲ့ပါတယ္ ။ အရြယ္ေရာက္ၿပီးသား ေခြးေလးျဖစ္ေနတဲ့အတြက္ အကြာအေဝးအရဆိုရင္ ကားဆရာက ေခြးေလးကို ဘယ္လိုပဲျဖစ္ျဖစ္ေတြ႔မွာပဲ ။ သို႔ေပမဲ့လည္း အ႐ွိန္လံုးဝမေလ်ွာ့ဘဲ ေမာင္းႏွင္ေနခဲ့ၿပီး ေခြးေလးတည့္တည့္ တက္ႀကိတ္ပစ္ခဲ့ပါတယ္ ။ ထို႔ေနာက္ အနီးအနားပတ္ဝန္းက်င္မွ မ်က္ျမင္ေတြေျပာျပခ်က္အရ ေခြးေလးရဲ႕ငိုေႂကြးသံမွာ က်ယ္ေလာင္လြန္းလွတဲ့အတြက္ အနီးအနား႐ွိေနတဲ့ အျခားေခြးေလးေတြက သူတို႔ရဲ႕အေဖာ္ကို ကူညီဖို႔အေျပးေလးေရာက္လာခဲ့ၾကေၾကာင္း ေျပာျပခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း အခ်ိဳ႕ေသာသူမ်ားကေတာ့ ကားဆရာမွာ တမင္တကာ ရည္ရြယ္တာမ်ိဳးမဟုတ္ေၾကာင္း ႏွင့္ ဘာလို႔လည္းဆိုေတာ့ တမင္တကာရည္ရြယ္ၿပီးလုပ္ခဲ့ရင္ ကားနဲ႔ႀကိတ္မိၿပီးေနာက္ ကားေပၚကေန ဆင္းၾကည့္မိမွာမဟုတ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း အခ်ိဳ႕ေသာသူေတြမွာေတာ့ ျမင္ေနလ်က္သားႏွင့္ ဖုန္းေျပာေနခဲ့လို႔ ဒါမွမဟုတ္ တစ္ခုခုလုပ္ေနခဲ့လို႔ အ႐ွိန္ေလ်ာ့ဖို႔ဘရိတ္မနင္းခဲ့မိလို႔ျဖစ္ေၾကာင္း မ်ိဳးစံုသံုးသပ္ေဝဖန္ခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံမှာတော့ မကြာခဏဆိုသလို တိရစ္ဆာန်တွေကိုညင်းပန်းနှိပ်စက်တဲ့ ကိစ္စများအဖြစ်များလေ့ရှိကြပါတယ် ။ အထူးသဖြင့် လမ်းဘေးက ခွေလေခွေးလွင့်တွေကိုပေါ့ ။ ဒီတစ်ခေါက်မှာလည်း လမ်းမပေါ်မှာထိုင်နေလျက်ရှိတဲ့ခွေးလေးကို တမင်တကာ ကားနဲ့တက်ကြိတ်ပစ်ခဲ့တဲ့ video ကို Facebook စာမျက်နှာပေါ်မှာ ဝေမျှခဲ့ပြီးနောက် အတော်လေးကိုလူပြောများနေလျက်ရှိပါတယ် ။

Video ထဲမှာတော့ ခွေးလေးဟာ လမ်းပေါ်မှာထိုင်နေတုန်း မလှန်မကန်မှာ ကားကြီးတစ်စီးမောင်းနှင်လာခဲ့ပါတယ် ။ အရွယ်ရောက်ပြီးသား ခွေးလေးဖြစ်နေတဲ့အတွက် အကွာအဝေးအရဆိုရင် ကားဆရာက ခွေးလေးကို ဘယ်လိုပဲဖြစ်ဖြစ်တွေ့မှာပဲ ။ သို့ပေမဲ့လည်း အရှိန်လုံးဝမလျှော့ဘဲ မောင်းနှင်နေခဲ့ပြီး ခွေးလေးတည့်တည့် တက်ကြိတ်ပစ်ခဲ့ပါတယ် ။ ထို့နောက် အနီးအနားပတ်ဝန်းကျင်မှ မျက်မြင်တွေပြောပြချက်အရ ခွေးလေးရဲ့ငိုကြွေးသံမှာ ကျယ်လောင်လွန်းလှတဲ့အတွက် အနီးအနားရှိနေတဲ့ အခြားခွေးလေးတွေက သူတို့ရဲ့အဖော်ကို ကူညီဖို့အပြေးလေးရောက်လာခဲ့ကြကြောင်း ပြောပြခဲ့ပါတယ် ။

သို့ပေမဲ့လည်း အချို့သောသူများကတော့ ကားဆရာမှာ တမင်တကာ ရည်ရွယ်တာမျိုးမဟုတ်ကြောင်း နှင့် ဘာလို့လည်းဆိုတော့ တမင်တကာရည်ရွယ်ပြီးလုပ်ခဲ့ရင် ကားနဲ့ကြိတ်မိပြီးနောက် ကားပေါ်ကနေ ဆင်းကြည့်မိမှာမဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ သို့ပေမဲ့လည်း အချို့သောသူတွေမှာတော့ မြင်နေလျက်သားနှင့် ဖုန်းပြောနေခဲ့လို့ ဒါမှမဟုတ် တစ်ခုခုလုပ်နေခဲ့လို့ အရှိန်လျော့ဖို့ဘရိတ်မနင်းခဲ့မိလို့ဖြစ်ကြောင်း မျိုးစုံသုံးသပ်ဝေဖန်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ေခြးေလးကို တမင္သက္သက္ကားနဲ႔တက္ႀကိတ္ပစ္ခဲ့တဲ့ ကားဆရာရဲ႕ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*