သူငယ္ခ်င္းလိုေနတဲ့ပ်ားတစ္ေကာင္နဲ႔ မယုံႏိုင္ေလာက္ေအာင္ သံေယာဇဥ္တြယ္သြားခဲ့တဲ့ အမ်ိဳးသမီးတစ္ဦး

ၿပီးခဲ့တဲ့ႏွစ္က Fiona Presly အမည္ရွိအမ်ိဳးသမီးဟာ သူမမၾကာခင္မွာဘဲ ေမ့သြားမွာမဟုတ္တဲ့ ခင္မင္ရင္းႏွီးမႈတစ္ခုကိုတည္ေဆာက္ခဲ့ပါတယ္။ Presly ဟာ ေႏြဦး ရာသီအေစာပိုင္းေလာက္က စေကာ့တလန္ရွိသူမရဲ႕ေနအိမ္အျပင္ဘက္ရွိ ဥယ်ာဥ္ၿခံစိုက္ေနစဥ္အတြင္းမွာ သူမဟာ ေအးခဲၿပီးမ်က္စိလည္လမ္းေပ်ာက္ေနပုံရေပမဲ့ သူမရဲ႕ေျခေထာက္နားမွာဝဲေနတဲ့ပ်ားစပ်စ္သီးတစ္ေကာင္ကို သတိထားမိခဲ့ပါတယ္။၎အင္းဆက္ပိုးမႊားေလးက သူမဆီသို႔ ခ်ဥ္းကပ္လာမွာကို စိုးရိမ္တာေၾကာင့္ သူမဟာ အဆိုပါပ်ားကို ပန္းတစ္ပြင့္ေပၚမွာ တင္ေပးလိုက္ပါတယ္။သူမက အေတာင္က်ိဳးေနတဲ့အဆိုပါပ်ားကို ဒဏ္ရာရေနမွန္းမသိခဲ့ပါဘူး။

ေနာက္ေန႔မွာ ပ်ားက အေဝးမပ်ံသြားဘဲ ပန္းေပၚမွာဘဲ ရွိေနတာကို သူမသတိထားမိလိုက္ေတာ့ ဘယ္လိုကုသေပးရမွန္းမသိတာနဲ႔ ပ်ားရည္အခ်ိဳ႕ကို ယူၿပီး ပန္းပြင့္ေပၚတင္ေပးခဲ့ပါတယ္။သို႔ေပမဲ့ နာရီအနည္းငယ္ၾကာမွာ ထိုေနရာကို စစ္ေဆးၾကည့္ေတာ့ ပ်ားကမလႈပ္ဘဲ ရွိေနခဲ့ပါတယ္။ထို႔ေနာက္ Presly ဟာ ဘယ္လိုလုပ္ရမွန္းမသိေတာ့တာနဲ႔ Bumblebee Conservation Trust အားအကူအညီလွမ္းေတာင္းခဲ့ၿပီး အဆိုပါပ်ားကို စစ္ေဆးၾကည့္ေတာ့ က်န္းမာေရးက ေကာင္းမြန္ေနခဲ့ေပမဲ့ ၎ရဲ႕အေတာင္ေတြက ပါးလႊာၿပီး က်ိဳးပဲ့ေနတာေၾကာင့္ သူမဟာ မရရတဲ့အႀကံနဲ႔ အေတာင္အတုလုပ္ေပးဖို႔ ဆုံးျဖတ္ခဲ့ရပါတယ္။

ယခုအခ်ိန္မွာ တရားဝင္အျဖစ္ Bee လို႔ေခၚတဲ့ အဆိုပါပ်ားဟာ Presly ရဲ႕အိမ္ေမြးတိရိစာၦန္ေလးလို ျဖစ္လာခဲ့ပါၿပီ။သူမဟာ Bee အတြက္ အိမ္ကေလး ၊ ပန္းေတြနဲ႔ျပည့္ေနတဲ့ ေလွာင္အိမ္တစ္ခုကို လုပ္ေပးခဲ့ပါတယ္။ထို႔အျပင္ Presly ဟာ Bee ကို ေန႔စဥ္ပုံမွန္စစ္ေဆးေပးသလို အကယ္လို႔ ၎က ပင္ပန္းႏြမ္းနယ္ေနပုံရေနရင္ေတာ့ ၎အတြက္ ေသးငယ္တဲ့သၾကားရည္ခြက္ကို ယူေဆာင္လာေပးၿပီး ရာသီဥတု ေအးလာရင္လည္း အိမ္တြင္းသို႔ သယ္ေဆာင္သြားေပးေလ့ရွိပါေသးတယ္။ထို႔ေနာက္ Presly ဟာ Bee နဲ႔သူမတို႔အၾကားက ခင္မင္ရင္းႏွီးမႈေတြကို သတိထားမိလာၿပီး Bee ကို အၿမဲတေစ ေစာင့္ၾကည့္ေနခဲ့ပါတယ္။

1

2

3

4

5

Mia (Mckzone Daily)

Source : thedodo

Unicode

ပြီးခဲ့တဲ့နှစ်က Fiona Presly အမည်ရှိအမျိုးသမီးဟာ သူမမကြာခင်မှာဘဲ မေ့သွားမှာမဟုတ်တဲ့ ခင်မင်ရင်းနှီးမှုတစ်ခုကိုတည်ဆောက်ခဲ့ပါတယ်။ Presly ဟာ နွေဦး ရာသီအစောပိုင်းလောက်က စကော့တလန်ရှိသူမရဲ့နေအိမ်အပြင်ဘက်ရှိ ဥယျာဉ်ခြံစိုက်နေစဉ်အတွင်းမှာ သူမဟာ အေးခဲပြီးမျက်စိလည်လမ်းပျောက်နေပုံရပေမဲ့ သူမရဲ့ခြေထောက်နားမှာဝဲနေတဲ့ပျားစပျစ်သီးတစ်ကောင်ကို သတိထားမိခဲ့ပါတယ်။

နောက်နေ့မှာ ပျားက အဝေးမပျံသွားဘဲ ပန်းပေါ်မှာဘဲ ရှိနေတာကို သူမသတိထားမိလိုက်တော့ ဘယ်လိုကုသပေးရမှန်းမသိတာနဲ့ ပျားရည်အချို့ကို ယူပြီး ပန်းပွင့်ပေါ်တင်ပေးခဲ့ပါတယ်။သို့ပေမဲ့ နာရီအနည်းငယ်ကြာမှာ ထိုနေရာကို စစ်ဆေးကြည့်တော့ ပျားကမလှုပ်ဘဲ ရှိနေခဲ့ပါတယ်။ထို့နောက် Presly ဟာ ဘယ်လိုလုပ်ရမှန်းမသိတော့တာနဲ့ Bumblebee Conservation Trust အားအကူအညီလှမ်းတောင်းခဲ့ပြီး အဆိုပါပျားကို စစ်ဆေးကြည့်တော့ ကျန်းမာရေးက ကောင်းမွန်နေခဲ့ပေမဲ့ ၎င်းရဲ့အတောင်တွေက ပါးလွှာပြီး ကျိုးပဲ့နေတာကြောင့် သူမဟာ မရရတဲ့အကြံနဲ့ အတောင်အတုလုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။

ယခုအချိန်မှာ တရားဝင်အဖြစ် Bee လို့ခေါ်တဲ့ အဆိုပါပျားဟာ Presly ရဲ့အိမ်မွေးတိရိစ္ဆာန်လေးလို ဖြစ်လာခဲ့ပါပြီ။သူမဟာ Bee အတွက် အိမ်ကလေး ၊ ပန်းတွေနဲ့ပြည့်နေတဲ့ လှောင်အိမ်တစ်ခုကို လုပ်ပေးခဲ့ပါတယ်။ထို့အပြင် Presly ဟာ Bee ကို နေ့စဉ်ပုံမှန်စစ်ဆေးပေးသလို အကယ်လို့ ၎င်းက ပင်ပန်းနွမ်းနယ်နေပုံရနေရင်တော့ ၎င်းအတွက် သေးငယ်တဲ့သကြားရည်ခွက်ကို ယူဆောင်လာပေးပြီး ရာသီဥတု အေးလာရင်လည်း အိမ်တွင်းသို့ သယ်ဆောင်သွားပေးလေ့ရှိပါသေးတယ်။

Mia (Mckzone Daily)

  • Leave a Comment