ေထာင္ႏွင့္ခ်ီတဲ့ေရာင္စုံ LED မ်ားျဖင့္ လယ္ကြင္းကို အိပ္မက္ဆန္တဲ့ညအလွျမင္ကြင္းအျဖစ္သို႔ ေျပာင္းလဲျပခဲ့တဲ့ အမ်ိဳးသား(႐ုပ္သံ)

Daan Roosegaarde အမည္ရွိ Dutch အႏုပညာရွင္တစ္ဦးဟာ ေနာက္ဆုံးေပၚ project တစ္ခုျဖစ္တဲ့ အပင္မ်ားႀကီးထြားေနတဲ့ ၂ ဟက္တာ က်ယ္ဝန္းတဲ့ဥယ်ာဥ္ၿခံထဲမွာ လက္ေတြ႕က်တဲ့ရည္႐ြယ္ခ်က္မ်ားအတြက္ လွပတဲ့အျပာေရာင္ ၊ အနီေရာင္ႏွင့္ခရမ္းေရာင္ LED မီးလုံးမ်ားတပ္ဆင္ထားတဲ့ အိပ္မက္ဆန္ဆန္ျမင္ကြင္းကို ဒီႏွစ္ရဲ႕ဒီလိုအခ်ိန္မွာ Netherlands ႏိုင္ငံအလယ္ပိုင္းရွိ လွပတဲ့ Lelystad ၿမိဳ႕ရဲ႕ညအခ်ိန္မွာ ကားေမာင္းေနတဲ့လူမ်ားက ေတြ႕ျမင္ၾကရမွာပါ။Roosegaarde ရဲ႕ေတြးေခၚမႈႏွင့္အတူ ထူးျခားတဲ့အႏုပညာတပ္ဆင္မႈက လယ္သမားမ်ားကို ဂုဏ္ျပဳသကဲ့သို႔ အျပင္ဘက္လယ္ယာစိုက္ပ်ိဳးျခင္းမွာ အလင္းတုႏွင့္စမ္းသပ္ရန္ လႈံ႕ေဆာ္မႈတစ္ခုျဖစ္ခဲ့ပါတယ္။

Roosegaarde ဟာ GROW စကားလုံးကို သက္ရွိယဥ္ေက်းမႈဆိုင္ရာအႏုပညာလက္ရာမ်ားအျဖစ္ စိုက္ပ်ိဳးေရးယဥ္ေက်းမႈဟူေသာေဝါဟာရအသစ္အား အဓိပၸါယ္ဖြင့္ဆိုျခင္းအားျဖင့္ ဒီခက္ခဲတဲ့ကာလမ်ားမွာ လူတို႔အား GROW လို ေမွ်ာ္လင့္ေစတဲ့အလင္းမ်ားေပးခဲ့ပါတယ္။အထူးသျဖင့္ ေနေရာင္ျခည္တိုက္႐ိုက္မရတဲ့ေနရာမ်ားမွာ ညအခ်ိန္ခရမ္းလြန္ေရာင္ျခည္ကိုဖန္လုံအိမ္စိုက္ပ်ိဳးေရးမွာအသုံးျပဳခဲ့ၿပီးျဖစ္ေပမဲ့လည္း ျပင္ပလယ္ယာလုပ္ငန္းအတြက္ အသုံးျပဳမႈမွာေတာ့ အကန႔္အသတ္ရွိပါတယ္။ခရမ္းလြန္ေရာင္ျခည္က အပင္မ်ားကိုပိုမိုႀကီးထြားေစရန္ကူညီေပးတယ္လို႔ လူသိမ်ားေပမဲ့လည္း Roosegaarde ကမူ သီအိုရီတစ္ခုကိုစမ္းသပ္ေနျခင္းက အခ်ိဳ႕လယ္ယာေျမမ်ားရဲ႕ ပိုးသတ္ေဆးမ်ားလိုအပ္မႈကို ၅၀ ရာခိုင္ႏႈန္းအထိ ေလ်ာ့ခ်ေပးႏိုင္ပါတယ္။

“ဒီေတာ့ ကြၽန္ေတာ္တို႔က ဒီလႈိင္းအလ်ားနဲ႔အပင္ေတြကို scan လုပ္ၿပီးၾကည့္လိုက္တဲ့အခါ ႐ုတ္တရက္ အလင္းတန္းမ်ား စတင္ေပၚထြက္လာမယ္” လို႔ Roosegaarde က Reuters သတင္းဌာနသို႔ ေျပာၾကားခဲ့ပါတယ္။“ ဒီေတာ့ သိပၸံပညာ ၊ အႏုပညာနဲ႔ ဒီဇိုင္း ဖန္တီးရွင္ေလာကသားေတြက တစ္ဦးနဲ႔တစ္ဦး ပိုေကာင္းတဲ့ အေတြးအေခၚေတြကို အျပန္အလွန္ဖလွယ္ႏိုင္ေအာင္ ဒီေနရာကို လာၾကည့္ၾကေတာ့တာပဲ ”လို႔ ထပ္မံေျပာၾကားခဲ့ပါတယ္။ေနေရာင္ျခည္စြမ္းအင္သုံး LED မ်ားက ခရမ္းလြန္ေရာင္ျခည္အလင္းကို ၾကက္သြန္ၿမိတ္ အပင္မ်ားသို႔ ျပန႔္ပြါးေစတဲ့အျပင္ ေနဝင္သြားခ်ိန္မွာ သဘာဝေနေရာင္ရဲ႕ အက်ိဳးသက္ေရာက္မႈကို ပိုမိုတိုးပြါးေစပါတယ္။

1

Mia (Mckzone Daily)

Source : odditycentral

Unicode

Daan Roosegaarde အမည်ရှိ Dutch အနုပညာရှင်တစ်ဦးဟာ နောက်ဆုံးပေါ် project တစ်ခုဖြစ်တဲ့ အပင်များကြီးထွားနေတဲ့ ၂ ဟက်တာ ကျယ်ဝန်းတဲ့ဥယျာဉ်ခြံထဲမှာ လက်တွေ့ကျတဲ့ရည်ရွယ်ချက်များအတွက် လှပတဲ့အပြာရောင် ၊ အနီရောင်နှင့်ခရမ်းရောင် LED မီးလုံးများတပ်ဆင်ထားတဲ့ အိပ်မက်ဆန်ဆန်မြင်ကွင်းကို ဒီနှစ်ရဲ့ဒီလိုအချိန်မှာ Netherlands နိုင်ငံအလယ်ပိုင်းရှိ လှပတဲ့ Lelystad မြို့ရဲ့ညအချိန်မှာ ကားမောင်းနေတဲ့လူများက တွေ့မြင်ကြရမှာပါ။Roosegaarde ရဲ့တွေးခေါ်မှုနှင့်အတူ ထူးခြားတဲ့အနုပညာတပ်ဆင်မှုက လယ်သမားများကို ဂုဏ်ပြုသကဲ့သို့ အပြင်ဘက်လယ်ယာစိုက်ပျိုးခြင်းမှာ အလင်းတုနှင့်စမ်းသပ်ရန် လှုံ့ဆော်မှုတစ်ခုဖြစ်ခဲ့ပါတယ်။

Roosegaarde ဟာ GROW စကားလုံးကို သက်ရှိယဉ်ကျေးမှုဆိုင်ရာအနုပညာလက်ရာများအဖြစ် စိုက်ပျိုးရေးယဉ်ကျေးမှုဟူသောဝေါဟာရအသစ်အား အဓိပ္ပါယ်ဖွင့်ဆိုခြင်းအားဖြင့် ဒီခက်ခဲတဲ့ကာလများမှာ လူတို့အား GROW လို မျှော်လင့်စေတဲ့အလင်းများပေးခဲ့ပါတယ်။အထူးသဖြင့် နေရောင်ခြည်တိုက်ရိုက်မရတဲ့နေရာများမှာ ညအချိန်ခရမ်းလွန်ရောင်ခြည်ကိုဖန်လုံအိမ်စိုက်ပျိုးရေးမှာအသုံးပြုခဲ့ပြီးဖြစ်ပေမဲ့လည်း ပြင်ပလယ်ယာလုပ်ငန်းအတွက် အသုံးပြုမှုမှာတော့ အကန့်အသတ်ရှိပါတယ်။ခရမ်းလွန်ရောင်ခြည်က အပင်များကိုပိုမိုကြီးထွားစေရန်ကူညီပေးတယ်လို့ လူသိများပေမဲ့လည်း Roosegaarde ကမူ သီအိုရီတစ်ခုကိုစမ်းသပ်နေခြင်းက အချို့လယ်ယာမြေများရဲ့ ပိုးသတ်ဆေးများလိုအပ်မှုကို ၅၀ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်ပါတယ်။

“ဒီတော့ ကျွန်တော်တို့က ဒီလှိုင်းအလျားနဲ့အပင်တွေကို scan လုပ်ပြီးကြည့်လိုက်တဲ့အခါ ရုတ်တရက် အလင်းတန်းများ စတင်ပေါ်ထွက်လာမယ်” လို့ Roosegaarde က Reuters သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။“ ဒီတော့ သိပ္ပံပညာ ၊ အနုပညာနဲ့ ဒီဇိုင်း ဖန်တီးရှင်လောကသားတွေက တစ်ဦးနဲ့တစ်ဦး ပိုကောင်းတဲ့ အတွေးအခေါ်တွေကို အပြန်အလှန်ဖလှယ်နိုင်အောင် ဒီနေရာကို လာကြည့်ကြတော့တာပဲ ”လို့ ထပ်မံပြောကြားခဲ့ပါတယ်။နေရောင်ခြည်စွမ်းအင်သုံး LED များက ခရမ်းလွန်ရောင်ခြည်အလင်းကို ကြက်သွန်မြိတ် အပင်များသို့ ပြန့်ပွါးစေတဲ့အပြင် နေဝင်သွားချိန်မှာ သဘာဝနေရောင်ရဲ့ အကျိုးသက်ရောက်မှုကို ပိုမိုတိုးပွါးစေပါတယ်။

Mia (Mckzone Daily)

  • Leave a Comment