ေရွးေခတ္ေက်ာက္တုံးႀကီးကို ေခတ္မီလွပတဲ့ေနအိမ္အျဖစ္ ေျပာင္းလဲတည္ေဆာက္ျပခဲ့တဲ့ ဗိသုကာအႏုပညာရွင္

Amey Kandalgaonkar အမည္ရွိ ဗိသုကာဒီဇိုင္းပညာရွင္က အခုလိုဆန္းသစ္တဲ့ဗိသုကာလက္ရာပုံစံျဖစ္တဲ့ အိမ္တစ္လုံးကို Saudi Arabia ရွိ Mada’in Saleh ေက်ာက္တုံးမွာ မႈတ္သြင္းဖန္တီးထားပါတယ္။Kandalgaonkar ဟာ Mada’in Saleh ႀကီးမားက်ယ္ျပန႔္တဲ့ေက်ာက္တုံးရဲ႕အတြင္းပိုင္းကို ေခတ္မီတဲ့ေနအိမ္ဗိသုကာဒီဇိုင္းျဖင့္ တည္ေဆာက္ခဲ့ပါတယ္။ Kandalgaonkar က ၎ေနရာကို ေဝဟင္မွျမင္ေတြ႕ရတဲ့အခါ တ႐ုတ္ပေဟဠိဆန္ဆန္ေသတၱာတစ္ခုႏွင့္တူတယ္လို႔ ဆိုပါတယ္။

Kandalgoankar ဟာ 3D Concept ကိုဖန္တီးရာမွာ ကြၽမ္းက်င္သူတစ္ဦးျဖစ္ၿပီး ၎ေနအိမ္ကိုမေဆာက္ခင္ ေက်ာက္တုံးရဲ႕ပုံပန္းသ႑န္ကို ေျပာင္းလဲပုံေဖာ္လုပ္ေဆာင္ရန္ အခ်ိန္မ်ားစြာ ကုန္လြန္ခဲ့ရပါတယ္။၎ေက်ာက္တုံးအိမ္ရဲ႕အတြင္းပိုင္းကိုလည္း အံ့ဩဖြယ္ရာမ်ားႏွင့္ ျပည့္ႏွက္ေနတဲ့သဘာ၀က်တဲ့ပစၥည္းမ်ားစြာျဖင့္ အသုံးျပဳထားပါတယ္။

ၾကမ္းတမ္းတဲ့ေက်ာက္တုံးႀကီးရဲ႕ မ်က္ႏွာျပင္ကို အလြန္ေခ်ာေမြ႕တဲ့ ကြန္ကရစ္ႏွင့္ေပါင္းစပ္ထားျခင္းအားျဖင့္ Kandalgoankar ရဲ႕ ရႈပ္ေထြးတဲ့ေဆာက္လုပ္ေရးရဲ႕အျမင္အာ႐ုံဆန႔္က်င္မႈကို ျမင္ေတြ႕ရပါတယ္။ဤကဲ့သို႔ေသာအရာက ကြၽန္ေတာ္တို႔ေနထိုင္တဲ့ကမာၻေပၚမွာ အစစ္အမွန္ျဖစ္ပ်က္လာမယ္ဆိုတာကို စိတ္ကူးၾကည့္ဖို႔ခဲယဥ္းေပမဲ့လည္း ဒီလိုမယုံႏိုင္ေလာက္ေအာင္ ေျပာင္ေျမာက္တဲ့ဗီသုကာတီထြင္ဖန္တီးမႈက ဗိသုကာေနာက္ကြယ္ရွိ အႏုပညာဖန္တီးရွင္ကို သတိရေစပါတယ္။

Mia (Mckzone Daily)

Source : mymodernmet

Unicode

Amey Kandalgaonkar အမည်ရှိ ဗိသုကာဒီဇိုင်းပညာရှင်က အခုလိုဆန်းသစ်တဲ့ဗိသုကာလက်ရာပုံစံဖြစ်တဲ့ အိမ်တစ်လုံးကို Saudi Arabia ရှိ Mada’in Saleh ကျောက်တုံးမှာ မှုတ်သွင်းဖန်တီးထားပါတယ်။Kandalgaonkar ဟာ Mada’in Saleh ကြီးမားကျယ်ပြန့်တဲ့ကျောက်တုံးရဲ့အတွင်းပိုင်းကို ခေတ်မီတဲ့နေအိမ်ဗိသုကာဒီဇိုင်းဖြင့် တည်ဆောက်ခဲ့ပါတယ်။ Kandalgaonkar က ၎င်းနေရာကို ဝေဟင်မှမြင်တွေ့ရတဲ့အခါ တရုတ်ပဟေဠိဆန်ဆန်သေတ္တာတစ်ခုနှင့်တူတယ်လို့ ဆိုပါတယ်။

Kandalgoankar ဟာ 3D Concept ကိုဖန်တီးရာမှာ ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ၎င်းနေအိမ်ကိုမဆောက်ခင် ကျောက်တုံးရဲ့ပုံပန်းသဏ္ဍန်ကို ပြောင်းလဲပုံဖော်လုပ်ဆောင်ရန် အချိန်များစွာ ကုန်လွန်ခဲ့ရပါတယ်။၎င်းကျောက်တုံးအိမ်ရဲ့အတွင်းပိုင်းကိုလည်း အံ့ဩဖွယ်ရာများနှင့် ပြည့်နှက်နေတဲ့သဘာ၀ကျတဲ့ပစ္စည်းများစွာဖြင့် အသုံးပြုထားပါတယ်။

ကြမ်းတမ်းတဲ့ကျောက်တုံးကြီးရဲ့ မျက်နှာပြင်ကို အလွန်ချောမွေ့တဲ့ ကွန်ကရစ်နှင့်ပေါင်းစပ်ထားခြင်းအားဖြင့် Kandalgoankar ရဲ့ ရှုပ်ထွေးတဲ့ဆောက်လုပ်ရေးရဲ့အမြင်အာရုံဆန့်ကျင်မှုကို မြင်တွေ့ရပါတယ်။ဤကဲ့သို့သောအရာက ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာပေါ်မှာ အစစ်အမှန်ဖြစ်ပျက်လာမယ်ဆိုတာကို စိတ်ကူးကြည့်ဖို့ခဲယဉ်းပေမဲ့လည်း ဒီလိုမယုံနိုင်လောက်အောင် ပြောင်မြောက်တဲ့ဗီသုကာတီထွင်ဖန်တီးမှုက ဗိသုကာနောက်ကွယ်ရှိ အနုပညာဖန်တီးရှင်ကို သတိရစေပါတယ်။

Mia (Mckzone Daily)

  • Leave a Comment