အဖေရဲ့ဓာတ်ပုံတွေကို နာမည်ကြီးရုပ်ရှင်နဲ့သမိုင်းဝင်ပုံရိပ်များထဲသို့ ထည့်ပြီး ရယ်စရာကောင်းအောင် စနောက်ခဲ့တဲ့ အမျိုးသား


1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

18

19

20

21

22

23

24

Mia (Mckzone Daily)

Source : elitereaders

Unicode

Matt Bonito အမည်ရှိအမျိုးသားဟာ ဖခင်ဖြစ်တဲ့ Dom Bonito ရဲ့ဓာတ်ပုံများကို ရယ်စရာကောင်းသွားအောင် လူကြိုက်များတဲ့ရုပ်ရှင်နှင့်သမိုင်းဝင်အချိန်များသို့ ထည့်သွင်းတည်းဖြတ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။ရလဒ်အနေနဲ့ Dom Bonito က ယခုလက်ရှိ online မှာ လူအများဆီကနေ ချစ်ခြင်းမေတ္တာများစွာရလာခဲ့ပါတယ်။သူ့သားရဲ့ ဗရုတ်ကျခြင်းကို ကျေးဇူးတင်ရမလိုပါဘဲ။ Matt Bonito ဟာ လွန်ခဲ့တဲ့ ၆ နှစ် ၊ ၇ နှစ်လောက်က အိမ်ပတ်ပတ်လည်မှာ အမြဲအလုပ်ရှုပ်နေတတ်တဲ့ အဖေဖြစ်သူရဲ့ဓာတ်ပုံတွေကို စုဆောင်းကာ Facebook ပေါ်မှာ မျှဝေခဲ့ပါတယ်။အဖေဖြစ်သူဟာ ယခင်က ဒေသခံအထက်တန်းကျောင်းမှာ ဆရာဖြစ်ခဲ့ဖူးတာကြောင့် ယခုမှာတော့ သူနေတဲ့နေရာမှာ နာမည်ကြီးတစ်ယောက်လိုဖြစ်လာခဲ့ပြီး အဲဒီ ဓာတ်ပုံတွေက သူ့ရဲ့ကျောင်းသားဟောင်းတွေကြားမှာ အလွန် လူကြိုက်များသွားခဲ့ပါတယ်။အဲဒီနောက်မှာ Matt Bonito က သူ့ရဲ့ဖခင်ကို ကျော်ကြားတဲ့သမိုင်းဝင်ရုပ်ပုံများ ၊ ရုပ်ရှင်များနနဲ့ တီဗီအစီအစဉ်တွေထဲမှာ ထည့်သွင်းဖို့ အကြံအစည်ကို ရရှိသွားခဲ့ပါတယ်။Matt Bonito က သူ့အဖေဟာ action ဇာတ်လမ်းတွေထဲမှာ သူ့ရဲ့ဓာတ်ပုံများပါဝင်နေရတာကို ကြိုက်နှစ်သက်တယ်လို့ ဆိုပါတယ်။Software ရဲ့လမ်းကြောင်းကိုသိရင် တော့ Photoshop နဲ့ကစားရတာက အမြဲပျော်စရာကောင်းနေတတ်ပါတယ်။ဒီတော့ Matt Bonito ရဲ့ Photoshop စကေးတွေကို ဖော်ပြပေးခဲ့လိုက်ပါတယ်။

Mia (Mckzone Daily)

Be the first to comment on "အဖေရဲ့ဓာတ်ပုံတွေကို နာမည်ကြီးရုပ်ရှင်နဲ့သမိုင်းဝင်ပုံရိပ်များထဲသို့ ထည့်ပြီး ရယ်စရာကောင်းအောင် စနောက်ခဲ့တဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*