လမ္းမႀကီးေပၚမွာ ရန္ျဖစ္စကားမ်ားၾကရင္း ခ်စ္သူေကာင္ေလးေၾကာင့္ ပြဲခ်င္းၿပီးေသဆံုးခဲ့ရတဲ့ မိန္းကေလး(႐ုပ္သံ)

ဘယ္သူပဲျဖစ္ျဖစ္ ရန္ျဖစ္စကားမ်ားၾကတဲ့အခ်ိန္ေတြဆိုရင္ ရန္မူေနတဲ့စိတ္မ်ိဳးသာ႐ွိေနၿပီး ထင္ရာစိုင္းလုပ္ၾကေတာ့တာပါပဲ ။ ထို႔ေၾကာင့္ အထူးအေရးႀကီးတဲ့အရာကေတာ့ အႏၱရာယ္မ်ားလြန္းတဲ့ေနရာေတြမွာ ရန္ျဖစ္စကားမ်ားျခင္းကို အထူးေ႐ွာင္႐ွားသင့္ပါတယ္ ။ ဘာလို႔လည္းဆိုရင္ စိတ္ဆိုးေဒါသထြက္ခ်ိန္မွာ ထင္ရာဆိုင္းလုပ္ၾကရင္း ေနာက္ပိုင္းတစ္ခုခုျဖစ္ခါမွ ေနာင္တေတြနဲ႔ အဆံုးသတ္ၾကလို႔ပါပဲ ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံ ၊ Guangzhou ၿမိဳ႕မွာ႐ွိတဲ့ စံုတြဲတစ္တြဲဟာ လမ္းမႀကီးရဲ႕ လမ္းလယ္တည့္တည့္မွာ ရန္ျဖစ္စကားမ်ားၾကရင္း အ႐ွိန္နဲ႔ေမာင္းလာခဲ့တဲ့ကားတစ္စီးေၾကာင့္ ခ်စ္သူမိန္းကေလးမွာ ပြဲခ်င္းၿပီးေသဆံုးသြားခဲ့ရပါတယ္ ။

အဆိုပါစံုတြဲဟာ ႏွစ္ေယာက္လံုး ေက်ာင္းသား၊သူ မ်ားျဖစ္ၾကၿပီး video ထဲမွာေတာ့ အဆိုပါစံုတြဲဟာ လမ္းမရဲ႕အလယ္တည့္တည့္မွာ ရန္ျဖစ္စကားမ်ားၾကရင္း ခ်စ္သူေကာင္ေလးဟာ ကားတိုက္ခံၿပီးအဆံုးစီရင္ဖို႔ႀကိဳးစားေနဟန္ရၿပီး ေကာင္မေလးမွ အေနာက္ကေနလွန္းဆြဲရင္း ေကာင္ေလးမွအတင္း႐ုန္းကန္ေသာေၾကာင့္ တံေတာင္ျဖင့္ေကာင္မေလးကို တြန္းထုတ္မိရင္ ေကာင္မေလးမွာ နာက်င္လြန္းသြားပံုရၿပီး လမ္းမေပၚလဲက်သြားခဲ့ပါတယ္ ။ ထိုအခ်ိန္မွ ေကာင္ေလးဟာအေနာက္လွည့္ရင္း ေကာင္မေလးကိုအေျခအေနၾကည့္ၿပီးေနာက္ ထိုအခ်ိန္မွာပဲ အ႐ွိန္ႏွင့္ေမာင္းလာေသာကားမွာ ေကာင္မေလးကိုတည့္တည့္ဝင္တိုက္ၿပီး လြင့္စင္သြားခဲ့ကာ ၊ ေကာင္ေလးမွာလည္း အ႐ွိန္နဲ႔ပြတ္တိုက္သြားတဲ့ကားေၾကာင့္ လွန္ထြက္သြားခဲ့ပါေတာ့တယ္ ။

ေကာင္မေလးမွာေတာ့ အဆိုပါေနရာမွာတင္ ပြဲခ်င္းၿပီးေသဆံုးသြားခဲ့ရပါတယ္ ။ ခ်စ္သူေကာင္ေလးမွာေတာ့ အသက္အႏၱရာယ္ကိုေလာင္းေၾကးထပ္လြန္းတဲ့သူ၏လုပ္ရပ္ေၾကာင့္သာမက ယာဥ္အသြားအလာမ်ားကိုေႏွာင့္ယွက္ျခင္းစတဲ့ ျပစ္မႈေတြနဲ႔ဖမ္းဆီးခံခဲ့ရပါတယ္ ။ ယာဥ္ေမာင္း ကားဆရာမွာေတာ့ ေကာင္မေလးေသဆံုးမႈမွာ ဒုတိယတာဝန္႐ွိသူအျဖစ္ ယာဥ္ကိုေပါ့ဆစြာေမာင္းႏွင္ခဲ့မႈေၾကာင့္ တရားစြဲဆိုခံထားရေၾကာင္းသိ႐ွိရပါတယ္ ။ အဆိုပါ အျဖစ္အပ်က္တစ္ရပ္လံုးကို Guangzhouၿမိဳ႕ ရဲတပ္ဖြဲ႔ CCTV မွတ္တမ္းကိုပါ ခ်ျပခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဘယ်သူပဲဖြစ်ဖြစ် ရန်ဖြစ်စကားများကြတဲ့အချိန်တွေဆိုရင် ရန်မူနေတဲ့စိတ်မျိုးသာရှိနေပြီး ထင်ရာစိုင်းလုပ်ကြတော့တာပါပဲ ။ ထို့ကြောင့် အထူးအရေးကြီးတဲ့အရာကတော့ အန္တရာယ်များလွန်းတဲ့နေရာတွေမှာ ရန်ဖြစ်စကားများခြင်းကို အထူးရှောင်ရှားသင့်ပါတယ် ။ ဘာလို့လည်းဆိုရင် စိတ်ဆိုးဒေါသထွက်ချိန်မှာ ထင်ရာဆိုင်းလုပ်ကြရင်း နောက်ပိုင်းတစ်ခုခုဖြစ်ခါမှ နောင်တတွေနဲ့ အဆုံးသတ်ကြလို့ပါပဲ ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံ ၊ Guangzhou မြို့မှာရှိတဲ့ စုံတွဲတစ်တွဲဟာ လမ်းမကြီးရဲ့ လမ်းလယ်တည့်တည့်မှာ ရန်ဖြစ်စကားများကြရင်း အရှိန်နဲ့မောင်းလာခဲ့တဲ့ကားတစ်စီးကြောင့် ချစ်သူမိန်းကလေးမှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ရပါတယ် ။

အဆိုပါစုံတွဲဟာ နှစ်ယောက်လုံး ကျောင်းသား၊သူ များဖြစ်ကြပြီး video ထဲမှာတော့ အဆိုပါစုံတွဲဟာ လမ်းမရဲ့အလယ်တည့်တည့်မှာ ရန်ဖြစ်စကားများကြရင်း ချစ်သူကောင်လေးဟာ ကားတိုက်ခံပြီးအဆုံးစီရင်ဖို့ကြိုးစားနေဟန်ရပြီး ကောင်မလေးမှ အနောက်ကနေလှန်းဆွဲရင်း ကောင်လေးမှအတင်းရုန်းကန်သောကြောင့် တံတောင်ဖြင့်ကောင်မလေးကို တွန်းထုတ်မိရင် ကောင်မလေးမှာ နာကျင်လွန်းသွားပုံရပြီး လမ်းမပေါ်လဲကျသွားခဲ့ပါတယ် ။ ထိုအချိန်မှ ကောင်လေးဟာအနောက်လှည့်ရင်း ကောင်မလေးကိုအခြေအနေကြည့်ပြီးနောက် ထိုအချိန်မှာပဲ အရှိန်နှင့်မောင်းလာသောကားမှာ ကောင်မလေးကိုတည့်တည့်ဝင်တိုက်ပြီး လွင့်စင်သွားခဲ့ကာ ၊ ကောင်လေးမှာလည်း အရှိန်နဲ့ပွတ်တိုက်သွားတဲ့ကားကြောင့် လှန်ထွက်သွားခဲ့ပါတော့တယ် ။

ကောင်မလေးမှာတော့ အဆိုပါနေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားခဲ့ရပါတယ် ။ ချစ်သူကောင်လေးမှာတော့ အသက်အန္တရာယ်ကိုလောင်းကြေးထပ်လွန်းတဲ့သူ၏လုပ်ရပ်ကြောင့်သာမက ယာဉ်အသွားအလာများကိုနှောင့်ယှက်ခြင်းစတဲ့ ပြစ်မှုတွေနဲ့ဖမ်းဆီးခံခဲ့ရပါတယ် ။ ယာဉ်မောင်း ကားဆရာမှာတော့ ကောင်မလေးသေဆုံးမှုမှာ ဒုတိယတာဝန်ရှိသူအဖြစ် ယာဉ်ကိုပေါ့ဆစွာမောင်းနှင်ခဲ့မှုကြောင့် တရားစွဲဆိုခံထားရကြောင်းသိရှိရပါတယ် ။ အဆိုပါ အဖြစ်အပျက်တစ်ရပ်လုံးကို Guangzhouမြို့ ရဲတပ်ဖွဲ့ CCTV မှတ်တမ်းကိုပါ ချပြခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "လမ္းမႀကီးေပၚမွာ ရန္ျဖစ္စကားမ်ားၾကရင္း ခ်စ္သူေကာင္ေလးေၾကာင့္ ပြဲခ်င္းၿပီးေသဆံုးခဲ့ရတဲ့ မိန္းကေလး(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*