အိမ္ေမြးငါးတစ္ေကာင္က သားျဖစ္သူနဲဲ့ အိပ္ရာေပၚမွာ ခိုးေၾကာင္ခိုးဝွက္အိပ္ေနခဲ့ပုံကို မွ်ေဝခဲ့တဲ့ မိခင္တစ္ဦး

Malaysian ႏိုင္ငံရွိ Baiesyah အမည္ရွိအမ်ိဳးသမီးတစ္ဦးဟာ သူမသားငယ္ေလးရဲ႕ေဘးမွာအိပ္ေနတဲ့အိမ္ေမြးတိရိစာၦန္ေၾကာင္ရဲ႕ၾကည္ႏူးဖြယ္ေကာင္းတဲ့ဓာတ္ပုံကို သူမရဲ႕ Facebook မွာေဝမွ်ခဲ့သလို အိမ္ေမြးတိရိစာၦန္မဟုတ္ေပမဲ့လည္း သူမသားရဲ႕ေဘးမွာ အိပ္ေနတဲ့ငါးတစ္ေကာင္ရဲ႕ဓာတ္ပုံကိုပါ မွ်ေဝခဲ့ပါတယ္။အင္တာနက္အသုံးျပဳသူမ်ားစြာက ငါးက ေရထဲကေနဘယ္လိုထြက္ႏိုင္ခဲ့ေၾကာင္း ႏွင့္ မည္ကဲ့သို႔ျဖစ္ႏိုင္ေၾကာင္းေမးခြန္းထုတ္ခဲ့ၾကတဲ့အေပၚ Baiesyah က ၎ငါးမ်ားဟာ အျပင္မွာအခ်ိန္ၾကာျမင့္စြာ အသက္ရွင္ႏိုင္ေၾကာင္းႏွင့္ သူတို႔က ၎ငါးကို ကေလးႏွင့္အတူ အိပ္ရာေပၚသို႔ အိပ္ေစဖို႔ တမင္ဖမ္းၿပီးထားခဲ့တာမဟုတ္ေၾကာင္းကို အာမခံေျပာဆိုခဲ့ပါတယ္။Baiesyah ရွင္းျပခဲ့တဲ့ ငါးအမ်ိဳးအစားက snakehead murrel ငါးျဖစ္ၿပီး မေလးရွားႏိုင္ငံသားမ်ားက “ ikan haruan” လို႔လည္း လူသိမ်ားၾကပါတယ္။

ဒီငါးအမ်ိဳးအစားက ေရမရွိတဲ့ေနရာေတြမွာလည္း နာရီေပါင္းမ်ားစြာၾကာေအာင္ ရွင္သန္ႏိုင္ပါတယ္။Baiesyah က သူမသားအိပ္ရာရဲ႕ ၂ မီတာမွ ၃ မီတာအကြာအေဝးေလာက္မွာ ၎ငါးကိုေမြးျမဴထည့္တဲ့ငါးကန္ ရွိေၾကာင္း ႏွင့္ ငါးဟာ ငါးကန္မွခုန္ထြက္ၿပီး ဆိုဖာမွတဆင့္အိပ္ရာေပၚသို႔ခုန္သြားႏိုင္တာကို တားဆီးႏိုင္ျခင္းမရွိေၾကာင္းေျပာၾကားခဲ့ပါတယ္။မီးရထားလမ္းအနီးရွိ လမ္းရဲ႕ေဘးတစ္ဝိုက္မွာ ခုန္ေနတဲ့၎ငါးကို သူမေတြ႕ခဲ့ၿပီး အိမ္ေခၚလာခဲ့ေၾကာင္းကိုလည္း Baiesyah က ေျပာျပခဲ့ပါတယ္။Baiesyah က ဒီခိုးေၾကာင္ခိုးဝွက္နဲ႔ အိပ္ရာေပၚတက္အိပ္ေနတဲ့ငါးကို ေစာင့္ၾကည့္ေနလိမ့္မယ္လို႔ ကြၽန္ေတာ္တို႔ေမွ်ာ္လင့္မိပါတယ္။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

Malaysian နိုင်ငံရှိ Baiesyah အမည်ရှိအမျိုးသမီးတစ်ဦးဟာ သူမသားငယ်လေးရဲ့ဘေးမှာအိပ်နေတဲ့အိမ်မွေးတိရိစ္ဆာန်ကြောင်ရဲ့ကြည်နူးဖွယ်ကောင်းတဲ့ဓာတ်ပုံကို သူမရဲ့ Facebook မှာဝေမျှခဲ့သလို အိမ်မွေးတိရိစ္ဆာန်မဟုတ်ပေမဲ့လည်း သူမသားရဲ့ဘေးမှာ အိပ်နေတဲ့ငါးတစ်ကောင်ရဲ့ဓာတ်ပုံကိုပါ မျှဝေခဲ့ပါတယ်။အင်တာနက်အသုံးပြုသူများစွာက ငါးက ရေထဲကနေဘယ်လိုထွက်နိုင်ခဲ့ကြောင်း နှင့် မည်ကဲ့သို့ဖြစ်နိုင်ကြောင်းမေးခွန်းထုတ်ခဲ့ကြတဲ့အပေါ် Baiesyah က ၎င်းငါးများဟာ အပြင်မှာအချိန်ကြာမြင့်စွာ အသက်ရှင်နိုင်ကြောင်းနှင့် သူတို့က ၎င်းငါးကို ကလေးနှင့်အတူ အိပ်ရာပေါ်သို့ အိပ်စေဖို့ တမင်ဖမ်းပြီးထားခဲ့တာမဟုတ်ကြောင်းကို အာမခံပြောဆိုခဲ့ပါတယ်။Baiesyah ရှင်းပြခဲ့တဲ့ ငါးအမျိုးအစားက snakehead murrel ငါးဖြစ်ပြီး မလေးရှားနိုင်ငံသားများက “ ikan haruan” လို့လည်း လူသိများကြပါတယ်။

ဒီငါးအမျိုးအစားက ရေမရှိတဲ့နေရာတွေမှာလည်း နာရီပေါင်းများစွာကြာအောင် ရှင်သန်နိုင်ပါတယ်။Baiesyah က သူမသားအိပ်ရာရဲ့ ၂ မီတာမှ ၃ မီတာအကွာအဝေးလောက်မှာ ၎င်းငါးကိုမွေးမြူထည့်တဲ့ငါးကန် ရှိကြောင်း နှင့် ငါးဟာ ငါးကန်မှခုန်ထွက်ပြီး ဆိုဖာမှတဆင့်အိပ်ရာပေါ်သို့ခုန်သွားနိုင်တာကို တားဆီးနိုင်ခြင်းမရှိကြောင်းပြောကြားခဲ့ပါတယ်။မီးရထားလမ်းအနီးရှိ လမ်းရဲ့ဘေးတစ်ဝိုက်မှာ ခုန်နေတဲ့၎င်းငါးကို သူမတွေ့ခဲ့ပြီး အိမ်ခေါ်လာခဲ့ကြောင်းကိုလည်း Baiesyah က ပြောပြခဲ့ပါတယ်။Baiesyah က ဒီခိုးကြောင်ခိုးဝှက်နဲ့ အိပ်ရာပေါ်တက်အိပ်နေတဲ့ငါးကို စောင့်ကြည့်နေလိမ့်မယ်လို့ ကျွန်တော်တို့မျှော်လင့်မိပါတယ်။

Mia (Mckzone Daily)

  • Leave a Comment