ေရငုပ္သမားတစ္ဦးထံခ်ဥ္းကပ္ၿပီး အကူအညီေတာင္းခံေနခဲ့တဲ့ ဒဏ္ရာရလင္းပိုင္တစ္ေကာင္

လင္းပိုင္ႏွင့္နီးကပ္စြာေတြ႕ဆုံျခင္းထက္ အျခား ပိုၿပီးစိတ္လႈပ္ရွားစရာ မရွိပါဘူး။ႀကီးမားတဲ့ အဏၰဝါတိရိစာၦန္တစ္ေကာင္ႏွင့္မ်က္ႏွာခ်င္းဆိုင္ေတြ႕ႀကဳံခဲ့ျခင္းက သင့္ရဲ႕အသက္ရႈျခင္းကို ရပ္တန္႔သြားေစႏိုင္ပါတယ္။သို႔ေသာ္ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က ႐ိုက္ကူးခဲ့တဲ့ လူသိမ်ားခဲ့တဲ့ ဗီဒီယိုတစ္ခုက မၾကာေသးခင္က online ေပၚမွာ တစ္ဖန္ေပၚထြက္လာခဲ့ၿပီး ဗီဒီယိုထဲမွာ လူသားႏွင့္လင္းပိုင္ က အျပန္အလွန္သက္သက္မွ်သာ မဟုတ္ေၾကာင္း ျပသခဲ့ပါတယ္။လင္းပိုင္မ်ားကို ကမာၻေပၚမွာအထူးခြၽန္ဆုံးသတၱဝါမ်ားအျဖစ္ မွတ္ယူၾကပါတယ္။ဒါေၾကာင့္ လင္းပိုင္တစ္ေကာင္က လူတစ္ဦးအား အကူအညီေတာင္းခံတယ္ဆိုတာက ဘယ္သူကိုမဆိုတကယ္အံ့ဩထိတ္လန႔္သြားေစႏိုင္ပါတယ္။Bottlenose လင္းပိုင္တစ္ေကာင္ဟာ ေရငုပ္သမားတစ္ဦးထံခ်ဥ္းကပ္ကာ အကူအညီေတာင္းခံၿပီးေနာက္ ေရငုပ္သမားတစ္ဦးက အံ့ဩဖြယ္ေကာင္းတဲ့ လင္းပိုင္ကို ကယ္တင္ေပးေနတဲ့ဗီဒီယိုကို ေရငုပ္သမားတစ္စုက ႐ိုက္ကူးႏိုင္ခဲ့ပါတယ္။

သမုဒၵရာတြင္းနက္ရွိ လင္းပိုင္အ႐ိုင္းမ်ားက ေရငုပ္သမားမ်ားထံခ်ဥ္းကပ္ခဲ့ၿပီး သူတို႔အားတစ္နည္းနည္းျဖင့္ ေလ့က်င့္ေပးထားျခင္းမရွိတာေၾကာင့္ အမွန္တကယ္မွာ ေရငုပ္သမားမ်ားက အလြန္သတိထားေနၾကရမွာပါ။သို႔ေပမဲ့ ထိုလင္းပိုင္က ငါးမွ်ားခ်ိတ္ႏွင့္ခ်ိတ္မိထားတာေၾကာင့္ အကန႔္အသတ္ျဖင့္သာ ေ႐ႊ႕လ်ားႏိုင္ပါတယ္။ဒါေၾကာင့္ လင္းပိုင္က လူသားမ်ားထံမွအကူအညီေတာင္းခံပုံရပါတယ္။Keller အမည္ရွိအဆိုပါေရငုပ္သမားက လင္းပိုင္ရဲ႕ရင္အုပ္ေရယက္မွာ တင္းက်ပ္စြာ ပတ္မိေနတဲ့ပိုက္ကြန္ကို ေသခ်ာျဖည္ဖို႔ႀကိဳးစားေနခဲ့ပါတယ္။

ပိုအံ့ဩစရာေကာင္းတာက လင္းပိုင္ဟာ Keller နဲ႔ နီးနီးကပ္ကပ္ေနေပးၿပီး သူ႔ေရယက္ရွိငါးမွ်ားခ်ိတ္ကိုဖယ္ဖို႔ အခ်ိန္ေပးေနခဲ့ပါတယ္။ Keller က ႀကိဳးအမ်ားစုကို ျဖတ္ေတာက္ၿပီးတာႏွင့္ လင္းပိုင္ဟာ သမုဒၵရာတြင္းနက္ထဲသို႔ ျပန္ကူးသြားခဲ့ပါတယ္။“Bottlenose လင္းပိုင္က ငါ့ကို အႀကိမ္ေပါင္းမ်ားစြာ ခ်ဥ္းကပ္ခဲ့တယ္ ၊ သူတို႔က တကယ့္ကို ဉာဏ္ေကာင္းတဲ့တိရိစာၦန္ေတြပါ”လို႔ Keller ကဆိုပါတယ္။ဒီလင္းပိုင္က လူသားထံ ခ်ဥ္းကပ္ရန္ ကိုယ့္ကိုကိုယ္တြန္းအားေပးေနခဲ့ၿပီး အကူအညီေတာင္းခဲ့ပုံပါဘဲ။လင္းပိုင္ရဲ႕ဒဏ္ရာက လူသားမ်ားေၾကာင့္ျဖစ္တာေၾကာင့္ အခ်ိဳ႕လူမ်ားက ၎အမွားကိုျပဳျပင္ရန္ အခြင့္အေရးေပးခဲ့တာလို႔ ထင္မွတ္သြားၾကမယ္လို႔ ေမွ်ာ္လင့္ေနမိပါတယ္။

1

Mia (Mckzone Daily)

Source : elitereaders

Unicode

လင်းပိုင်နှင့်နီးကပ်စွာတွေ့ဆုံခြင်းထက် အခြား ပိုပြီးစိတ်လှုပ်ရှားစရာ မရှိပါဘူး။ကြီးမားတဲ့ အဏ္ဏဝါတိရိစ္ဆာန်တစ်ကောင်နှင့်မျက်နှာချင်းဆိုင်တွေ့ကြုံခဲ့ခြင်းက သင့်ရဲ့အသက်ရှုခြင်းကို ရပ်တန့်သွားစေနိုင်ပါတယ်။သို့သော် လွန်ခဲ့တဲ့နှစ်အနည်းငယ်က ရိုက်ကူးခဲ့တဲ့ လူသိများခဲ့တဲ့ ဗီဒီယိုတစ်ခုက မကြာသေးခင်က online ပေါ်မှာ တစ်ဖန်ပေါ်ထွက်လာခဲ့ပြီး ဗီဒီယိုထဲမှာ လူသားနှင့်လင်းပိုင် က အပြန်အလှန်သက်သက်မျှသာ မဟုတ်ကြောင်း ပြသခဲ့ပါတယ်။လင်းပိုင်များကို ကမ္ဘာပေါ်မှာအထူးချွန်ဆုံးသတ္တဝါများအဖြစ် မှတ်ယူကြပါတယ်။ဒါကြောင့် လင်းပိုင်တစ်ကောင်က လူတစ်ဦးအား အကူအညီတောင်းခံတယ်ဆိုတာက ဘယ်သူကိုမဆိုတကယ်အံ့ဩထိတ်လန့်သွားစေနိုင်ပါတယ်။Bottlenose လင်းပိုင်တစ်ကောင်ဟာ ရေငုပ်သမားတစ်ဦးထံချဉ်းကပ်ကာ အကူအညီတောင်းခံပြီးနောက် ရေငုပ်သမားတစ်ဦးက အံ့ဩဖွယ်ကောင်းတဲ့ လင်းပိုင်ကို ကယ်တင်ပေးနေတဲ့ဗီဒီယိုကို ရေငုပ်သမားတစ်စုက ရိုက်ကူးနိုင်ခဲ့ပါတယ်။

သမုဒ္ဒရာတွင်းနက်ရှိ လင်းပိုင်အရိုင်းများက ရေငုပ်သမားများထံချဉ်းကပ်ခဲ့ပြီး သူတို့အားတစ်နည်းနည်းဖြင့် လေ့ကျင့်ပေးထားခြင်းမရှိတာကြောင့် အမှန်တကယ်မှာ ရေငုပ်သမားများက အလွန်သတိထားနေကြရမှာပါ။သို့ပေမဲ့ ထိုလင်းပိုင်က ငါးမျှားချိတ်နှင့်ချိတ်မိထားတာကြောင့် အကန့်အသတ်ဖြင့်သာ ရွှေ့လျားနိုင်ပါတယ်။ဒါကြောင့် လင်းပိုင်က လူသားများထံမှအကူအညီတောင်းခံပုံရပါတယ်။Keller အမည်ရှိအဆိုပါရေငုပ်သမားက လင်းပိုင်ရဲ့ရင်အုပ်ရေယက်မှာ တင်းကျပ်စွာ ပတ်မိနေတဲ့ပိုက်ကွန်ကို သေချာဖြည်ဖို့ကြိုးစားနေခဲ့ပါတယ်။

ပိုအံ့ဩစရာကောင်းတာက လင်းပိုင်ဟာ Keller နဲ့ နီးနီးကပ်ကပ်နေပေးပြီး သူ့ရေယက်ရှိငါးမျှားချိတ်ကိုဖယ်ဖို့ အချိန်ပေးနေခဲ့ပါတယ်။ Keller က ကြိုးအများစုကို ဖြတ်တောက်ပြီးတာနှင့် လင်းပိုင်ဟာ သမုဒ္ဒရာတွင်းနက်ထဲသို့ ပြန်ကူးသွားခဲ့ပါတယ်။“Bottlenose လင်းပိုင်က ငါ့ကို အကြိမ်ပေါင်းများစွာ ချဉ်းကပ်ခဲ့တယ် ၊ သူတို့က တကယ့်ကို ဉာဏ်ကောင်းတဲ့တိရိစ္ဆာန်တွေပါ”လို့ Keller ကဆိုပါတယ်။ဒီလင်းပိုင်က လူသားထံ ချဉ်းကပ်ရန် ကိုယ့်ကိုကိုယ်တွန်းအားပေးနေခဲ့ပြီး အကူအညီတောင်းခဲ့ပုံပါဘဲ။လင်းပိုင်ရဲ့ဒဏ်ရာက လူသားများကြောင့်ဖြစ်တာကြောင့် အချို့လူများက ၎င်းအမှားကိုပြုပြင်ရန် အခွင့်အရေးပေးခဲ့တာလို့ ထင်မှတ်သွားကြမယ်လို့ မျှော်လင့်နေမိပါတယ်။

Mia (Mckzone Daily)

Be the first to comment on "ေရငုပ္သမားတစ္ဦးထံခ်ဥ္းကပ္ၿပီး အကူအညီေတာင္းခံေနခဲ့တဲ့ ဒဏ္ရာရလင္းပိုင္တစ္ေကာင္"

Leave a comment

Your email address will not be published.


*