ေအးခဲေနတဲ့ ႏွစ္ေပါင္း ၁၈,၀၀၀ အ႐ြယ္သက္တမ္းရွိ ေခြးတစ္ေကာင္ရဲ႕႐ုပ္အေလာင္းကို ရွာေဖြေတြ႕ရွိခဲ့ၾကတဲ့ သုေတသီမ်ား

မၾကာေသးခင္က ေခြးတစ္ေကာင္အား ေရခဲထဲမွ ေတြ႕ရွိခဲ့ၿပီး ၎ကို ‘ အသက္အႀကီးဆုံး ေခြး’ လို႔ ထင္မွတ္ထားၾကပါတယ္။သုေတသီမ်ားက ႏွစ္ေပါင္း ၁၈,၀၀၀ သက္တမ္းရွိၿပီျဖစ္တဲ့ ၎ေခြးကို Siberian ရဲ႕အၿမဲတမ္းေအးခဲေနတဲ့ေနရာမွာ ရွာေဖြေတြ႕ရွိခဲ့ၾကၿပီးေနာက္ ေခြးရဲ႕ဓာတ္ပုံေတြကို ျပန္လည္မွ်ေဝေပးခဲ့ပါတယ္။ရွာေဖြေတြ႕ရွိၿပီးေနာက္ သုေတသီမ်ားက ေခြးဟာ ေမြးျမဴထားတဲ့ေနရာမွလာပုံရျခင္းေၾကာင့္ ၎က ဝံပုေလြလား ၊ ေခြးလားဆိုတာကို အတည္ျပဳမရျဖစ္ေနၾကပါတယ္။သုေတသီမ်ားျဖစ္တဲ့ Dave Stanton ႏွင့္ Love Dalen တို႔က ၎ကို သမိုင္းမွာ ‘အသက္အႀကီးဆုံးလို႔ အတည္ျပဳႏိုင္တဲ့ေခြး’ ျဖစ္ႏိုင္ေၾကာင္းကို ယုံၾကည္ေနၾကပါတယ္။အေၾကာင္းက ဝံပုေလြမ်ားကို ဘယ္သူကမွ မေမြးျမဴလို႔ပါဘဲ။

သူတို႔က ၎ကို ‘ အံ့ဩေလာက္ေအာင္ ေကာင္းမြန္စြာထိန္းသိမ္းထားႏိုင္တဲ့သတၱဝါ Dogor လို႔ အမည္ေပးထားပါေသးတယ္။“ အဲ့တာကို ေခတ္သစ္ဝံပုေလြ ၊ Ice Age ထဲက Pleistocene ဝံပုေလြ သို႔မဟုတ္ ေခြး ဆိုတာကို ခြဲျခားလို႔ မရဘူးျဖစ္ေနတယ္ ၊ အဲ့လို ေျပာဖို႔ ခက္ခဲရတဲ့အေၾကာင္းအရင္းတစ္ခုက ဒီဟာက မတူညီကြဲျပားတဲ့အခ်ိန္မွာ တည္ရွိေနခဲ့တာေၾကာင့္ ျဖစ္တယ္ ၊ ဒါေၾကာင့္ ဒီဟာကအေစာပိုင္းေခတ္သစ္ဝံပုေလြ ဒါမွမဟုတ္အေစာပိုင္းေခြးတစ္ေကာင္ ဒါမွမဟုတ္ Pleistocene ဝံပုေလြတစ္ေကာင္ျဖစ္ႏိုင္တယ္ ” လို႔ Dalen က ေျပာၾကားခဲ့ပါတယ္။

သုေတသီမ်ားက ၎ဟာ ႏွစ္ေထာင္ေပါင္းမ်ားစြာၾကာခဲ့ၿပီျဖစ္ေပမဲ့လည္း ၎က ‘မၾကာေသးခင္ကမွေသဆုံးသြားတဲ့တိရိစာၦန္’ ႏွင့္တူေၾကာင္း ဆိုခဲ့ၾကပါတယ္။သူတို႔က ၎ကို အလြန္ေကာင္းမြန္စြာထိန္းသိမ္းထားႏိုင္ရတဲ့အေၾကာင္းအရင္းက ၎ဟာ အစဥ္အၿမဲတည္ရွိေနတဲ့ေရခဲတြင္းထဲသို႔တူးထားတဲ့ဥမင္လိုဏ္ဂူထဲ၌ ေတြ႕ရွိခဲ့ရျခင္းေၾကာင့္ျဖစ္တယ္လို႔လည္း ဆိုထားၾကပါတယ္။အံ့ဩစရာေကာင္းတဲ့၎အရာကို ဆိုက္ေဘးရီးယားအေရွ႕ဘက္မွာ ေတြ႕ရွိခဲ့ၾကၿပီး အႂကြင္းအက်န္မ်ားကိုေတာ့ ဆြီဒင္ႏိုင္ငံမွာ ဆက္လက္ေလ့လာသြားမည္ျဖစ္ပါတယ္။

1

Mia (Mckzone Daily)

Source : buzznicked

Unicode

မကြာသေးခင်က ခွေးတစ်ကောင်အား ရေခဲထဲမှ တွေ့ရှိခဲ့ပြီး ၎င်းကို ‘ အသက်အကြီးဆုံး ခွေး’ လို့ ထင်မှတ်ထားကြပါတယ်။သုတေသီများက နှစ်ပေါင်း ၁၈,၀၀၀ သက်တမ်းရှိပြီဖြစ်တဲ့ ၎င်းခွေးကို Siberian ရဲ့အမြဲတမ်းအေးခဲနေတဲ့နေရာမှာ ရှာဖွေတွေ့ရှိခဲ့ကြပြီးနောက် ခွေးရဲ့ဓာတ်ပုံတွေကို ပြန်လည်မျှဝေပေးခဲ့ပါတယ်။ရှာဖွေတွေ့ရှိပြီးနောက် သုတေသီများက ခွေးဟာ မွေးမြူထားတဲ့နေရာမှလာပုံရခြင်းကြောင့် ၎င်းက ဝံပုလွေလား ၊ ခွေးလားဆိုတာကို အတည်ပြုမရဖြစ်နေကြပါတယ်။သုတေသီများဖြစ်တဲ့ Dave Stanton နှင့် Love Dalen တို့က ၎င်းကို သမိုင်းမှာ ‘အသက်အကြီးဆုံးလို့ အတည်ပြုနိုင်တဲ့ခွေး’ ဖြစ်နိုင်ကြောင်းကို ယုံကြည်နေကြပါတယ်။

သူတို့က ၎င်းကို ‘ အံ့ဩလောက်အောင် ကောင်းမွန်စွာထိန်းသိမ်းထားနိုင်တဲ့သတ္တဝါ Dogor လို့ အမည်ပေးထားပါသေးတယ်။“ အဲ့တာကို ခေတ်သစ်ဝံပုလွေ ၊ Ice Age ထဲက Pleistocene ဝံပုလွေ သို့မဟုတ် ခွေး ဆိုတာကို ခွဲခြားလို့ မရဘူးဖြစ်နေတယ် ၊ အဲ့လို ပြောဖို့ ခက်ခဲရတဲ့အကြောင်းအရင်းတစ်ခုက ဒီဟာက မတူညီကွဲပြားတဲ့အချိန်မှာ တည်ရှိနေခဲ့တာကြောင့် ဖြစ်တယ် ၊ ဒါကြောင့် ဒီဟာကအစောပိုင်းခေတ်သစ်ဝံပုလွေ ဒါမှမဟုတ်အစောပိုင်းခွေးတစ်ကောင် ဒါမှမဟုတ် Pleistocene ဝံပုလွေတစ်ကောင်ဖြစ်နိုင်တယ် ” လို့ Dalen က ပြောကြားခဲ့ပါတယ်။

သုတေသီများက ၎င်းဟာ နှစ်ထောင်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပေမဲ့လည်း ၎င်းက ‘မကြာသေးခင်ကမှသေဆုံးသွားတဲ့တိရိစ္ဆာန်’ နှင့်တူကြောင်း ဆိုခဲ့ကြပါတယ်။သူတို့က ၎င်းကို အလွန်ကောင်းမွန်စွာထိန်းသိမ်းထားနိုင်ရတဲ့အကြောင်းအရင်းက ၎င်းဟာ အစဉ်အမြဲတည်ရှိနေတဲ့ရေခဲတွင်းထဲသို့တူးထားတဲ့ဥမင်လိုဏ်ဂူထဲ၌ တွေ့ရှိခဲ့ရခြင်းကြောင့်ဖြစ်တယ်လို့လည်း ဆိုထားကြပါတယ်။

Mia (Mckzone Daily)

Be the first to comment on "ေအးခဲေနတဲ့ ႏွစ္ေပါင္း ၁၈,၀၀၀ အ႐ြယ္သက္တမ္းရွိ ေခြးတစ္ေကာင္ရဲ႕႐ုပ္အေလာင္းကို ရွာေဖြေတြ႕ရွိခဲ့ၾကတဲ့ သုေတသီမ်ား"

Leave a comment

Your email address will not be published.


*