ဓာတ္ပံုထဲမွာလွဖို႔သာအာရံုစိုက္ေနၿပီး Selfie သာ႐ိုက္ေနခဲ့လို႔ အျမင့္ 2,000m ႐ွိတဲ့ေတာင္ထိပ္ကေနျပဳတ္က်ခဲ့အမ်ိဳးသမီး

ကိုယ့္ရဲ႕ေျခလွမ္းတိုင္းကို အျမဲဂ႐ုစိုက္သင့္တယ္လို႔ေျပာရမလားပါပဲ ။ တစ္ခ်ိဳ႕ေသာလူေတြက ေနရာအသစ္ ၊ ေဒသအသစ္ေတြေရာက္ၿပီဆိုရင္ selfie ႐ိုက္ခ်င္တယ္ ၿပီးရင္ social media ေပၚေတြမွာတင္ၿပီး လူအမ်ားအားက်တာကိုခံခ်င္ၾကတယ္စသျဖင့္ေပါ့ ။ အမွန္တကယ္ဆိုရင္ ကိုယ္မေရာက္ဖူးေသးတဲ့ေနရာေဒသျဖစ္ေနတဲ့အတြက္ ပိုၿပီးဂ႐ုတစိုက္႐ွိၿပီး အႏၱရာယ္ကင္းေအာင္ အရင္ဦးဆံုးေလ့လာရမွာျဖစ္ပါတယ္ ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံက တကၠသိုလ္ေက်ာင္းသူမေလးတစ္ေယာက္ဟာ Hua Shan Scenic area က ေတာင္ေပၚကေန Selfie ႐ိုက္ဖို႔ကိုသာအာရံုစိုက္ေနခဲ့ၿပီး ေက်ာက္ထရံအစြန္းဖက္မွာရပ္ေနခဲ့ရင္း မီတာ 2,000 အျမင့္ကေန ျပဳတ္က်ခဲ့လို႔ အသက္ေသဆံုးသြားခဲ့ရပါတယ္ ။

Deng အမည္႐ွိတဲ့အဆိုပါ ေက်ာင္းသူမေလးဟာ ၎ေနရာသို႔ေရာက္႐ွိကတည္းက ဓာတ္ပံုေတြအမ်ားႀကီး႐ိုက္ၿပီး Social Media ေပၚမွာတင္ခဲ့တဲ့အျပင္ သူမသူငယ္ခ်င္ေတြနဲ႔လည္း စကားေျပာဆိုရင္ ဓာတ္ပံုမ်ားပို႔ေပးခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ညေနခင္းပိုင္းေရာက္ေတာ့ သူမကိုေပးပို႔ထားတဲ့ စာေတြျပန္စာမလာခဲ့တဲ့အတြက္ သူမရဲ႕သူငယ္ခ်င္းေတြ အေတာ္ေလးစိုးရိမ္ခဲ့ၾကပါတယ္ ။ သူမရဲ႕မိသားစုဝင္ေတြေရာ ၊ ေက်ာင္းဖက္ကပါ အဆက္အသြယ္မရခဲ့တဲ့အတြက္ ေနာက္ဆံုး တာဝန္႐ွိသူမ်ားကို အေၾကာင္းၾကားၿပီး စံုစမ္းစစ္ေဆးေပးၾကဖို႔ေတာင္းဆိုခဲ့ရပါတယ္ ။

ထို႔ေနာက္ ေစာင့္ၾကပ္ၾကည့္႐ႈတဲ့႐ုပ္သံေတြကို စစ္ေဆးခဲ့ခ်ိန္မွာေတာ့ သူမမပါလာခဲ့တဲ့အတြက္ သူမဟာေက်ာက္ကမ္းပါးကေန ျပဳတ္က်သြားခဲ့တာျဖစ္ေၾကာင္း အတည္ျပဳခဲ့ၾကပါတယ္ ။ အျခား video ထဲမွာေတာ့ သူမႏွင့္အတူ အျခားခရီးသြား 5ဦး ႏွင့္အတူ ဝန္ထမ္း 2ဦးလည္းပါဝင္ခဲ့ပါတယ္ ။ သူမဟာ ေနာက္ခံ႐ႈခင္းေလးေတြ လွလွေလးရဖို႔အတြက္ ေက်ာက္ကမ္းပါးအစြန္းဖက္မွာ ရပ္ေနခဲ့တာပါ ။ ထို႔ေၾကာင့္ သူမဟာေနာက္တစ္လွမ္းဆုတ္လိုက္ရင္းနဲ႔ ေက်ာက္ကမ္းပါးေပၚကေနျပဳတ္က်သြားခဲ့တာျဖစ္ပါတယ္ ။

Deng ရဲ႕မိသားစုဝင္ေတြကေတာ့ ေတာင္ေပၚက အစြန္းေက်ာက္ကမ္းပါးနား တားထားတဲ့ လံုျခံဳေရးႀကိဳးတန္းေတြဟာ နိမ့္လြန္းၿပီး လူေတြရဲ႕ေျခေထာက္အရြယ္ခန္႔သာအျမင့္႐ွိလို႔ Deng ျပဳတ္က်ေသဆံုးသြားခဲ့ရတာျဖစ္ေၾကာင္း ႏွင့္ ထို႔ေၾကာင့္ Deng ေသဆံုးမႈအတြက္ တာဝန္ယူေပးဖို႔ အဆိုပါေနရာရဲ႕ပိုင္႐ွင္ကိုေျပာဆိုခဲ့ပါတယ္ ။ ပိုင္႐ွင္ျဖစ္သူမွာလည္း ႀကိဳးေၾကာင့္မဟုတ္ဘဲ Selfie ႐ိုက္ဖို႔ကိုသာ အာရံုမ်ားေနတဲ့ Deng ရဲ႕လုပ္ရပ္ေတြေၾကာင့္ ေသဆံုးသြားခဲ့ရတာျဖစ္တဲ့အတြက္ တာဝန္မယူႏိုင္ေၾကာင္း ႏွင့္ သို႔ေပမဲ့လည္း လူသားခ်င္းစာနာစိတ္ေၾကာင့္ ဝမ္းနည္ေၾကကြဲျဖစ္ေနၾကတဲ့မိသားစုဝင္ေတြကို 4,000 yuan ေထာက္ပံ့ေၾကးေပးသြားမည္ျဖစ္ေၾကာင္း ျပန္လည္ေျပာဆိုခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုယ့်ရဲ့ခြေလှမ်းတိုင်းကို အမြဲဂရုစိုက်သင့်တယ်လို့ပြောရမလားပါပဲ ။ တစ်ချို့သောလူတွေက နေရာအသစ် ၊ ဒေသအသစ်တွေရောက်ပြီဆိုရင် selfie ရိုက်ချင်တယ် ပြီးရင် social media ပေါ်တွေမှာတင်ပြီး လူအများအားကျတာကိုခံချင်ကြတယ်စသဖြင့်ပေါ့ ။ အမှန်တကယ်ဆိုရင် ကိုယ်မရောက်ဖူးသေးတဲ့နေရာဒေသဖြစ်နေတဲ့အတွက် ပိုပြီးဂရုတစိုက်ရှိပြီး အန္တရာယ်ကင်းအောင် အရင်ဦးဆုံးလေ့လာရမှာဖြစ်ပါတယ် ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံက တက္ကသိုလ်ကျောင်းသူမလေးတစ်ယောက်ဟာ Hua Shan Scenic area က တောင်ပေါ်ကနေ Selfie ရိုက်ဖို့ကိုသာအာရုံစိုက်နေခဲ့ပြီး ကျောက်ထရံအစွန်းဖက်မှာရပ်နေခဲ့ရင်း မီတာ 2,000 အမြင့်ကနေ ပြုတ်ကျခဲ့လို့ အသက်သေဆုံးသွားခဲ့ရပါတယ် ။

Deng အမည်ရှိတဲ့အဆိုပါ ကျောင်းသူမလေးဟာ ၎င်းနေရာသို့ရောက်ရှိကတည်းက ဓာတ်ပုံတွေအများကြီးရိုက်ပြီး Social Media ပေါ်မှာတင်ခဲ့တဲ့အပြင် သူမသူငယ်ချင်တွေနဲ့လည်း စကားပြောဆိုရင် ဓာတ်ပုံများပို့ပေးခဲ့ပါတယ် ။ သို့ပေမဲ့လည်း ညနေခင်းပိုင်းရောက်တော့ သူမကိုပေးပို့ထားတဲ့ စာတွေပြန်စာမလာခဲ့တဲ့အတွက် သူမရဲ့သူငယ်ချင်းတွေ အတော်လေးစိုးရိမ်ခဲ့ကြပါတယ် ။ သူမရဲ့မိသားစုဝင်တွေရော ၊ ကျောင်းဖက်ကပါ အဆက်အသွယ်မရခဲ့တဲ့အတွက် နောက်ဆုံး တာဝန်ရှိသူများကို အကြောင်းကြားပြီး စုံစမ်းစစ်ဆေးပေးကြဖို့တောင်းဆိုခဲ့ရပါတယ် ။

ထို့နောက် စောင့်ကြပ်ကြည့်ရှုတဲ့ရုပ်သံတွေကို စစ်ဆေးခဲ့ချိန်မှာတော့ သူမမပါလာခဲ့တဲ့အတွက် သူမဟာကျောက်ကမ်းပါးကနေ ပြုတ်ကျသွားခဲ့တာဖြစ်ကြောင်း အတည်ပြုခဲ့ကြပါတယ် ။ အခြား video ထဲမှာတော့ သူမနှင့်အတူ အခြားခရီးသွား 5ဦး နှင့်အတူ ဝန်ထမ်း 2ဦးလည်းပါဝင်ခဲ့ပါတယ် ။ သူမဟာ နောက်ခံရှုခင်းလေးတွေ လှလှလေးရဖို့အတွက် ကျောက်ကမ်းပါးအစွန်းဖက်မှာ ရပ်နေခဲ့တာပါ ။ ထို့ကြောင့် သူမဟာနောက်တစ်လှမ်းဆုတ်လိုက်ရင်းနဲ့ ကျောက်ကမ်းပါးပေါ်ကနေပြုတ်ကျသွားခဲ့တာဖြစ်ပါတယ် ။

Deng ရဲ့မိသားစုဝင်တွေကတော့ တောင်ပေါ်က အစွန်းကျောက်ကမ်းပါးနား တားထားတဲ့ လုံခြုံရေးကြိုးတန်းတွေဟာ နိမ့်လွန်းပြီး လူတွေရဲ့ခြေထောက်အရွယ်ခန့်သာအမြင့်ရှိလို့ Deng ပြုတ်ကျသေဆုံးသွားခဲ့ရတာဖြစ်ကြောင်း နှင့် ထို့ကြောင့် Deng သေဆုံးမှုအတွက် တာဝန်ယူပေးဖို့ အဆိုပါနေရာရဲ့ပိုင်ရှင်ကိုပြောဆိုခဲ့ပါတယ် ။ ပိုင်ရှင်ဖြစ်သူမှာလည်း ကြိုးကြောင့်မဟုတ်ဘဲ Selfie ရိုက်ဖို့ကိုသာ အာရုံများနေတဲ့ Deng ရဲ့လုပ်ရပ်တွေကြောင့် သေဆုံးသွားခဲ့ရတာဖြစ်တဲ့အတွက် တာဝန်မယူနိုင်ကြောင်း နှင့် သို့ပေမဲ့လည်း လူသားချင်းစာနာစိတ်ကြောင့် ဝမ်းနည်ကြေကွဲဖြစ်နေကြတဲ့မိသားစုဝင်တွေကို 4,000 yuan ထောက်ပံ့ကြေးပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဓာတ္ပံုထဲမွာလွဖို႔သာအာရံုစိုက္ေနၿပီး Selfie သာ႐ိုက္ေနခဲ့လို႔ အျမင့္ 2,000m ႐ွိတဲ့ေတာင္ထိပ္ကေနျပဳတ္က်ခဲ့အမ်ိဳးသမီး"

Leave a comment

Your email address will not be published.


*