အသက္ ၅ႏွစ္အ႐ြယ္သမီးျဖစ္သူက သူမမသိဘဲ online shopမွာ Elsa ဖိနပ္ေတြကို ကိုယ္တိုင္ဝယ္ယူခဲ့လို႔ အံ့ဩသြားခဲ့ရတဲ့ မိခင္

ယေန႔ေခတ္ကေလးေတြဟာ အေတာ္ေလးကို ဥာဏ္ေကာင္းကၾကပါတယ္။၎တို႔ဟာ ကြၽမ္းက်င္မႈအသစ္ေတြကို ျမန္ျမန္ဆန္ဆန္ သင္ယူႏိုင္ၿပီး ကြၽန္ေတာ္တို႔လူႀကီးေတြမသိေသးတဲ့အရာေတြကိုလည္း သိေနတတ္ပါေသးတယ္။ထို႔ေၾကာင့္ ၎တို႔က စမတ္ဖုန္းကို ဘယ္လိုအသုံးျပဳရမည္ကိုသိေနၾကတာက အံ့ဩစရာမဟုတ္ေနေတာ့ပါဘူး။အခ်ိဳ႕ဟာ ၎တို႔ရဲ႕ online shopping ကိုေတာင္ ကိုယ္တိုင္ ျပဳလုပ္ႏိုင္ၾကပါတယ္။မေလးရွားႏိုင္ငံရွိ မိခင္တစ္ဦးျဖစ္တဲ့ Ain Musa ဟာ Facebook group တစ္ခုမွာ သူမရဲ႕ငါးႏွစ္အ႐ြယ္သမီးက သူမအား သတိမေပးဘဲ online shop မွာ Elsa ဖိနပ္အား ဝယ္ယူခဲ့တာကို သူမအလြန္အံ့အားသင့္သြားခဲ့ရေၾကာင္းကို ေျပာျပခဲ့ပါတယ္။

Ainရဲ႕post အရ သူမဟာ online shop မွာ ဘာမွမဝယ္ယူထားခဲ့ဘဲ delivery သမားဆီကေန အထုပ္တစ္ခုလက္ခံရရွိခဲ့ၿပီးေနာက္ ေသတၱာထဲကဘာပစၥည္းျဖစ္ေနမလဲဆိုတာကို စစ္ေဆးၾကည့္လိုက္တဲ့အခါ ၎ဟာ ကေလးဖိနပ္ေတြျဖစ္ေနတာကို ေတြ႕လိုက္ရေတာ့ သူမဟာ အေတာ္ေလးအံ့ဩသြားခဲ့ရပါတယ္။ထို႔ေနာက္ သူမဟာ ပစၥည္းရဲ႕လိပ္စာ app သို႔သြားၾကည့္လိုက္ေတာ့ ပိုက္ဆံမရွင္းရေသးတာေၾကာင့္ သူမဟာ ေျပစာရွင္းေပးလိုက္ရပါတယ္။၎ဖိနပ္ေတြဟာ ရင္းဂစ္ ၆၄.၃၄ ကုန္က်ၿပီး သူမရဲ႕သမီးႀကီးက တစ္ရံတည္းမဝယ္ဘဲ ညီမျဖစ္သူအတြက္ပါ မွာေပးခဲ့ပါေသးတယ္။Ain ဟာ သမီးႀကီးကို ဆူဖို႔ ႀကိဳးစားခဲ့ေပမဲ့ သမီးျဖစ္သူရဲ႕စိတ္လႈပ္ရွားေနတဲ့႐ုပ္ကို ၾကည့္ၿပီး ဒီအတိုင္း လြတ္ေပးခဲ့ရပါတယ္။

Ainဟာ ၎ဖိနပ္ေတြေရာက္မလာခင္ ႏွစ္ရက္အလိုက သူမဟာ သမီးျဖစ္သူေတြကို စပ႐ိုက္လက္ေဆာင္ေပးဖို႔ online မွာ Frozen ဝတ္စုံ ႏွစ္စုံကို ဝယ္ယူခဲ့ၿပီး သူမရဲ႕သမီးေတြထဲက တစ္ေယာက္က သူမအား အခုလို online ေျပစာျဖတ္ပိုင္းနဲ႔ စပ႐ိုက္ျပန္လုပ္လိမ့္မယ္လို႔ မေမွ်ာ္လင့္ခဲ့ေၾကာင္းကို ျပန္ေျပာျပခဲ့ပါေသးတယ္။ကေလးေတြလည္း သူတို႔ရဲ႕ Frozen ပစၥည္းမ်ားႏွင့္ ေက်နပ္ေပွ်ာ္႐ႊင္ေနလိမ့္မယ္လို႔ ေမွ်ာ္လင့္ရင္း Ain လည္း online ေျပစာေရာက္မလာခင္ သူမရဲ႕online shopping app ကိုလည္း အၿမဲေစာင့္ၾကည့္ေနလိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

ယနေ့ခေတ်ကလေးတွေဟာ အတော်လေးကို ဥာဏ်ကောင်းကကြပါတယ်။၎င်းတို့ဟာ ကျွမ်းကျင်မှုအသစ်တွေကို မြန်မြန်ဆန်ဆန် သင်ယူနိုင်ပြီး ကျွန်တော်တို့လူကြီးတွေမသိသေးတဲ့အရာတွေကိုလည်း သိနေတတ်ပါသေးတယ်။ထို့ကြောင့် ၎င်းတို့က စမတ်ဖုန်းကို ဘယ်လိုအသုံးပြုရမည်ကိုသိနေကြတာက အံ့ဩစရာမဟုတ်နေတော့ပါဘူး။အချို့ဟာ ၎င်းတို့ရဲ့ online shopping ကိုတောင် ကိုယ်တိုင် ပြုလုပ်နိုင်ကြပါတယ်။

Ainရဲ့post အရ သူမဟာ online shop မှာ ဘာမှမဝယ်ယူထားခဲ့ဘဲ delivery သမားဆီကနေ အထုပ်တစ်ခုလက်ခံရရှိခဲ့ပြီးနောက် သေတ္တာထဲကဘာပစ္စည်းဖြစ်နေမလဲဆိုတာကို စစ်ဆေးကြည့်လိုက်တဲ့အခါ ၎င်းဟာ ကလေးဖိနပ်တွေဖြစ်နေတာကို တွေ့လိုက်ရတော့ သူမဟာ အတော်လေးအံ့ဩသွားခဲ့ရပါတယ်။ထို့နောက် သူမဟာ ပစ္စည်းရဲ့လိပ်စာ app သို့သွားကြည့်လိုက်တော့ ပိုက်ဆံမရှင်းရသေးတာကြောင့် သူမဟာ ပြေစာရှင်းပေးလိုက်ရပါတယ်။

Ainဟာ ၎င်းဖိနပ်တွေရောက်မလာခင် နှစ်ရက်အလိုက သူမဟာ သမီးဖြစ်သူတွေကို စပရိုက်လက်ဆောင်ပေးဖို့ online မှာ Frozen ဝတ်စုံ နှစ်စုံကို ဝယ်ယူခဲ့ပြီး သူမရဲ့သမီးတွေထဲက တစ်ယောက်က သူမအား အခုလို online ပြေစာဖြတ်ပိုင်းနဲ့ စပရိုက်ပြန်လုပ်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြောင်းကို ပြန်ပြောပြခဲ့ပါသေးတယ်။

Mia (Mckzone Daily)

  • Leave a Comment