မိသားစုတစ္စုရဲ႕အိမ္ေနာက္ေဖးထဲခိုးဝင္ၿပီး ေရခ်ိဳးကန္ထဲမွာ ေအးေဆးေလးၿငိမ့္ရင္း ေရစိမ္ေနခဲ့တဲ့ ဝက္ဝံတစ္ေကာင္

အနက္ေရာင္ ဝက္ဝံတစ္ေကာင္ဟာ မိသားစုတစ္စုရဲ႕ အိမ္ေနာက္ေဖးၿခံထဲသို႔ ညအခ်ိန္မွာ လွ်ိဳ႕ဝွက္စြာ ဝင္ေရာက္လာခဲ့ပါတယ္။စိတ္ဝင္စားစရာေကာင္းတဲ့ဗီဒီယိုထဲမွာ ႀကီးမားတဲ့၎တိရိစာၦန္ဟာ ေသးငယ္တဲ့ေရခ်ိဳးကန္ထဲကို ဝင္ၿပီး စိစစြတ္ေနျခင္းကို ႏွစ္သက္ေၾကာင္း ျပသေနခဲ့ပါတယ္။ညခင္းႀကီး ေရခ်ိဳးကန္ထဲဝင္အိပ္ၿပီး spa လုပ္ေနတဲ့ ဝက္ဝံႀကီးရဲ႕ဗီဒီယိုကို အေမရိကန္ႏိုင္ငံ Pennsylvania ျပည္နယ္ Shenandoah ၿမိဳ႕ရွိ အဖြားတစ္ဦးရဲ႕ေနအိမ္မွ ႐ိုက္ကူးထားခဲ့တာပါ။ဗီဒီယိုထဲအရ ၎ အေမရိကန္ဝက္ဝံနက္ႀကီးဟာ တိတ္ဆိတ္တဲ့ ေက်းလက္ေနအိမ္ရဲ႕ေနာက္ေဖးရွိ သစ္ပင္တစ္ပင္မွေပၚထြက္လာခဲ့ပါတယ္။စူးစမ္းလိုစိတ္ရွိတဲ့ ၎ဝက္ဝံဟာ မၾကာဘဲ အျပာေရာင္ေရခ်ိဳးကန္အေသးေလးထဲက ေရကို ေတြ႕ရွိသြားခဲ့ၿပီး စုံစမ္းစစ္ေဆးၾကည့္ရန္ အနီးကပ္သြားၾကည့္ခဲ့ပါတယ္။

ထို႔ေနာက္ ဝက္ဝံနက္ဟာ ၎ေရခ်ိဳးကန္ထဲသို႔ ဝင္သြားကာ မတ္တပ္ရပ္ၿပီး ဟိုပတ္ဒီပတ္လုပ္ၿပီးမွ သက္ေတာင့္သက္သာနဲ႔ လဲအိပ္ေနခဲ့ပါတယ္။ေနာက္တစ္ေန႔မွာ အဖြား Cyria ဟာ သူမေျမးေလးရဲ႕ေရကန္က ညစ္ပတ္ေနတာကိုျမင္လိုက္ရတဲ့အခါ မေန႔ညက ၎ေရကန္ဟာ သန္႔ရွင္းေနခဲ့တာကို ရွင္းရွင္းလင္းလင္းသိခဲ့ရၿပီးေနာက္ သူမဟာ သံသယဝင္သြားခဲ့ၿပီး ေနာက္ဆုံး အိမ္ထဲက nightcam ကို ျပန္လည္စစ္ေဆးၾကည့္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ထို႔ေနာက္ သူမဟာ အိမ္သို႔ မေမွ်ာ္လင့္ဘဲ အလည္ေရာက္လာတဲ့ဧည့္သည္ကို ျမင္လိုက္ရတဲ့အခါ အေတာ္ေလး အံ့အားသင့္သြားခဲ့ရပါတယ္။

အဖြား Cyria က “ ငါ အိမ္ထဲဝင္ၿပီး ကင္မရာကို စစ္ေဆးၾကည့္လိုက္ေတာ့ ‘ oh my goodness’ ဆိုၿပီး ျဖစ္သြားခဲ့ရတယ္ ၊ ဗီဒီယိုတစ္ခုလုံးကို ၾကည့္ရင္ အဲ့ဒီဝက္ဝံက ေရကန္ဆီကို တန္းတန္းသြားၿပီး ေရကန္ထဲကို ခုန္ဝင္လိုက္တယ္ ၊ ၿပီးက်႕ သူက ေအးေဆးေရစိမ္ၿပီး ၿငိမ့္ေနခဲ့တာ” လို႔ ဆိုခဲ့ပါတယ္။အမ်ိဳးသားဥယ်ာဥ္ေတာ္၀ န္ေဆာင္မႈမွ အေမရိကန္ျပည္ေထာင္စုတစ္လႊားမွာ အနက္ေရာင္ဝက္ဝံေပါင္း ၉၀၀,၀၀၀ ခန႔္ရွိၿပီး Pennsylvania ျပည္နယ္မွာ ၁၈,၀၀၀ အထိရွိေၾကာင္း ထုတ္ျပန္သတ္မွတ္ထားခဲ့ၿပီး Pennsylvania ျပည္နယ္ေကာ္မရွင္က ျပည္နယ္အတြင္း ဝက္ဝံေပါင္း ၄၀၀၀ ၀န္းက်င္သာရွိတယ္လို႔ ယုံၾကည္ထားခဲ့ေပမဲ့ ၁၉၇၀ ျပည့္လြန္ႏွစ္မ်ားမွစၿပီး ၎ဝက္ဝံနက္ေတြရဲ႕ အေရအတြက္ဟာ သိသိသာသာ တိုးပြါးလာခဲ့ပါတယ္။

1

Mia (Mckzone Daily)

Source : dailymail

Unicode

အနက်ရောင် ဝက်ဝံတစ်ကောင်ဟာ မိသားစုတစ်စုရဲ့ အိမ်နောက်ဖေးခြံထဲသို့ ညအချိန်မှာ လျှို့ဝှက်စွာ ဝင်ရောက်လာခဲ့ပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုထဲမှာ ကြီးမားတဲ့၎င်းတိရိစ္ဆာန်ဟာ သေးငယ်တဲ့ရေချိုးကန်ထဲကို ဝင်ပြီး စိစစွတ်နေခြင်းကို နှစ်သက်ကြောင်း ပြသနေခဲ့ပါတယ်။ညခင်းကြီး ရေချိုးကန်ထဲဝင်အိပ်ပြီး spa လုပ်နေတဲ့ ဝက်ဝံကြီးရဲ့ဗီဒီယိုကို အမေရိကန်နိုင်ငံ Pennsylvania ပြည်နယ် Shenandoah မြို့ရှိ အဖွားတစ်ဦးရဲ့နေအိမ်မှ ရိုက်ကူးထားခဲ့တာပါ။

နောက်တစ်နေ့မှာ အဖွား Cyria ဟာ သူမမြေးလေးရဲ့ရေကန်က ညစ်ပတ်နေတာကိုမြင်လိုက်ရတဲ့အခါ မနေ့ညက ၎င်းရေကန်ဟာ သန့်ရှင်းနေခဲ့တာကို ရှင်းရှင်းလင်းလင်းသိခဲ့ရပြီးနောက် သူမဟာ သံသယဝင်သွားခဲ့ပြီး နောက်ဆုံး အိမ်ထဲက nightcam ကို ပြန်လည်စစ်ဆေးကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အမျိုးသားဥယျာဉ်တော်၀ န်ဆောင်မှုမှ အမေရိကန်ပြည်ထောင်စုတစ်လွှားမှာ အနက်ရောင်ဝက်ဝံပေါင်း ၉၀၀,၀၀၀ ခန့်ရှိပြီး Pennsylvania ပြည်နယ်မှာ ၁၈,၀၀၀ အထိရှိကြောင်း ထုတ်ပြန်သတ်မှတ်ထားခဲ့ပြီး Pennsylvania ပြည်နယ်ကော်မရှင်က ပြည်နယ်အတွင်း ဝက်ဝံပေါင်း ၄၀၀၀ ၀န်းကျင်သာရှိတယ်လို့ ယုံကြည်ထားခဲ့ပေမဲ့ ၁၉၇၀ ပြည့်လွန်နှစ်များမှစပြီး ၎င်းဝက်ဝံနက်တွေရဲ့ အရေအတွက်ဟာ သိသိသာသာ တိုးပွါးလာခဲ့ပါတယ်။

Mia (Mckzone Daily)

  • Leave a Comment