ေတာအုပ္ထဲက သမင္ေလးတစ္ေကာင္ကို ဧည့္သည္အျဖစ္ အိမ္သို႔ေခၚေဆာင္လာခဲ့တဲ့ အသက္ ၄ႏွစ္အ႐ြယ္ေကာင္ေလး

Stephanie Brown အမည္ရွိအမ်ိဳးသမီးတို႔မိသားစုဟာ Virginia ျပည္နယ္ Massanutten အပန္းေျဖစခန္းသို႔ အားလပ္ရက္ခရီးထြက္လာခဲ့ၾကပါတယ္။သူတို႔ရဲ႕အားလပ္ရက္ကာလအတြင္းမွာ ေလးႏွစ္အ႐ြယ္ Dominic အမည္ရွိသားေလးျဖစ္သူဟာ အပန္းေျဖစခန္းအနီးရွိ ေတာအုပ္မ်ားႏွင့္ ရင္းရင္းႏွီးႏွီးရွိလာခဲ့ၿပီး ေတာအုပ္ထဲရွိ သမင္ငယ္တစ္ေကာင္ကို အပန္းေျဖေနအိမ္သို႔ေခၚေဆာင္လာျခင္းအားျဖင့္ သူ႔အေမအား အံ့အားသင့္သြားေစခဲ့ပါတယ္။ထို႔ေနာက္ ညဝတ္အက်ႌ ၊ ေဘာင္းဘီကိုဝတ္ဆင္ၿပီး ေဆာင္းရာသီဖိနပ္စီးထားတဲ့ Dominic က သူ႔မိတ္ေဆြအသစ္နဲ႔အတူ Stephanie ကိုစူးစူးစိုက္စိုက္ၾကည့္ရင္း သမင္ငယ္ကလည္း ေတာအုပ္ထဲသို႔ျပန္သြားဖို႔ေမ့ေလ်ာ့ေနပုံရပါတယ္။

သူတို႔ႏွစ္ဦးက အခ်င္းခ်င္း အဆင္ေျပစြာ အျပန္အလွန္ၾကည့္ရႈခဲ့ၾကၿပီးေနာက္ ေရွ႕သို႔ေအးေဆးစြာစိုက္ၾကည့္ေနတဲ့ အခိုက္အတန႔္ေလးတစ္ခုကို Stephanie က အမိအရ႐ိုက္ယူၿပီး Facebook ေပၚမွာ မွ်ေဝလိုက္ပါတယ္။Stephanie က သူတို႔မိသားစုဟာ Massanutten အပန္းေျဖစခန္းမွ ထြက္ခြါရန္ ႏွင့္ Virginia ရွိ Ragged Point သဲေသာင္ျပင္သို႔ျပန္သြားရန္ အထုပ္ပိုးျပင္ေနၾကစဥ္ Dominic က သူရဲ႕မိတ္ေဆြသစ္ႏွင့္အတူ ႐ုတ္တရက္ေပၚလာခဲ့ေၾကာင္း သူမက ရွင္းျပခဲ့ပါတယ္။

Facebook ေပၚမွာ သူမမွ်ေဝလိုက္တဲ့ဓာတ္ပုံက likes ၁၆,၀၀၀ ေက်ာ္ႏွင့္ shares ၂၀,၀၀၀ နီးပါးရရွိသြားခဲ့ပါတယ္။Dominic ဟာ DC Comics ရဲ႕စူပါသူရဲေကာင္းအျဖစ္ သူ႔ရဲ႕သူငယ္ခ်င္းအသစ္ကို Flash လို႔အမည္ေပးခဲ့ပါေသးတယ္။ ဓာတ္ပုံ႐ိုက္ၿပီးသည္ႏွင့္ မိခင္ျဖစ္သူက Dominic အား သူ႔ရဲ႕သူငယ္ခ်င္းအား ေတာအုပ္ထဲသို႔ ျပန္သြားခိုင္းရန္ ႏွင့္ Flash ရဲ႕မိခင္ကလည္း Flash အားရွာေနလိမ့္မယ္လို႔ Stephanie က ရွင္းျပခဲ့ရပါတယ္။Facebook ရွိ ေထာင္ႏွင့္ခ်ီတဲ့လူမ်ားစြာက ၎ေမွာ္ဆန္တဲ့ Dominic နဲ႔ Flash တို႔ရဲ႕ဓာတ္ပုံကို ၾကည့္ရင္း သေဘာက်မဆုံးနဲ႔ အ႐ူးအမူးျဖစ္သြားခဲ့ၾကရပါတယ္။

1

Mia (Mckzone Daily)

Source : dailymail

Unicode

Stephanie Brown အမည်ရှိအမျိုးသမီးတို့မိသားစုဟာ Virginia ပြည်နယ် Massanutten အပန်းဖြေစခန်းသို့ အားလပ်ရက်ခရီးထွက်လာခဲ့ကြပါတယ်။သူတို့ရဲ့အားလပ်ရက်ကာလအတွင်းမှာ လေးနှစ်အရွယ် Dominic အမည်ရှိသားလေးဖြစ်သူဟာ အပန်းဖြေစခန်းအနီးရှိ တောအုပ်များနှင့် ရင်းရင်းနှီးနှီးရှိလာခဲ့ပြီး တောအုပ်ထဲရှိ သမင်ငယ်တစ်ကောင်ကို အပန်းဖြေနေအိမ်သို့ခေါ်ဆောင်လာခြင်းအားဖြင့် သူ့အမေအား အံ့အားသင့်သွားစေခဲ့ပါတယ်။

သူတို့နှစ်ဦးက အချင်းချင်း အဆင်ပြေစွာ အပြန်အလှန်ကြည့်ရှုခဲ့ကြပြီးနောက် ရှေ့သို့အေးဆေးစွာစိုက်ကြည့်နေတဲ့ အခိုက်အတန့်လေးတစ်ခုကို Stephanie က အမိအရရိုက်ယူပြီး Facebook ပေါ်မှာ မျှဝေလိုက်ပါတယ်။Stephanie က သူတို့မိသားစုဟာ Massanutten အပန်းဖြေစခန်းမှ ထွက်ခွါရန် နှင့် Virginia ရှိ Ragged Point သဲသောင်ပြင်သို့ပြန်သွားရန် အထုပ်ပိုးပြင်နေကြစဉ် Dominic က သူရဲ့မိတ်ဆွေသစ်နှင့်အတူ ရုတ်တရက်ပေါ်လာခဲ့ကြောင်း သူမက ရှင်းပြခဲ့ပါတယ်။

Facebook ပေါ်မှာ သူမမျှဝေလိုက်တဲ့ဓာတ်ပုံက likes ၁၆,၀၀၀ ကျော်နှင့် shares ၂၀,၀၀၀ နီးပါးရရှိသွားခဲ့ပါတယ်။Dominic ဟာ DC Comics ရဲ့စူပါသူရဲကောင်းအဖြစ် သူ့ရဲ့သူငယ်ချင်းအသစ်ကို Flash လို့အမည်ပေးခဲ့ပါသေးတယ်။ ဓာတ်ပုံရိုက်ပြီးသည်နှင့် မိခင်ဖြစ်သူက Dominic အား သူ့ရဲ့သူငယ်ချင်းအား တောအုပ်ထဲသို့ ပြန်သွားခိုင်းရန် နှင့် Flash ရဲ့မိခင်ကလည်း Flash အားရှာနေလိမ့်မယ်လို့ Stephanie က ရှင်းပြခဲ့ရပါတယ်။

Mia (Mckzone Daily)

  • Leave a Comment