အခ်စ္စစ္ကိုစမ္းသပ္ၾကည့္ဖို႔ သူတို႔ရဲ႕လက္တစ္ဖက္စီကို ၃လၾကာ chain ႀကိဳးျဖင့္ ခ်ည္ေႏွာင္ထားခဲ့တဲ့ ခ်စ္သူစုံတြဲ

Ukraine ႏိုင္ငံမွ ခ်စ္သူစုံတြဲတစ္တြဲဟာ စိတ္ပ်က္ဖြယ္စမ္းသပ္မႈတစ္ခုကို ျပဳလုပ္ခဲ့ၿပီးေနာက္ သုံးလၾကာတစ္ဦး ႏွင့္တစ္ဦး ခ်ည္ေႏွာင္ထားျခင္းျဖင့္သူတို႔ရဲ႕ဆက္ဆံေရးကို စမ္းသပ္ရန္ ဆုံးျဖတ္ခဲ့ၾကပါတယ္။ Alexander အမည္ရွိ အမ်ိဳးသားႏွင့္ Viktoria အမည္ရွိ အမ်ိဳးသမီးတို႔ဟာ သူတို႔ရဲ႕ထူးဆန္းတဲ့စိန္ေခၚမႈကိုစတင္ရန္ ေန႔တစ္ေန႔အျဖစ္ Valentine Day ကို ေ႐ြးခ်ယ္ခဲ့ၾကပါတယ္။ Ukraine ရွိအမ်ိဳးသားမွတ္ပုံတင္မွတ္တမ္းမွာအလုပ္လုပ္ေနတဲ့ Vitaly Zorin အမည္ရွိအမ်ိဳးသားဟာ ၎စုံတြဲရဲ႕စမ္းသပ္မႈကို ႀကီးၾကပ္ရန္ တာဝန္က်ခဲ့ပါတယ္။ Zorin အဆိုအရ အဆိုပါစုံတြဲရဲ႕စိတ္က်န္းမာေရးကို ၎တို႔ သုံးလစိန္ေခၚမႈမစတင္ခင္မွာ စစ္ေဆးခဲ့ရပါတယ္။

Zorin ကလည္း ထိုစုံတြဲဟာ ေမွ်ာ္လင့္ထားသည္ထက္ ေစာၿပီးခြဲထြက္ခ်င္ပါက အဆိုပါ လက္ေပၚက chain ႀကိဳးကို ခ်ိဳးဖ်က္ရန္ အေရးေပၚဝန္ေဆာင္မႈအထူးကုမ်ားထံမွအကူအညီလိုအပ္လိမ့္မယ္လို႔ အတည္ျပဳေပးခဲ့ပါတယ္။ Alexander ကလည္း “ ကြၽန္ေတာ္တို႔က စံခ်ိန္တင္ဖို႔ လုပ္ေနတာပါ၊ ကြၽန္ေတာ္တို႔လက္ေတြကို chain ႀကိဳးနဲ႔ ခ်ည္ထားၿပီး ကြင္းဆက္တိုင္းကိုလည္း ဂေဟေဆာ္ထားေသးတယ္ ” လို႔ ဆိုပါတယ္။၎စိန္ေခၚမႈကို စတင္ရန္ အဆိုပါစုံတြဲဟာ ၿမိဳ႕မွ 325 မိုင္ အထိ တကၠစီစီးခဲ့ရပါတယ္။

သူတို႔ဟာ ေရခ်ိဳးခန္းဝင္ခ်ိန္ႏွင့္ အမ်ိဳးသမီးအိမ္သာကိုလည္း အတူတူဝင္ခဲ့ၾကရပါတယ္။ထို႔ေနာက္ လူတို႔ရဲ႕ေန႔စဥ္လုပ္႐ိုးထုံးစံအရ စားေသာက္ျခင္း ၊ အဝတ္လဲျခင္း ၊ ေရခ်ိဳးျခင္း ႏွင့္ အိမ္သန္႔ရွင္းေရးအလုပ္လုပ္ျခင္းစတဲ့ မသက္မသာျဖစ္ေစတဲ့စိန္ေခၚမႈမ်ားလည္း ပါရွိေနပါတယ္။သို႔ေပမဲ့ ၎ခ်စ္သူစုံတြဲဟာ ဘယ္ေလာက္ဘဲ မသက္မသာျဖစ္ေစကာမူ ၎စမ္းသပ္မႈအားလုံးကို ၿပီးေျမာက္ေစရန္အတြက္ အေလးအနက္စိတ္ပိုင္းျဖတ္ထားပုံရေနပါတယ္။အခ်စ္စမ္းတဲ့နည္းလမ္းေတြကေတာ့ တစ္ေန႔တစ္မ်ိဳးမ႐ိုးရေအာင္ ထြက္ေပၚလာေနပါတယ္။စာဖတ္သူတို႔ေကာ ၎စိန္ေခၚမႈကို လုပ္ၾကည့္ဖို႔ ခ်စ္ရသူေလးရွိေနပါရဲ႕လားဗ်ာ။

1

2

Mia (Mckzone Daily)

Source : elitereaders

Unicode

Ukraine နိုင်ငံမှ ချစ်သူစုံတွဲတစ်တွဲဟာ စိတ်ပျက်ဖွယ်စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ပြီးနောက် သုံးလကြာတစ်ဦး နှင့်တစ်ဦး ချည်နှောင်ထားခြင်းဖြင့်သူတို့ရဲ့ဆက်ဆံရေးကို စမ်းသပ်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ Alexander အမည်ရှိ အမျိုးသားနှင့် Viktoria အမည်ရှိ အမျိုးသမီးတို့ဟာ သူတို့ရဲ့ထူးဆန်းတဲ့စိန်ခေါ်မှုကိုစတင်ရန် နေ့တစ်နေ့အဖြစ် Valentine Day ကို ရွေးချယ်ခဲ့ကြပါတယ်။ Ukraine ရှိအမျိုးသားမှတ်ပုံတင်မှတ်တမ်းမှာအလုပ်လုပ်နေတဲ့ Vitaly Zorin အမည်ရှိအမျိုးသားဟာ ၎င်းစုံတွဲရဲ့စမ်းသပ်မှုကို ကြီးကြပ်ရန် တာဝန်ကျခဲ့ပါတယ်။ Zorin အဆိုအရ အဆိုပါစုံတွဲရဲ့စိတ်ကျန်းမာရေးကို ၎င်းတို့ သုံးလစိန်ခေါ်မှုမစတင်ခင်မှာ စစ်ဆေးခဲ့ရပါတယ်။

Zorin ကလည်း ထိုစုံတွဲဟာ မျှော်လင့်ထားသည်ထက် စောပြီးခွဲထွက်ချင်ပါက အဆိုပါ လက်ပေါ်က chain ကြိုးကို ချိုးဖျက်ရန် အရေးပေါ်ဝန်ဆောင်မှုအထူးကုများထံမှအကူအညီလိုအပ်လိမ့်မယ်လို့ အတည်ပြုပေးခဲ့ပါတယ်။ Alexander ကလည်း “ ကျွန်တော်တို့က စံချိန်တင်ဖို့ လုပ်နေတာပါ၊ ကျွန်တော်တို့လက်တွေကို chain ကြိုးနဲ့ ချည်ထားပြီး ကွင်းဆက်တိုင်းကိုလည်း ဂဟေဆော်ထားသေးတယ် ” လို့ ဆိုပါတယ်။

သူတို့ဟာ ရေချိုးခန်းဝင်ချိန်နှင့် အမျိုးသမီးအိမ်သာကိုလည်း အတူတူဝင်ခဲ့ကြရပါတယ်။ထို့နောက် လူတို့ရဲ့နေ့စဉ်လုပ်ရိုးထုံးစံအရ စားသောက်ခြင်း ၊ အဝတ်လဲခြင်း ၊ ရေချိုးခြင်း နှင့် အိမ်သန့်ရှင်းရေးအလုပ်လုပ်ခြင်းစတဲ့ မသက်မသာဖြစ်စေတဲ့စိန်ခေါ်မှုများလည်း ပါရှိနေပါတယ်။သို့ပေမဲ့ ၎င်းချစ်သူစုံတွဲဟာ ဘယ်လောက်ဘဲ မသက်မသာဖြစ်စေကာမူ ၎င်းစမ်းသပ်မှုအားလုံးကို ပြီးမြောက်စေရန်အတွက် အလေးအနက်စိတ်ပိုင်းဖြတ်ထားပုံရနေပါတယ်။အချစ်စမ်းတဲ့နည်းလမ်းတွေကတော့ တစ်နေ့တစ်မျိုးမရိုးရအောင် ထွက်ပေါ်လာနေပါတယ်။စာဖတ်သူတို့ကော ၎င်းစိန်ခေါ်မှုကို လုပ်ကြည့်ဖို့ ချစ်ရသူလေးရှိနေပါရဲ့လားဗျာ။

Mia (Mckzone Daily)

  • Leave a Comment