လူတစ္စုေၾကာင့္ လက္ေခ်ာင္းေတြကို အျဖတ္ခံလိုက္ရေပမဲ့ ဘဝကိုအရႈံးမေပးဘဲ လူအမ်ားအတြက္ လႈံေဆာ္မႈတစ္ခုျဖစ္လာခဲ့တဲ့ မိန္းကေလး

Maricel Apatan အမည္ရွိ အမ်ိဳးသမီးတစ္ဦးဟာ မ်ားစြာေသာလူမ်ားအတြက္ လႈံ႕ေဆာ္မႈတစ္ခုျဖစ္ေနပါတယ္။ဖိလစ္ပိုင္ႏိုင္ငံ ၊ Zamboanga ၿမိဳ႕မွ အသက္ ၃၁ ႏွစ္အ႐ြယ္ Maricel ဟာ သူမရဲ႕ေၾကကြဲဖြယ္ပုံျပင္ေၾကာင့္ အင္တာနက္သုံးစြဲသူတို႔ရဲ႕အာ႐ုံကို ဖမ္းစားႏိုင္ခဲ့ပါတယ္။ Maricel ရဲ႕အဆိုအရ သူမဟာ အသက္၁၁ ႏွစ္အ႐ြယ္မွာ မသမာသူေယာက်ာ္းတစ္စုေၾကာင့္ လက္ႏွစ္ဖက္စလုံးကို ဆုံးရႈံးသြားခဲ့ရပါတယ္။ေၾကကြဲဖြယ္အျဖစ္အပ်က္ေၾကာင့္ Maricel ရဲ႕ဘဝဟာ စိန္ေခၚမႈႀကီးျဖစ္လာေသာ္လည္း ကံေကာင္းေထာက္မစြာ သူမဟာ အရႈံးမေပးခဲ့ပါဘူး။ေမာင္ႏွမေတြမွ အႀကီးဆုံးျဖစ္တဲ့ Maricel ဟာ သူမရဲ႕ခက္ခဲတဲ့အေျခအေနကို ပိုမိုျမင့္တက္ရန္ စိတ္ပိုင္းျဖတ္ထားခဲ့ပါတယ္။

သူမမွာ ကူညီေပးမဲ့ေမာင္ႏွမမ်ားရွိၿပီး နည္းနည္းခ်င္းသာ သူမဟာ လက္ေခ်ာင္းမ်ားမပါဘဲ ႐ိုးရွင္းတဲ့အလုပ္ေတြကို ျပန္လည္လုပ္ကိုင္ရန္ ဆုံးျဖတ္ခဲ့ပါတယ္။သူမဟာ စာကို ဆက္လက္သင္ၾကားခဲ့ၿပီး ေနာက္ဆုံးမွာ ဟိုတယ္ႏွင့္စားေသာက္ဆိုင္စီမံခန႔္ခြဲမႈဘြဲ႕ ႏွင့္ အခ်က္အျပဳတ္အႏုပညာဒီပလိုမာဘြဲ႕ကို ရရွိခဲ့ပါတယ္။ Maricel ဟာ အသက္ ၂၁ႏွစ္အ႐ြယ္မွာ မနီလာၿမိဳ႕ရွိ Edsa Shangri La Hotel မွာ အလုပ္လုပ္ႏိုင္ခဲ့ၿပီး အဆိုပါအလုပ္က သူမရဲ႕ေမာင္ႏွမမ်ားအတြက္ ေကာလိပ္တက္ရန္ ကူညီေပးႏိုင္ခဲ့ပါတယ္။

သူမသည္လည္း ဟိုတယ္အမ်ိဳးမ်ိဳးမွာ အလုပ္လုပ္႐ုံသာမက မုန႔္ဖုတ္ျခင္းႏွင့္ခ်က္ျပဳတ္သည့္နည္းျပဆရာျဖစ္လာခဲ့သလို သူမရဲ႕ကြၽမ္းက်င္မႈႏွင့္ဗဟုသုတမ်ားကို စိတ္ဝင္စားတဲ့ေက်ာင္းသားမ်ားထံသို႔ လက္ဆင့္ကမ္းေပးခဲ့ပါတယ္။အင္တာဗ်ဴးတစ္ခုမွာ “ေကာင္းေကာင္းေလ့လာပါ၊ မင္းရဲ႕အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ႏိုင္ေၾကာင္း မင္းရဲ႕မိဘေတြကို ျပသပါ ၊ မင္းရဲ႕ည္မွန္းခ်က္ကို သတ္မွတ္ၿပီး ေမွ်ာ္လင့္ခ်က္ကိုလည္း အဆုံးရႈံးမခံပါနဲ႔ ” လို႔ Maricel က မသန္စြမ္းသူမ်ားအတြက္ သူမရဲ႕သတင္းစကားႏွင့္ အႀကံဥာဏ္တို႔ကို ေျပာၾကားေပးခဲ့ပါေသးတယ္။

1

2

Mia (Mckzone Daily)

Source : elitereaders

Unicode

Maricel Apatan အမည်ရှိ အမျိုးသမီးတစ်ဦးဟာ များစွာသောလူများအတွက် လှုံ့ဆော်မှုတစ်ခုဖြစ်နေပါတယ်။ဖိလစ်ပိုင်နိုင်ငံ ၊ Zamboanga မြို့မှ အသက် ၃၁ နှစ်အရွယ် Maricel ဟာ သူမရဲ့ကြေကွဲဖွယ်ပုံပြင်ကြောင့် အင်တာနက်သုံးစွဲသူတို့ရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ Maricel ရဲ့အဆိုအရ သူမဟာ အသက်၁၁ နှစ်အရွယ်မှာ မသမာသူယောကျာ်းတစ်စုကြောင့် လက်နှစ်ဖက်စလုံးကို ဆုံးရှုံးသွားခဲ့ရပါတယ်။ကြေကွဲဖွယ်အဖြစ်အပျက်ကြောင့် Maricel ရဲ့ဘဝဟာ စိန်ခေါ်မှုကြီးဖြစ်လာသော်လည်း ကံကောင်းထောက်မစွာ သူမဟာ အရှုံးမပေးခဲ့ပါဘူး။မောင်နှမတွေမှ အကြီးဆုံးဖြစ်တဲ့ Maricel ဟာ သူမရဲ့ခက်ခဲတဲ့အခြေအနေကို ပိုမိုမြင့်တက်ရန် စိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်။

သူမမှာ ကူညီပေးမဲ့မောင်နှမများရှိပြီး နည်းနည်းချင်းသာ သူမဟာ လက်ချောင်းများမပါဘဲ ရိုးရှင်းတဲ့အလုပ်တွေကို ပြန်လည်လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့ပါတယ်။သူမဟာ စာကို ဆက်လက်သင်ကြားခဲ့ပြီး နောက်ဆုံးမှာ ဟိုတယ်နှင့်စားသောက်ဆိုင်စီမံခန့်ခွဲမှုဘွဲ့ နှင့် အချက်အပြုတ်အနုပညာဒီပလိုမာဘွဲ့ကို ရရှိခဲ့ပါတယ်။ Maricel ဟာ အသက် ၂၁နှစ်အရွယ်မှာ မနီလာမြို့ရှိ Edsa Shangri La Hotel မှာ အလုပ်လုပ်နိုင်ခဲ့ပြီး အဆိုပါအလုပ်က သူမရဲ့မောင်နှမများအတွက် ကောလိပ်တက်ရန် ကူညီပေးနိုင်ခဲ့ပါတယ်။

သူမသည်လည်း ဟိုတယ်အမျိုးမျိုးမှာ အလုပ်လုပ်ရုံသာမက မုန့်ဖုတ်ခြင်းနှင့်ချက်ပြုတ်သည့်နည်းပြဆရာဖြစ်လာခဲ့သလို သူမရဲ့ကျွမ်းကျင်မှုနှင့်ဗဟုသုတများကို စိတ်ဝင်စားတဲ့ကျောင်းသားများထံသို့ လက်ဆင့်ကမ်းပေးခဲ့ပါတယ်။အင်တာဗျူးတစ်ခုမှာ “ကောင်းကောင်းလေ့လာပါ၊ မင်းရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ကြောင်း မင်းရဲ့မိဘတွေကို ပြသပါ ၊ မင်းရဲ့ည်မှန်းချက်ကို သတ်မှတ်ပြီး မျှော်လင့်ချက်ကိုလည်း အဆုံးရှုံးမခံပါနဲ့ ” လို့ Maricel က မသန်စွမ်းသူများအတွက် သူမရဲ့သတင်းစကားနှင့် အကြံဥာဏ်တို့ကို ပြောကြားပေးခဲ့ပါသေးတယ်။

Mia (Mckzone Daily)

  • Leave a Comment