ဆာေလာင္မြတ္သိပ္မႈေၾကာင့္ လူေနထိုင္ရာဧရိယာတဝိုက္မွာ အစာရွာထြက္ေနခဲ့တဲ့ က်ားသစ္တစ္ေကာင္

မတ္လ ၄ရက္ မနက္ ၂နာရီခန္႔က မေလးရွားႏိုင္ငံ Kampung Lahar ၿမိဳ႕ Taman Kota ရပ္ကြက္ရွိ ေနအိမ္တစ္လုံးရဲ႕အိမ္ေရွ႕မွာ clouded leopard လို႔ေခၚတဲ့ က်ားသစ္တစ္ေကာင္ဟာ အစာရွာစားဖို႔ လွည့္ပတ္ၾကည့္ေနခဲ့ေၾကာင္း Utusan Malaysia သတင္းက ေဖာ္ျပခဲ့ပါတယ္။အဆိုပါမ်ိဳးစိတ္ကို Neofelis diardi လို႔သိထားၾကၿပီး က်ားသစ္ လို႔ လူသိမ်ားပါတယ္။ သို႔ေပမဲ့ ေဒသခံမ်ားက ၎တိရစာၦန္ကို ‘Harimau Dahan ’ လို႔ ရည္ၫႊန္းထားၾကပါတယ္။အဆိုပါျဖစ္ရပ္ေၾကာင့္ ထိုေဒသရွိေနထိုင္သူမ်ားစြာဟာ ၎တို႔ရဲ႕ေဘးကင္းလုံၿခဳံမႈကိုစိုးရိမ္ၾကရၿပီး အလုပ္သြားဖို႔ အိမ္မွထြက္ခြါရန္အတြက္ ေၾကာက္႐ြံ႕ခဲ့ၾကရပါတယ္။

Harian Metro သတင္းအရ ေက်း႐ြာဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီ (JPKK) ,Bahari Ismail က ၎က်ားသစ္တစ္ေကာင္ဟာ အိမ္တစ္လုံးရဲ႕ေရွ႕ မီတာအနည္းငယ္မွ်မွာ တစ္စုံတစ္ရာကို ရႈရႈိက္ၾကည့္ေနခဲ့ပုံကို ေဒသခံတစ္ဦးရဲ႕ဇနီးျဖစ္သူက မွတ္တမ္းတင္႐ိုက္ကူးထားခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ဗီဒီယိုထဲအရ က်ားသစ္ဟာ ပတ္ပတ္လည္လည္ကို ရႈရႈိက္ၾကည့္ေနခဲ့ၿပီးေနာက္ အိမ္ႏွင့္မနီးမေဝးမွာရွိတဲ့ေတာထဲသို႔ ျပန္ဝင္သြားခဲ့ပါတယ္။ Bahari က ၎က်ားသစ္ဟာ ယခင္ႏွစ္က သူေတြ႕ခဲ့ဖူးတဲ့အလားတူျဖစ္ပုံရၿပီး ညအခ်ိန္ႏွင့္ ေျခာက္ေသြ႕ရာသီတို႔မွာ အလားတူျဖစ္ရပ္မ်ိဳးကို မေလးရွားႏိုင္ငံမွာ ယခုလို ရင္ဆိုင္ရေလ့ရွိေၾကာင္း ဆိုခဲ့ပါတယ္။

၎က်ားသစ္ဟာ ဆာေလာင္မြတ္သိပ္ေနျခင္းေၾကာင့္ အစာရွာရန္ ေတာထဲမွထြက္လာျခင္းျဖစ္ေၾကာင္း ၊ ၎ကိစၥအား ေတာ႐ိုင္းတိရိစာၦန္ႏွင့္ အမ်ိဳးသားဥယ်ာဥ္ဌာနသို႔ အသိေပးခဲ့ေၾကာင္း Bahari က ထပ္မံေျပာၾကားခဲ့ပါတယ္။ထို႔အျပင္ ေဒသခံမ်ားက က်ားသစ္အား ဖမ္းမိၿပီး အျခားေနရာသို႔ ေျပာင္းေ႐ြ႕ႏိုင္ရန္ ေမွ်ာ္လင့္ေနၾကပါတယ္။လက္ရွိမွာေတာ့ ေတာ႐ိုင္းတိရစာၦန္ ဒါ႐ိုက္တာ Yusoff Shariff ဟာ သူ႔ရဲ႕ပါတီက ၎တိရိစာၦန္တည္ရွိမႈႏွင့္ ပတ္သက္ၿပီး အစီရင္ခံစာလက္ခံရရွိခဲ့ၿပီး ဗီဒီယိုမွတ္တမ္းတင္ျခင္းအေပၚ အေျခခံ၍ ၎ဟာ က်ားသစ္တစ္ေကာင္ျဖစ္ေၾကာင္း ေဖာ္ျပခဲ့ပါေသးတယ္။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

မတ်လ ၄ရက် မနက် ၂နာရီခန့်က မလေးရှားနိုင်ငံ Kampung Lahar မြို့ Taman Kota ရပ်ကွက်ရှိ နေအိမ်တစ်လုံးရဲ့အိမ်ရှေ့မှာ clouded leopard လို့ခေါ်တဲ့ ကျားသစ်တစ်ကောင်ဟာ အစာရှာစားဖို့ လှည့်ပတ်ကြည့်နေခဲ့ကြောင်း Utusan Malaysia သတင်းက ဖော်ပြခဲ့ပါတယ်။အဆိုပါမျိုးစိတ်ကို Neofelis diardi လို့သိထားကြပြီး ကျားသစ် လို့ လူသိများပါတယ်။

Harian Metro သတင်းအရ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (JPKK) ,Bahari Ismail က ၎င်းကျားသစ်တစ်ကောင်ဟာ အိမ်တစ်လုံးရဲ့ရှေ့ မီတာအနည်းငယ်မျှမှာ တစ်စုံတစ်ရာကို ရှုရှိုက်ကြည့်နေခဲ့ပုံကို ဒေသခံတစ်ဦးရဲ့ဇနီးဖြစ်သူက မှတ်တမ်းတင်ရိုက်ကူးထားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ဗီဒီယိုထဲအရ ကျားသစ်ဟာ ပတ်ပတ်လည်လည်ကို ရှုရှိုက်ကြည့်နေခဲ့ပြီးနောက် အိမ်နှင့်မနီးမဝေးမှာရှိတဲ့တောထဲသို့ ပြန်ဝင်သွားခဲ့ပါတယ်။

၎င်းကျားသစ်ဟာ ဆာလောင်မွတ်သိပ်နေခြင်းကြောင့် အစာရှာရန် တောထဲမှထွက်လာခြင်းဖြစ်ကြောင်း ၊ ၎င်းကိစ္စအား တောရိုင်းတိရိစ္ဆာန်နှင့် အမျိုးသားဥယျာဉ်ဌာနသို့ အသိပေးခဲ့ကြောင်း Bahari က ထပ်မံပြောကြားခဲ့ပါတယ်။ထို့အပြင် ဒေသခံများက ကျားသစ်အား ဖမ်းမိပြီး အခြားနေရာသို့ ပြောင်းရွေ့နိုင်ရန် မျှော်လင့်နေကြပါတယ်။လက်ရှိမှာတော့ တောရိုင်းတိရစ္ဆာန် ဒါရိုက်တာ Yusoff Shariff ဟာ သူ့ရဲ့ပါတီက ၎င်းတိရိစ္ဆာန်တည်ရှိမှုနှင့် ပတ်သက်ပြီး အစီရင်ခံစာလက်ခံရရှိခဲ့ပြီး ဗီဒီယိုမှတ်တမ်းတင်ခြင်းအပေါ် အခြေခံ၍ ၎င်းဟာ ကျားသစ်တစ်ကောင်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသေးတယ်။

Mia (Mckzone Daily)

  • Leave a Comment