ေနမေကာင္းျဖစ္ေနတဲ့သခင္ျဖစ္သူရဲ႕အနားကေန ထြက္သြားဖို႔ ျငင္းဆန္ေနခဲ့တဲ့ ေခြးလိမၼာေလး(႐ုပ္သံ)

Ventilator စက္တပ္ရင္း လဲအိပ္ေနတဲ့ပိုင္ရွင္ျဖစ္သူရဲ႕ေဘးမွ ထြက္ခြါရန္ျငင္းဆန္ေၾကာင္းျပသေနတဲ့ဗီဒီယိုတစ္ခုအၿပီးမွာ golden retriever ေခြးေလးတစ္ေကာင္ဟာ onlineမွာ လူသိမ်ားေက်ာ္ၾကားသြားခဲ့ပါတယ္။ Mao Mao လို႔ေခၚတဲ့အဆိုပါေခြးေလးႏွင့္ ပိုင္ရွင္ျဖစ္သူ အသက္ ၅၆ႏွစ္အ႐ြယ္ Shao တို႔ဟာ တ႐ုတ္ႏိုင္ငံ Henan ျပည္နယ္ Xinxiang ၿမိဳ႕မွာ ေနထိုင္ၾကေၾကာင္း MailOnline မွ သိရပါတယ္။အသက္ ၂ႏွစ္အ႐ြယ္ Mao Mao ဟာ Ventilator စက္တပ္ရင္း အိပ္ရာဝင္ဖို႔ ႀကိဳးစားေနတဲ့ Shao ရဲ႕ရင္ဘတ္ေပၚကို သူ႔ေခါင္းေလးတင္ကာ အနားယူေနပုံကို ၿပီးခဲ့တဲ့ ၂၀၂၀ ၊ဧၿပီ ၁၅ရက္ေန႔မွာ ႐ိုက္ကူးခဲ့တဲ့ဗီဒီယိုမွာ ေတြ႕ခဲ့ရပါတယ္။

ဆရာဝန္က ေသြးတိုးႏွင့္ႏွလုံးေရာဂါခံစားေနရတဲ့ Shao အား ႐ုတ္တရက္ႏွလုံးရပ္တန္႔ျခင္းမွ ကာကြယ္ရန္ ventilator(ေလဝင္ေလထြက္ထိန္းစက္)ျဖင့္ အိပ္စက္ရန္ေျပာၾကားခဲ့ပါတယ္။ဗီဒီယိုထဲမွာ Shao က ခ်စ္ဖို႔ေကာင္းတဲ့ေခြးေလးအား “ စိတ္မပူနဲ႔ ၊ ငါေနလို႔ေကာင္းတယ္ ၊ မင္းသြားလို႔ရတယ္” လို႔ ေျပာေနခဲ့ပါတယ္။ေခြးေလးဟာ ပိုင္ရွင္ျဖစ္သူက ventilator စက္တပ္ထားတဲ့အခ်ိန္တိုင္း ေနမေကာင္းျဖစ္ေနတယ္လို႔ အၿမဲထင္ေနခဲ့ပါတယ္။ေခြးေလးဟာ Shao အိပ္ရာကေန ထလာမွ သူေလးလည္း ထသြားတတ္ပါေသးတယ္။

“ ငါ သူ႔လို ေခြးမ်ိဳးတစ္ခါမွ မေတြ႕ဖူးဘူး၊ သူက ငါ့အတြက္ မိသားစုအစစ္အမွန္မဟုတ္ေပမဲ့ မိသားစုဝင္တစ္ေယာက္လို ျဖစ္ေနတယ္” လို႔ Shao က ဆိုခဲ့ပါတယ္။အင္တာနက္သုံးစြဲသူမ်ားကလည္း Mao ေလးကို ခ်စ္မဆုံးျဖစ္သြားခဲ့ရၿပီး လူတစ္ေယာက္က “ေခြးေလးေတြက လူလိုဘဲ အရာအားလုံးကို သိေနတယ္၊ သူတို႔က ငါတို႔ရဲ႕မိသားစုအစစ္လိုဘဲ” လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။ေခြးပိုင္ရွင္တစ္ေယာက္ကလည္း “ ကြၽန္ေတာ့္ေခြးေလးလည္း ကြၽန္ေတာ္ေနမေကာင္းရင္ အစားမစားဘဲ ကြၽန္ေတာ့္ေဘးမွာ အၿမဲရွိေနတတ္တယ္ ” လို႔ သူ႔ရဲ႕ခ်စ္မဝျဖစ္ရတဲ့ေခြးေလးအေၾကာင္းကို မွတ္ခ်က္ေပးခဲ့ပါေသးတယ္။

1

2

Mia (Mckzone Daily)

Source : nextshark

Unicode

Ventilator စက်တပ်ရင်း လဲအိပ်နေတဲ့ပိုင်ရှင်ဖြစ်သူရဲ့ဘေးမှ ထွက်ခွါရန်ငြင်းဆန်ကြောင်းပြသနေတဲ့ဗီဒီယိုတစ်ခုအပြီးမှာ golden retriever ခွေးလေးတစ်ကောင်ဟာ onlineမှာ လူသိများကျော်ကြားသွားခဲ့ပါတယ်။ Mao Mao လို့ခေါ်တဲ့အဆိုပါခွေးလေးနှင့် ပိုင်ရှင်ဖြစ်သူ အသက် ၅၆နှစ်အရွယ် Shao တို့ဟာ တရုတ်နိုင်ငံ Henan ပြည်နယ် Xinxiang မြို့မှာ နေထိုင်ကြကြောင်း MailOnline မှ သိရပါတယ်။

ဆရာဝန်က သွေးတိုးနှင့်နှလုံးရောဂါခံစားနေရတဲ့ Shao အား ရုတ်တရက်နှလုံးရပ်တန့်ခြင်းမှ ကာကွယ်ရန် ventilator(လေဝင်လေထွက်ထိန်းစက်)ဖြင့် အိပ်စက်ရန်ပြောကြားခဲ့ပါတယ်။ဗီဒီယိုထဲမှာ Shao က ချစ်ဖို့ကောင်းတဲ့ခွေးလေးအား “ စိတ်မပူနဲ့ ၊ ငါနေလို့ကောင်းတယ် ၊ မင်းသွားလို့ရတယ်” လို့ ပြောနေခဲ့ပါတယ်။ခွေးလေးဟာ ပိုင်ရှင်ဖြစ်သူက ventilator စက်တပ်ထားတဲ့အချိန်တိုင်း နေမကောင်းဖြစ်နေတယ်လို့ အမြဲထင်နေခဲ့ပါတယ်။

“ ငါ သူ့လို ခွေးမျိုးတစ်ခါမှ မတွေ့ဖူးဘူး၊ သူက ငါ့အတွက် မိသားစုအစစ်အမှန်မဟုတ်ပေမဲ့ မိသားစုဝင်တစ်ယောက်လို ဖြစ်နေတယ်” လို့ Shao က ဆိုခဲ့ပါတယ်။အင်တာနက်သုံးစွဲသူများကလည်း Mao လေးကို ချစ်မဆုံးဖြစ်သွားခဲ့ရပြီး လူတစ်ယောက်က “ခွေးလေးတွေက လူလိုဘဲ အရာအားလုံးကို သိနေတယ်၊ သူတို့က ငါတို့ရဲ့မိသားစုအစစ်လိုဘဲ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ခွေးပိုင်ရှင်တစ်ယောက်ကလည်း “ ကျွန်တော့်ခွေးလေးလည်း ကျွန်တော်နေမကောင်းရင် အစားမစားဘဲ ကျွန်တော့်ဘေးမှာ အမြဲရှိနေတတ်တယ် ” လို့ သူ့ရဲ့ချစ်မဝဖြစ်ရတဲ့ခွေးလေးအကြောင်းကို မှတ်ချက်ပေးခဲ့ပါသေးတယ်။

Mia (Mckzone Daily)

Be the first to comment on "ေနမေကာင္းျဖစ္ေနတဲ့သခင္ျဖစ္သူရဲ႕အနားကေန ထြက္သြားဖို႔ ျငင္းဆန္ေနခဲ့တဲ့ ေခြးလိမၼာေလး(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*