အမ်ိဳးသားမ်ားလည္း ကေလးငယ္မ်ားအား ႏို႔တိုက္ေကြၽးႏိုင္ေတာ့မယ့္ ကိရိယာတစ္ခုကို စတင္မိတ္ဆက္ေပးခဲ့တဲ့ ကုမၸဏီ

မိခင္မ်ားရဲ႕တစ္ေန႔တာလုပ္ငန္းမွာ မ်ားေသာအားျဖင့္ ကေလးငယ္ေတြကို ျပဳစုေစာင့္ေရွာက္ရျခင္းက အဓိကအက်ဆုံးတစ္ခုျဖစ္ေနပါတယ္။ေမြးကင္းစ ကေလးေတြကို အစာအာဟာရရွိေစဖို႔ မိခင္မ်ားက သူတို႔ရဲ႕မိခင္ႏို႔ရည္ကို တိုက္ေကြၽးေပးၾကရပါတယ္။ကေလးမ်ားကလည္း ၎အာဟာရေၾကာင့္ဘဲ လ်င္ျမန္စြာ ႀကီးထြားလာၾကရတာပါ။ထို႔ေပမဲ့ ယေန႔ေခတ္မွာေတာ့ ၎ႏို႔တိုက္ေကြၽးတဲ့အလုပ္ဟာ မိခင္မ်ားသာမက ဖခင္မ်ားကလည္း တစ္နည္းတစ္ဖုံျဖင့္ ဝင္ေရာက္ကူညီေပးႏိုင္ေနပါၿပီ။တကၠဆက္ျပည္နယ္ ၊ Austin ၿမိဳ႕မွာ က်င္းပတဲ့ ေနာက္ဆုံးေပၚ SXSW ပြဲေတာ္မွာ အမ်ိဳးသားမ်ားလည္း မိမိတို႔ရဲ႕ကေလးမ်ားကို ႏို႔တိုက္ေကြၽးႏိုင္မယ့္ကိရိယာတစ္ခုကို ျပသခဲ့ပါတယ္။

၎ကိရိယာကို ဖခင္ရဲ႕သူနာျပဳလက္ေထာက္ဟုေခၚၿပီး ၎ကိုဂ်ပန္ထုတ္လုပ္သူ Dentsu မွ ဖန္တီးခဲ့ျခင္းျဖစ္ပါတယ္။၎ထုတ္ကုန္ကို “ ႏို႔စို႔ကေလးႏို႔တိုက္ျခင္းႏွင့္အိပ္စက္ျခင္းကိုျဖစ္ေစတဲ့ကိရိယာ” အျဖစ္ ကုမၸဏီကေဖာ္ျပထားပါတယ္။၎ဟာ မိခင္ႏွင့္ပုံေသနည္းမွထုတ္ယူထားတဲ့ ႏို႔ႏွင့္ပုံစံတူပါတယ္။၎ကို ရင္ဘတ္ေပၚတြင္ ၀ တ္ဆင္ႏိုင္တာေၾကာင့္ ဖခင္တို႔လည္း ႏို႔တိုက္တဲ့အခ်ိန္ေတြမွာ မိခင္မ်ားကဲ့သို႔ပင္ ကေလးငယ္ကို ခ်ီရင္း ပုခက္ထားေပးႏိုင္ပါတယ္။၎က ကေလးငယ္ႏွင့္ဖခင္တို႔ကို မိခင္မ်ားကဲ့သို႔ skin-to-skin ျဖစ္ေစသလို ႏို႔သီး႔ေခါင္းလည္းပါဝင္ပါတယ္။ထို႔အျပင္ ၎ဟာ ဖခင္ရဲ႕စမတ္ဖုန္းသို႔ ကူးစက္ႏိုင္သည့္သူနာျပဳလုပ္ငန္းစဥ္မ်ားကို ေစာင့္ၾကည့္ရန္အခ်က္အလက္ေျခရာခံမ်ားလည္း တပ္ဆင္ထားပါတယ္။

ႏို႔တိုက္ေကြၽးတဲ့အခါ ကေလးငယ္မ်ားက ႏို႔သီးေခါင္းမ်ားကို လက္ျဖင့္ ထိေတြ႕ကိုင္တြယ္ေလ့ရွိတာေၾကာင့္ ၎ကိရိယာကိုလည္း ႏူးညံ့ေအာင္ ျပဳလုပ္ထားေၾကာင္း Dentsu မွ ေဖာ္ျပထားပါေသးတယ္။ကေလးငယ္ႏို႔တိုက္ျခင္းက မိခင္မ်ားအတြက္ အိပ္ခ်ိန္ပိုတိုးလာႏိုင္သလို ဖခင္မ်ားလည္း တစ္ဖက္တစ္လမ္းမွကူညီႏိုင္တာေၾကာင့္ ယခုထုတ္ကုန္က မိခင္ေတြအတြက္ အက်ိဳးရွိေစလိမ့္မယ္လို႔လည္း ေဖာ္ျပထားပါတယ္။၎ထုတ္ကုန္ကို အခုထိေစ်းကြက္ထဲ မေရာင္းခ်ေသးေပမယ့္ မိဘမ်ားက ကေလးေတြကို ျပဳစုရတဲ့အခါ အနည္းဆုံး စိတ္ဖိစီးမႈကို ေလ်ာ့ခ်ႏိုင္လိမ့္မယ္လို႔ ကုမၸဏီက ေမွ်ာ္လင့္ေနပါတယ္။

1

Mia (Mckzone Daily)

Source : elitereaders

Unicode

မိခင်များရဲ့တစ်နေ့တာလုပ်ငန်းမှာ များသောအားဖြင့် ကလေးငယ်တွေကို ပြုစုစောင့်ရှောက်ရခြင်းက အဓိကအကျဆုံးတစ်ခုဖြစ်နေပါတယ်။မွေးကင်းစ ကလေးတွေကို အစာအာဟာရရှိစေဖို့ မိခင်များက သူတို့ရဲ့မိခင်နို့ရည်ကို တိုက်ကျွေးပေးကြရပါတယ်။ကလေးများကလည်း ၎င်းအာဟာရကြောင့်ဘဲ လျင်မြန်စွာ ကြီးထွားလာကြရတာပါ။ထို့ပေမဲ့ ယနေ့ခေတ်မှာတော့ ၎င်းနို့တိုက်ကျွေးတဲ့အလုပ်ဟာ မိခင်များသာမက ဖခင်များကလည်း တစ်နည်းတစ်ဖုံဖြင့် ဝင်ရောက်ကူညီပေးနိုင်နေပါပြီ။တက္ကဆက်ပြည်နယ် ၊ Austin မြို့မှာ ကျင်းပတဲ့ နောက်ဆုံးပေါ် SXSW ပွဲတော်မှာ အမျိုးသားများလည်း မိမိတို့ရဲ့ကလေးများကို နို့တိုက်ကျွေးနိုင်မယ့်ကိရိယာတစ်ခုကို ပြသခဲ့ပါတယ်။

၎င်းကိရိယာကို ဖခင်ရဲ့သူနာပြုလက်ထောက်ဟုခေါ်ပြီး ၎င်းကိုဂျပန်ထုတ်လုပ်သူ Dentsu မှ ဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။၎င်းထုတ်ကုန်ကို “ နို့စို့ကလေးနို့တိုက်ခြင်းနှင့်အိပ်စက်ခြင်းကိုဖြစ်စေတဲ့ကိရိယာ” အဖြစ် ကုမ္ပဏီကဖော်ပြထားပါတယ်။၎င်းဟာ မိခင်နှင့်ပုံသေနည်းမှထုတ်ယူထားတဲ့ နို့နှင့် နို့ရည်ပုံစံတူပါတယ်။၎င်းကို ရင်ဘတ်ပေါ်တွင် ၀ တ်ဆင်နိုင်တာကြောင့် ဖခင်တို့လည်း နို့တိုက်တဲ့အချိန်တွေမှာ မိခင်များကဲ့သို့ပင် ကလေးငယ်ကို ချီရင်း ပုခက်ထားပေးနိုင်ပါတယ်။၎င်းက ကလေးငယ်နှင့်ဖခင်တို့ကို မိခင်များကဲ့သို့ skin-to-skin ဖြစ်စေသလို နို့သီးခေါင်းလည်းပါဝင်ပါတယ်။ထို့အပြင် ၎င်းဟာ ဖခင်ရဲ့စမတ်ဖုန်းသို့ ကူးစက်နိုင်သည့်သူနာပြုလုပ်ငန်းစဉ်များကို စောင့်ကြည့်ရန်အချက်အလက်ခြေရာခံများလည်း တပ်ဆင်ထားပါတယ်။

နို့တိုက်ကျွေးတဲ့အခါ ကလေးငယ်များက နို့သီးခေါင်းများကို လက်ဖြင့် ထိတွေ့ကိုင်တွယ်လေ့ရှိတာကြောင့် ၎င်းကိရိယာကိုလည်း နူးညံ့အောင် ပြုလုပ်ထားကြောင်း Dentsu မှ ဖော်ပြထားပါသေးတယ်။ကလေးငယ်နို့တိုက်ခြင်းက မိခင်များအတွက် အိပ်ချိန်ပိုတိုးလာနိုင်သလို ဖခင်များလည်း တစ်ဖက်တစ်လမ်းမှကူညီနိုင်တာကြောင့် ယခုထုတ်ကုန်က မိခင်တွေအတွက် အကျိုးရှိစေလိမ့်မယ်လို့လည်း ဖော်ပြထားပါတယ်။၎င်းထုတ်ကုန်ကို အခုထိစျေးကွက်ထဲ မရောင်းချသေးပေမယ့် မိဘများက ကလေးတွေကို ပြုစုရတဲ့အခါ အနည်းဆုံး စိတ်ဖိစီးမှုကို လျော့ချနိုင်လိမ့်မယ်လို့ ကုမ္ပဏီက မျှော်လင့်နေပါတယ်။

Mia (Mckzone Daily)

  • Leave a Comment