သားျဖစ္သူအတြက္မုန္႔လုပ္ေပးရင္း မုန္႔ေမႊစက္ထဲ လည္စည္းဝင္သြားခဲ့လို႔ အသက္ေသဆံုးခဲ့ရတဲ့ မိခင္

ဘာအလုပ္ပဲလုပ္လုပ္ အျမဲသတိဝီရိယ႐ွိသင့္ပါပဲ ။ တစ္ခါတစ္ေလ အိမ္အလုပ္ပဲဆိုၿပီး ေပါ့ဆခဲ့ရင္ေတာင္ အသက္အႏၱရာယ္က်ေရာက္တဲ့အျဖစ္မ်ိဳးထိေရာက္႐ွိတတ္ပါတယ္ ။ ဒီတစ္ေခါက္မွာလည္း အသက္ 58ႏွစ္အရြယ္ အမ်ိဳးသမီးဟာ မုန္႔ေမႊစက္ထဲ လည္စည္းဝင္သြားခဲ့လို႔ လည္ပင္းအစ္ၿပီး အသက္ေသဆံုးသြားခဲ့ရတဲ့ အျဖစ္မ်ိဳးနဲ႔ ၾကံဳေတြ႔ခဲ့ရပါတယ္ ။ ျဖစ္စဥ္ကေတာ့ ၿပီးခဲ့တဲ့ November 10ရက္ေန႔က အဆိုပါအမ်ိဳးသမီးဟာ သူမရဲ႕အသက္ 15ႏွစ္အရြယ္သားေလးအတြက္ ျပင္သစ္ႏိုင္ငံမွာ႐ွိတဲ့ ေနအိမ္မွာ ေမြးေန႔ကိတ္လုပ္ေပးေနခဲ့တာပါ ။

ထိုအခ်ိန္မွာပဲ သူမဟာလည္စည္းကိုပတ္ထားခဲ့ၿပီး မုန္႔ေမႊစက္ခလုတ္ကိုဖြင့္ခဲ့ပါတယ္ ။ ႐ုတ္တရက္ စက္ထဲသူမရဲ႕လည္စည္းဟာဝင္သြားခဲ့ၿပီး အ႐ွိန္နဲ႔ျဖစ္ေနခဲ့တဲ့အတြက္ သူမစက္ရဲ႕ခလုတ္ကို ပိတ္ဖို႔ႀကိဳးစားခဲ့ေပမဲ့လည္း ပိတ္လို့မရနိုင္ေအာင္ျဖစ္ခဲ့ျပီး သူမရဲ႕လည္ပင္းဟာ လည္းစည္းရဲ႕တင္းက်ပ္စြာရစ္ပတ္ထားျခင္းခံရၿပီးေနာက္ ေသဆံုးသြားခဲ့ရပါတယ္ ။

သူမရဲ႕သားျဖစ္သူဟာ အလြန္ေၾကာက္လန္႔သြားခဲ့ၿပီးေနာက္ အေရးေပၚကယ္ဆယ္ေရးအဖြဲ႔ကို အေၾကာင္းၾကားခဲ့ပါတယ္ ။ ထို႔ေၾကာင့္ အေရးေပၚကယ္ဆယ္ေရးအဖြဲ႔က ၎တို႔ေရာက္မလာခင္ မုန္႔ေမႊစက္ခလုတ္ကိုပိတ္ျပီး သူမကိုရစ္ပတ္ထားတဲ့လည္စည္းကိုျဖတ္ထုတ္ပစ္ဖို႔ သားျဖစ္သူကိုေျပာဆိုခဲ့ၾကပါတယ္ ။ မီးသတ္တပ္ဖြဲ႔မ်ားႏွင့္ လူနာတင္ကားမ်ားေရာက္႐ွိလာၿပီး သူမကိုအေရးေပၚကယ္ဆယ္မႈမ်ားျပဳလုပ္ေပးခဲ့ေပမဲ့လည္း သူမဟာ အသက္ေသဆံုးသြားခဲ့ၿပီး ျဖစ္ပါတယ္ ။ အဆိုပါ မုန္႔ေမႊစက္ရဲ႕ ပစၥည္းတံဆိပ္ကိုေတာ့ ေဖာ္ျပထားျခင္းမ်ိဳးမ႐ွိပါဘူး ။ ဒါေၾကာင့္ ဘာစက္ပစၥည္းပဲျဖစ္ျဖစ္ အသံုးမျပဳဘူးဆိုရင္ စက္ခလုတ္ကို ပိတ္ထားေပးဖို႔လိုအပ္ေၾကာင္း သတိေပးေျပာဆိုလိုက္ရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဘာအလုပ်ပဲလုပ်လုပ် အမြဲသတိဝီရိယရှိသင့်ပါပဲ ။ တစ်ခါတစ်လေ အိမ်အလုပ်ပဲဆိုပြီး ပေါ့ဆခဲ့ရင်တောင် အသက်အန္တရာယ်ကျရောက်တဲ့အဖြစ်မျိုးထိရောက်ရှိတတ်ပါတယ် ။ ဒီတစ်ခေါက်မှာလည်း အသက် 58နှစ်အရွယ် အမျိုးသမီးဟာ မုန့်မွှေစက်ထဲ လည်စည်းဝင်သွားခဲ့လို့ လည်ပင်းအစ်ပြီး အသက်သေဆုံးသွားခဲ့ရတဲ့ အဖြစ်မျိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ် ။ ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ November 10ရက်နေ့က အဆိုပါအမျိုးသမီးဟာ သူမရဲ့အသက် 15နှစ်အရွယ်သားလေးအတွက် ပြင်သစ်နိုင်ငံမှာရှိတဲ့ နေအိမ်မှာ မွေးနေ့ကိတ်လုပ်ပေးနေခဲ့တာပါ ။

ထိုအချိန်မှာပဲ သူမဟာလည်စည်းကိုပတ်ထားခဲ့ပြီး မုန့်မွှေစက်ခလုတ်ကိုဖွင့်ခဲ့ပါတယ် ။ ရုတ်တရက် စက်ထဲသူမရဲ့လည်စည်းဟာဝင်သွားခဲ့ပြီး အရှိန်နဲ့ဖြစ်နေခဲ့တဲ့အတွက် သူမစက်ရဲ့ခလုတ်ကို ပိတ်ဖို့ကြိုးစားခဲ့ပေမဲ့လည်း ပိတ်လို့မရနိုင်အောင်ဖြစ်ခဲ့ပြီး သူမရဲ့လည်ပင်းဟာ လည်းစည်းရဲ့တင်းကျပ်စွာရစ်ပတ်ထားခြင်းခံရပြီးနောက် သေဆုံးသွားခဲ့ရပါတယ် ။

သူမရဲ့သားဖြစ်သူဟာ အလွန်ကြောက်လန့်သွားခဲ့ပြီးနောက် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကို အကြောင်းကြားခဲ့ပါတယ် ။ ထို့ကြောင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ၎င်းတို့ရောက်မလာခင် မုန့်မွှေစက်ခလုတ်ကိုပိတ်ပြီး သူမကိုရစ်ပတ်ထားတဲ့လည်စည်းကိုဖြတ်ထုတ်ပစ်ဖို့ သားဖြစ်သူကိုပြောဆိုခဲ့ကြပါတယ် ။ မီးသတ်တပ်ဖွဲ့များနှင့် လူနာတင်ကားများရောက်ရှိလာပြီး သူမကိုအရေးပေါ်ကယ်ဆယ်မှုများပြုလုပ်ပေးခဲ့ပေမဲ့လည်း သူမဟာ အသက်သေဆုံးသွားခဲ့ပြီး ဖြစ်ပါတယ် ။ အဆိုပါ မုန့်မွှေစက်ရဲ့ ပစ္စည်းတံဆိပ်ကိုတော့ ဖော်ပြထားခြင်းမျိုးမရှိပါဘူး ။ ဒါကြောင့် ဘာစက်ပစ္စည်းပဲဖြစ်ဖြစ် အသုံးမပြုဘူးဆိုရင် စက်ခလုတ်ကို ပိတ်ထားပေးဖို့လိုအပ်ကြောင်း သတိပေးပြောဆိုလိုက်ရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "သားျဖစ္သူအတြက္မုန္႔လုပ္ေပးရင္း မုန္႔ေမႊစက္ထဲ လည္စည္းဝင္သြားခဲ့လို႔ အသက္ေသဆံုးခဲ့ရတဲ့ မိခင္"

Leave a comment

Your email address will not be published.


*