Hatchai Niyomdecha အမည္ရွိအမ်ိဳးသားႏွင့္ သူ႔ရဲ႕မိသားစုအတြက္ ထိုင္းႏိုင္ငံရွိ Nakhon Si Thammarat ကမ္းေျခတစ္ေလွ်ာက္ ကမာခြံမ်ားလိုက္ေကာက္ျခင္းအလုပ္ဟာ အျခားသာမန္ေန႔တစ္ေန႔လိုဘဲ ျဖစ္ေနပါတယ္။သို႔ေပမဲ့ Hatchai အတြက္ အလြန္အံ့အားသင့္သြားစရာျဖစ္သြားခဲ့ရၿပီး ေနာက္ဆုံးမွာ သူ႔ဘဝရဲ႕အႀကီးမားဆုံးေျပာင္းလဲမႈအျဖစ္ ရွာေဖြေတြ႕ရွိမႈတစ္ခုကို ေတြ႕ရွိသြားခဲ့ရပါတယ္။အစီရင္ခံစာမ်ားအရ အသက္ ၃၇ ႏွစ္အ႐ြယ္တံငါသည္တစ္ဦးဟာ လြန္ခဲ့တဲ့ ဇန္နဝါရီလ ၂၇ ရက္ေန႔က လိေမၼာ္ေရာင္ပုလဲကို ရွားပါးစြာ ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း သိရွိရပါတယ္။ Hatchai ဟာ သူ မေမွ်ာ္လင့္ထားတဲ့ရွာေဖြေတြ႕ရွိမႈႀကီးမတိုင္မီ ရက္အနည္းငယ္အလိုမွာ ၎အရာႏွင့္ ပတ္သက္ၿပီး ထူးဆန္းတဲ့အိပ္မက္မက္ခဲ့ပါေသးတယ္။
Hatchai က “ အျဖဴေရာင္ႏႈတ္ခမ္းေမႊးရွည္ရွည္နဲ႔လူအိုတစ္ေယာက္က ငါ လက္ေဆာင္ရဖို႔ ကမ္းေျခကိုလာခဲ့လို႔ ေျပာေနခဲ့တယ္ ၊ ငါ့အထင္ သူကငါ့ကို ဒီပုလဲကို ရွာခိုင္းခဲ့ပုံဘဲ ” လို႔ဆိုၿပီး သူ႔ရဲ႕အိမ္မက္အေၾကာင္းကို ေျပာျပခဲ့ပါတယ္။ထို႔ေနာက္ Hatchai ဟာ သူ႔ရဲ႕ရွာေဖြေတြ႕ရွိမႈမွ ေငြရွာလိုၿပီး “ ပုလဲကို အျမင့္ဆုံးေဈးနဲ႔ေရာင္းခ်င္တယ္ ၊ ဒီပိုက္ဆံက ငါ့ဘဝကိုဘဲ ေျပာင္းလဲေစမွာမဟုတ္ဘဲ ငါ့ရဲ႕ကံၾကမၼာကိုလည္း ေျပာင္းလဲေစလိမ့္မယ္ ၊ ငါ့မိသားစုတစ္စုလုံးလည္း ပိုေကာင္းတဲ့ဘ၀ေတြရရွိမွာပါ ” လို႔ ဆိုခဲ့ပါတယ္။
ခ်မ္းသာႂကြယ္ဝတဲ့စီးပြါးေရးသမားတစ္ဦးက Hatchai တို႔မိသားစုႏွင့္ဆက္သြယ္ခဲ့ၿပီး ပုလဲအတြက္ ဘတ္ ၁ သန္း (ေဒၚလာ ၃၃,၀၀၀) ကမ္းလွမ္းခဲ့ေပမဲ့ ျငင္းပယ္ခံခဲ့ရပါတယ္။ထို႔ေနာက္ စုေဆာင္းသူတစ္ဦးက ဘတ္ ၅ သန္း (ေဒၚလာ ၁၆၇,၀၀၀) ျဖင့္ ၀ယ္လိုခဲ့ေသာ္လည္း Hatchai က ထပ္မံျငင္းဆိုခဲ့ျပန္ပါတယ္။ထို႔အျပင္ အဆိုပါတို႔မိသားစုဟာ ရွားပါးပုလဲအား ပိုမိုေကာင္းမြန္တဲ့ေစ်းႏႈန္းျဖင့္ ေရာင္းခ်ႏိုင္ေသးေၾကာင္း အခိုင္အမာယုံၾကည္ေနခဲ့ၾကပါတယ္။လက္ရွိမွာ တ႐ုတ္ႏိုင္ငံမွ ၀ယ္လိုသူတစ္ဦးဟာ မိသားစုႏွင့္ေဆြးေႏြးညႇိႏႈိင္းေနၿပီး အဖိုးတန္ပုလဲကို ဘတ္ ၁၀ သန္း(ေဒၚလာ ၃၄၀,၀၀၀)ျဖင့္ ၀ယ္ယူရန္ လုပ္ေဆာင္ေနပါတယ္။
Mia (Mckzone Daily)
Source : elitereaders
Unicode
Hatchai Niyomdecha အမည်ရှိအမျိုးသားနှင့် သူ့ရဲ့မိသားစုအတွက် ထိုင်းနိုင်ငံရှိ Nakhon Si Thammarat ကမ်းခြေတစ်လျှောက် ကမာခွံများလိုက်ကောက်ခြင်းအလုပ်ဟာ အခြားသာမန်နေ့တစ်နေ့လိုဘဲ ဖြစ်နေပါတယ်။သို့ပေမဲ့ Hatchai အတွက် အလွန်အံ့အားသင့်သွားစရာဖြစ်သွားခဲ့ရပြီး နောက်ဆုံးမှာ သူ့ဘဝရဲ့အကြီးမားဆုံးပြောင်းလဲမှုအဖြစ် ရှာဖွေတွေ့ရှိမှုတစ်ခုကို တွေ့ရှိသွားခဲ့ရပါတယ်။
Hatchai က “ အဖြူရောင်နှုတ်ခမ်းမွှေးရှည်ရှည်နဲ့လူအိုတစ်ယောက်က ငါ လက်ဆောင်ရဖို့ ကမ်းခြေကိုလာခဲ့လို့ ပြောနေခဲ့တယ် ၊ ငါ့အထင် သူကငါ့ကို ဒီပုလဲကို ရှာခိုင်းခဲ့ပုံဘဲ ” လို့ဆိုပြီး သူ့ရဲ့အိမ်မက်အကြောင်းကို ပြောပြခဲ့ပါတယ်။ထို့နောက် Hatchai ဟာ သူ့ရဲ့ရှာဖွေတွေ့ရှိမှုမှ ငွေရှာလိုပြီး “ ပုလဲကို အမြင့်ဆုံးဈေးနဲ့ရောင်းချင်တယ် ၊ ဒီပိုက်ဆံက ငါ့ဘဝကိုဘဲ ပြောင်းလဲစေမှာမဟုတ်ဘဲ ငါ့ရဲ့ကံကြမ္မာကိုလည်း ပြောင်းလဲစေလိမ့်မယ် ၊ ငါ့မိသားစုတစ်စုလုံးလည်း ပိုကောင်းတဲ့ဘ၀တွေရရှိမှာပါ ” လို့ ဆိုခဲ့ပါတယ်။
ချမ်းသာကြွယ်ဝတဲ့စီးပွါးရေးသမားတစ်ဦးက Hatchai တို့မိသားစုနှင့်ဆက်သွယ်ခဲ့ပြီး ပုလဲအတွက် ဘတ် ၁ သန်း (ဒေါ်လာ ၃၃,၀၀၀) ကမ်းလှမ်းခဲ့ပေမဲ့ ငြင်းပယ်ခံခဲ့ရပါတယ်။ထို့နောက် စုဆောင်းသူတစ်ဦးက ဘတ် ၅ သန်း (ဒေါ်လာ ၁၆၇,၀၀၀) ဖြင့် ၀ယ်လိုခဲ့သော်လည်း Hatchai က ထပ်မံငြင်းဆိုခဲ့ပြန်ပါတယ်။ထို့အပြင် အဆိုပါတို့မိသားစုဟာ ရှားပါးပုလဲအား ပိုမိုကောင်းမွန်တဲ့စျေးနှုန်းဖြင့် ရောင်းချနိုင်သေးကြောင်း အခိုင်အမာယုံကြည်နေခဲ့ကြပါတယ်။
Mia (Mckzone Daily)
Be the first to comment on "ရွားပါးၿပီး ေဒၚလာ ၃၄၀,၀၀၀ တန္ဖိုးရွိလိေမၼာ္ေရာင္ပုလဲကို ရွာေဖြေတြ႕ရွိခဲ့တဲ့ တံငါသည္တစ္ဦး"