ေရမခ်ိဳးခ်င္လို႔ သခင္မသိေအာင္ ေရခ်ိဳးသဘက္ေနာက္ကြယ္မွာ တိတ္တခိုးပုန္းေနခဲ့ၾကတဲ့ ေခြးေလးႏွစ္ေကာင္

Theresa Milke အမည္ရွိအမ်ိဳးသမီးမွာ Sullivan ႏွင့္ Sampson လို႔ေခၚတဲ့ ေခြးႏွစ္ေကာင္ရွိၿပီး သူတို႔က ညီအစ္ကိုမ်ားျဖစ္ၾကပါတယ္။သို႔ေပမဲ့ Sullivan ႏွင့္ Sampson တို႔ဟာ ေရထဲလႈပ္ရွားမႈမ်ားႏွင့္ပတ္သက္လာလွ်င္ ကြဲျပားတဲ့အျမင္ေတြရွိေနပါတယ္။Sullivan က ေရကူးတာကိုႏွစ္သက္ေပမယ့္ သူဟာ Sampson လိုပဲေရခ်ိဳးရတာကိုမုန္းပါတယ္။သူတို႔ကို ေရခ်ိဳးေပးဖို႔အဆင္သင့္ျဖစ္ၿပီဆိုတာကိုသိရင္ သူတို႔ဟာ ဆိုဖာေပၚမွာ ဒါမွမဟုတ္ အိပ္ရာေပၚမွာၿမဲၿမံစြာေနၿပီး ေျပာင္းေ႐ႊ႕ဖို႔လုံးဝျငင္းဆန္ေနတတ္ပါတယ္။တစ္ေန႔ေတာ့ သခင္ျဖစ္သူက ေခြးႏွစ္ေကာင္စလုံးကို ေရခ်ိဳးေပးဖို႔ ေရခ်ိဳးခန္းထဲမွာ သူမႏွင့္အတူ တံခါးပိတ္ထားၿပီးေနာက္ သူတို႔ကို ေရခ်ိဳးစည္ထဲသို႔ ၀င္ခိုင္းခဲ့ေပမဲ့ သူမေနာက္လွည့္ၾကည့္လိုက္တဲ့အခါ ေခြးေလးႏွစ္ေကာင္စလုံးကို ရယ္စရာအေကာင္းဆုံးအေနအထားနဲ႔ ျမင္ေတြ႕ခဲ့ရတယ္လို႔ Mike ကဆိုပါတယ္။

” သူတို႔ထဲက တစ္ေယာက္ကို စည္ပိုင္းထဲဝင္ဖို႔ေျပာမို႔ လုပ္တုန္း ငါေနာက္လွည့္ၾကည့္လိုက္ေတာ့ သူတို႔ႏွစ္ေကာင္စလုံးက ေရခ်ိဳးသဘက္ေနာက္မွာ ပုန္းေနၾကတာကို ျမင္လိုက္ရတယ္” လို႔ Milke က ေျပာခဲ့ၿပီး သူမဟာ သူမဖုန္းကို အလ်င္အျမန္ထုတ္ကာ မွတ္တမ္းတင္႐ိုက္ကူးႏိုင္ခဲ့တယ္လို႔လည္း ဆိုခဲ့ပါတယ္။ဗီဒီယိုထဲအရ Milkeက ေရခ်ိဳးသဘက္ကိုဖယ္လိုက္တဲ့အခါ ေခြးေလးေတြဟာ ေခြၽးေတြထြက္ၿပီး သူမကို မ်က္လုံးကလည္ကလည္နဲ႔ ျပန္ၾကည့္ေနခဲ့ပါတယ္။

ပုံမွန္အားျဖင့္ Sullivan က Sampson ရဲ႕ေနာက္ကြယ္မွာပုန္းေနတတ္ၿပီး Sullivan ကို ေရခ်ိဳးစည္ထဲ၀င္လာေအာင္လုပ္ဖို႔ အခ်ိန္အေတာ္အၾကာယူခဲ့ရၿပီး ေနာက္ဆုံး Sampson က Sullivan ထက္ အရင္ေရခ်ိဳးစည္ထဲဝင္လိုက္ရေၾကာင္း Milleက ေျပာျပခဲ့ပါတယ္။Milkeက ေခြးေလးေတြဟာ အၿမဲတမ္း သူတို႔ရဲ႕ေရခ်ိဳးတဲ့အခ်ိန္မွာ ခ်စ္စဖြယ္ေကာင္းတဲ့ သူတို႔ရဲ႕ပုန္းကြယ္မႈႏွင့္ ေရခ်ိဳးရန္ေျခာက္ျခားေနတဲ့ သူတို႔ရဲ႕ ပုံစံက သူမတို႔တစ္မိသားစုလုံးအတြက္ ေပ်ာ္စရာေကာင္းတဲ့ ေဖ်ာ္ေျဖမႈတစ္ခုလို ျဖစ္ေနၿပီး အားလုံးေပ်ာ္႐ႊင္ေနရတယ္လို႔လည္း ဆိုပါေသးတယ္။

1

Mia (Mckzone Daily)

Source : thedodo

Unicode

Theresa Milke အမည်ရှိအမျိုးသမီးမှာ Sullivan နှင့် Sampson လို့ခေါ်တဲ့ ခွေးနှစ်ကောင်ရှိပြီး သူတို့က ညီအစ်ကိုများဖြစ်ကြပါတယ်။သို့ပေမဲ့ Sullivan နှင့် Sampson တို့ဟာ ရေထဲလှုပ်ရှားမှုများနှင့်ပတ်သက်လာလျှင် ကွဲပြားတဲ့အမြင်တွေရှိနေပါတယ်။Sullivan က ရေကူးတာကိုနှစ်သက်ပေမယ့် သူဟာ Sampson လိုပဲရေချိုးရတာကိုမုန်းပါတယ်။သူတို့ကို ရေချိုးပေးဖို့အဆင်သင့်ဖြစ်ပြီဆိုတာကိုသိရင် သူတို့ဟာ ဆိုဖာပေါ်မှာ ဒါမှမဟုတ် အိပ်ရာပေါ်မှာမြဲမြံစွာနေပြီး ပြောင်းရွှေ့ဖို့လုံးဝငြင်းဆန်နေတတ်ပါတယ်။

” သူတို့ထဲက တစ်ယောက်ကို စည်ပိုင်းထဲဝင်ဖို့ပြောမို့ လုပ်တုန်း ငါနောက်လှည့်ကြည့်လိုက်တော့ သူတို့နှစ်ကောင်စလုံးက ရေချိုးသဘက်နောက်မှာ ပုန်းနေကြတာကို မြင်လိုက်ရတယ်” လို့ Milke က ပြောခဲ့ပြီး သူမဟာ သူမဖုန်းကို အလျင်အမြန်ထုတ်ကာ မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့တယ်လို့လည်း ဆိုခဲ့ပါတယ်။ဗီဒီယိုထဲအရ Milkeက ရေချိုးသဘက်ကိုဖယ်လိုက်တဲ့အခါ ခွေးလေးတွေဟာ ချွေးတွေထွက်ပြီး သူမကို မျက်လုံးကလည်ကလည်နဲ့ ပြန်ကြည့်နေခဲ့ပါတယ်။

ပုံမှန်အားဖြင့် Sullivan က Sampson ရဲ့နောက်ကွယ်မှာပုန်းနေတတ်ပြီး Sullivan ကို ရေချိုးစည်ထဲ၀င်လာအောင်လုပ်ဖို့ အချိန်အတော်အကြာယူခဲ့ရပြီး နောက်ဆုံး Sampson က Sullivan ထက် အရင်ရေချိုးစည်ထဲဝင်လိုက်ရကြောင်း Milleက ပြောပြခဲ့ပါတယ်။Milkeက ခွေးလေးတွေဟာ အမြဲတမ်း သူတို့ရဲ့ရေချိုးတဲ့အချိန်မှာ ချစ်စဖွယ်ကောင်းတဲ့ သူတို့ရဲ့ပုန်းကွယ်မှုနှင့် ရေချိုးရန်ခြောက်ခြားနေတဲ့ သူတို့ရဲ့ ပုံစံက သူမတို့တစ်မိသားစုလုံးအတွက် ပျော်စရာကောင်းတဲ့ ဖျော်ဖြေမှုတစ်ခုလို ဖြစ်နေပြီး အားလုံးပျော်ရွှင်နေရတယ်လို့လည်း ဆိုပါသေးတယ်။

Mia (Mckzone Daily)

  • Leave a Comment