အိမ္ေျခမဲ့သူေတြကို သူ႔ရဲ႕ေနအိမ္ၿခံဝင္းထဲသို႔ လာေရာက္ေနထိုင္ရန္ ဖိတ္ေခၚခဲ့တဲ့ အမ်ိဳးသား

က်ပန္း႐ြက္ဖ်င္တဲအုပ္စုတစ္စုဟာ Utah ျပည္နယ္ Salt Lake City ရွိ Darin Mann အမည္ရွိအမ်ိဳးသားတစ္ဦးရဲ႕ေနအိမ္ၿခံဝင္းမွာ အေျခခ်ေနပါတယ္။ Darin ရဲ႕ၾကင္နာမႈေၾကာင့္ ထိုတဲမ်ားရွိ ေနထိုင္သူ ၁၅ ဦးခန႔္က ၿခံဝင္းထဲမွာ ေနထိုင္ေနၾကၿပီး သူ႔ရဲ႕ေနအိမ္ရွိေရခ်ိဳးခန္းကိုလည္း အလြယ္တကူအသုံးျပဳႏိုင္ပါတယ္။ေက်း႐ြာစခန္းဟုအမည္ေပးထားတဲ့ ၎ၿခံဝင္းပိုက္နက္ကို ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလလယ္မွာ စတင္ဖြင့္လွစ္ခဲ့ပါတယ္။ေဒသခံတက္ႂကြလႈပ္ရွားသူတစ္ဦးျဖစ္တဲ့ Darin ဟာ “ အိုးမဲ့အိမ္မဲ့ျဖစ္မႈကို လူမ်ားကမည္သို႔ရႈျမင္သည္ကို ဖယ္ရွားပစ္ရန္” ရည္႐ြယ္ခ်က္ျဖင့္ သူ႔ရဲ႕ ပိုင္ဆိုင္မႈကို အသုံးခ်ေစခဲ့ပါတယ္။လူတိုင္းကိုဂုဏ္သိကၡာရွိရွိဆက္ဆံရန္လိုအပ္ၿပီး လိုအပ္လာရင္လည္း ကူညီေပးရမယ္လို႔ Darin က သူကိုယ္သူ ခံယူထားပါတယ္။၎စခန္းမွာ ေနထိုင္သူမ်ားက သူထိန္းသိမ္းထားတဲ့အမ်ားျပည္သူပိုင္ဥယ်ာဥ္ကို သန႔္ရွင္းေရးလုပ္ျခင္းျဖင့္ ရပ္႐ြာကိုကူညီေပးၾကသလို စခန္းကိုလည္း သန႔္ရွင္းစြာထားၾကေၾကာင္း Darin က ဆိုပါတယ္။

Darin ရဲ႕စီမံကိန္းဟာ သူ႔ရဲ႕အိမ္နီးခ်င္းမ်ားႏွင့္ သေဘာထားကြဲလႊဲမႈေတြလည္း ရွိေနပါတယ္။သူတို႔ထဲကအခ်ိဳ႕က ၿမိဳ႕ေတာ္ဝန္မ်ားထံ တိုင္ၾကားစာမ်ားတင္သြင္းခဲ့ၾကၿပီး Darinဟာ လူေနအိမ္မ်ားကို ၂ ရက္ေက်ာ္စခန္းခ်ခြင့္မျပဳသည့္စည္းမ်ဥ္းကို ေဖာက္ဖ်က္ေနသည္ဟု ဆိုခဲ့ၾကပါတယ္။Darinဟာ စခန္းပိတ္ရန္ ႏွစ္ပတ္ႀကိဳတင္အေၾကာင္းၾကားစာပါ ရရွိခဲ့ပါေသးတယ္။သို႔ေပမဲ့ သူတို႔ထဲမွအခ်ိဳ႕ကေတာ့ စခန္းအတြက္ လႉဒါန္းဖို႔အစားအစာခ်က္ျပဳတ္ေပးၾကသလို အျခားသူမ်ားကမူ သူတို႔ရဲ႕ေနအိမ္မ်ားအတြက္ အလုပ္လုပ္ေပးရန္ ဌားရမ္းခဲ့ၾကပါတယ္။အဆိုပါစခန္းရဲ႕ေနထိုင္သူမ်ားက Darinရဲ႕ၿခံဝင္းထဲမွာ ေနထိုင္ရျခင္းက သူတို႔အတြက္ အရမ္းကို လုံၿခဳံစိတ္ခ်ရေၾကာင္း ေျပာၾကားခဲ့ၾကပါတယ္။

သူတို႔ထဲမွ တစ္ေယာက္က “ ငါ သူ႔ကို အရင္က ေတြ႕ဖူးေပမဲ့ ေတြ႕လိုက္တဲ့ခနတာအတြင္းမွာ သူက အရမ္းသေဘာေကာင္းေဖာ္ေ႐ြတယ္ ၊အခုေတာ့ ငါ သူ႔ရဲ႕အရိပ္ေအာက္မွာ ခိုလႈံခြင့္ရေနၿပီ ” လို႔ ဆိုခဲ့ပါတယ္။ထို႔အျပင္ Darin က ၿမိဳ႕ေတာ္အစိုးရဟာ အိုးမဲ့အိမ္မဲ့သူမ်ားအတြက္ ပိုမိုလုပ္ေဆာင္ေပးသင့္တယ္လို႔ ယုံၾကည္ေနၿပီး လာမည့္ႏွစ္ပတ္အတြင္း စခန္းအား ဆက္လက္ဖြင့္လွစ္ႏိုင္ဖို႔ စည္း႐ုံးသိမ္းသြင္းရန္ အဆင့္ျမင့္ၿမိဳ႕အာဏာပိုင္မ်ားႏွင့္ေတြ႕ဆုံခဲ့ပါေသးတယ္။Darinဟာ လူ႔အဖြဲ႕အစည္းရဲ႕အနားသတ္မွာေနထိုင္ေနၾကသူေတြကိုလည္း သူကဲ့သို႔ အိုးမဲ့အိမ္မဲ့မ်ားအား အကူအညီေပးႏိုင္ေစရန္ ေမွ်ာ္လင့္ေနပါတယ္။

1

2

Mia (Mckzone Daily)

Source : elitereaders

Unicode

ကျပန်းရွက်ဖျင်တဲအုပ်စုတစ်စုဟာ Utah ပြည်နယ် Salt Lake City ရှိ Darin Mann အမည်ရှိအမျိုးသားတစ်ဦးရဲ့နေအိမ်ခြံဝင်းမှာ အခြေချနေပါတယ်။ Darin ရဲ့ကြင်နာမှုကြောင့် ထိုတဲများရှိ နေထိုင်သူ ၁၅ ဦးခန့်က ခြံဝင်းထဲမှာ နေထိုင်နေကြပြီး သူ့ရဲ့နေအိမ်ရှိရေချိုးခန်းကိုလည်း အလွယ်တကူအသုံးပြုနိုင်ပါတယ်။ကျေးရွာစခန်းဟုအမည်ပေးထားတဲ့ ၎င်းခြံဝင်းပိုက်နက်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလလယ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

Darin ရဲ့စီမံကိန်းဟာ သူ့ရဲ့အိမ်နီးချင်းများနှင့် သဘောထားကွဲလွှဲမှုတွေလည်း ရှိနေပါတယ်။သူတို့ထဲကအချို့က မြို့တော်ဝန်များထံ တိုင်ကြားစာများတင်သွင်းခဲ့ကြပြီး Darinဟာ လူနေအိမ်များကို ၂ ရက်ကျော်စခန်းချခွင့်မပြုသည့်စည်းမျဉ်းကို ဖောက်ဖျက်နေသည်ဟု ဆိုခဲ့ကြပါတယ်။Darinဟာ စခန်းပိတ်ရန် နှစ်ပတ်ကြိုတင်အကြောင်းကြားစာပါ ရရှိခဲ့ပါသေးတယ်။သို့ပေမဲ့ သူတို့ထဲမှအချို့ကတော့ စခန်းအတွက် လှူဒါန်းဖို့အစားအစာချက်ပြုတ်ပေးကြသလို အခြားသူများကမူ သူတို့ရဲ့နေအိမ်များအတွက် အလုပ်လုပ်ပေးရန် ဌားရမ်းခဲ့ကြပါတယ်။

သူတို့ထဲမှ တစ်ယောက်က “ ငါ သူ့ကို အရင်က တွေ့ဖူးပေမဲ့ တွေ့လိုက်တဲ့ခနတာအတွင်းမှာ သူက အရမ်းသဘောကောင်းဖော်ရွေတယ် ၊အခုတော့ ငါ သူ့ရဲ့အရိပ်အောက်မှာ ခိုလှုံခွင့်ရနေပြီ ” လို့ ဆိုခဲ့ပါတယ်။ထို့အပြင် Darin က မြို့တော်အစိုးရဟာ အိုးမဲ့အိမ်မဲ့သူများအတွက် ပိုမိုလုပ်ဆောင်ပေးသင့်တယ်လို့ ယုံကြည်နေပြီး လာမည့်နှစ်ပတ်အတွင်း စခန်းအား ဆက်လက်ဖွင့်လှစ်နိုင်ဖို့ စည်းရုံးသိမ်းသွင်းရန် အဆင့်မြင့်မြို့အာဏာပိုင်များနှင့်တွေ့ဆုံခဲ့ပါသေးတယ်။

Mia (Mckzone Daily)

Be the first to comment on "အိမ္ေျခမဲ့သူေတြကို သူ႔ရဲ႕ေနအိမ္ၿခံဝင္းထဲသို႔ လာေရာက္ေနထိုင္ရန္ ဖိတ္ေခၚခဲ့တဲ့ အမ်ိဳးသား"

Leave a comment

Your email address will not be published.


*