ကေလးငယ္က အငိုမတိတ္လို႔ဆိုၿပီး တစ္ဘဝလံုးအေၾကာေသသြားေလာက္တဲ့အထိ႐ိုက္ႏွက္ခဲ့တဲ့ ကေလးထိန္း(႐ုပ္သံ)

ကေလးထိန္ဆိုတာက ကေလးငယ္ရဲ႕မိဘေတြအေဝးေရာက္ေနခ်ိန္မွာ ကေလးေတြကိုဂ႐ုတစိုက္ထိန္းသိမ္းေစာင့္ေ႐ွာက္ဖို႔ အခေၾကးေငြေပးၿပီး ဌားရန္းထားတဲ့သူေတြပါ ။ ဒါေပမဲ့ တစ္ခ်ိဳ႕ေသာကေလးထိန္းေတြက ဝတၱရားအရအလုပ္ကိုလုပ္ေနၿပီး အမွန္တကယ္စိတ္ရင္းေစတနာနဲ႔ ကေလးငယ္ေတြကိုေစာင့္ေ႐ွာက္ခ်င္စိတ္မ်ိဳးမ႐ွိဘဲ ကေလးငယ္ရဲ႕မိဘေတြေနာက္ကြယ္မွာေတာ့ ကေလးကိုႏွိပ္စက္ခ်င္သလို ႏွိပ္စက္ေနေလ့႐ွိၾကပါတယ္ ။ ဒီတစ္ေခါက္မွာလည္း ထိုင္ဝမ္မွာေနထိုင္တဲ့မိသားစုတစ္စုဟာ သူတို႔ရဲ႕ကေလးငယ္တစ္ခုခုလြဲမွားေနၿပီဆိုတာကိုသိ႐ွိၿပီးေနာက္ ခ်က္ခ်င္းေဆးရံုသို႔ပို႔ေဆာင္ၿပီး စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ပါတယ္ ။ ထို႔ေနာက္ ဆရာဝန္က ကေလးငယ္ဟာ ဦးေခါင္းအတြင္းပိုင္း ေသြးထြက္သံယိုျဖစ္ေနသည့္အျပင္ လက္ေမာင္းက်ိဳးပဲ့ဒဏ္ရာရ႐ွိေနခဲ့ကာ ၊ ဦးေခါင္း ၊ ရင္ဘတ္ ႏွင့္ ေက်ာကုန္းေနမွာပါ အတြင္းေၾကဒဏ္ရာမ်ား ရ႐ွိေနခဲ့တာျဖစ္ေၾကာင္း ကေလးငယ္၏အေျခအေနကို ဆရာဝန္ကေျပာျပခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း Ms Guo အမည္႐ွိတဲ့ ကေလးထိန္းအမ်ိဳသမီးဟာ1ႏွစ္အရြယ္ ကေလးငယ္သတိလစ္ေမ့ေမ်ာျခင္းမျဖစ္ေသးခင္အခ်ိန္က ကေလးငယ္ကိုေရခ်ိဳးသန္႔စင္ေပးမႈသာျပဳလုပ္ေပးခဲ့တာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ သို့ေပမဲ့လည္း ဆက္လက္ၿပီးစစ္ေဆးေမးျမန္းခဲ့ခ်ိန္မွာေတာ့ Ms.Guo ဟာ ကေလးငယ္ကို diaper လဲေပးဖို႔လုပ္ေနခ်ိန္မွာ ကေလးက diaper ထဲကိုေျခေထာက္ေကာင္းေကာင္းမထည့္ခဲ့တဲ့အတြက္ စိတ္ဆိုးေဒါသထြက္ၿပီး ကေလးရဲ႕ေျခေထာက္ႏွစ္ဖက္လံုး အားနဲ႔ေစာင့္ဆြဲၿပီး diaper ထဲထည့္လိုက္ပါတယ္ ။ ထို႔ေနာက္ ကေလးငယ္က ငိုယိုေနေသာေၾကာင့္ ခုတင္ေပၚမွကေလးငယ္ကိုေပြ႔ခ်ီၿပီး ခ်ိဳင္းၾကားဖက္ကေနမကာ အားႏွင့္အျပင္းအထန္လႈပ္ခါပစ္ခဲ့ပါေတာ့တယ္ ။

သို႔ေပမဲ့လည္း ကေလးငယ္ကအငိုမတိတ္၍ အားထည့္ၿပီးျပင္းထန္စြာ ခုတင္ကေန ၾကမ္းျပင္ေပၚသို႔ဆြဲခ်ပစ္ခဲ့၍ ကေလးငယ္မွာ လက္ေမာင္းက်ိဳးခဲ့ရပါတယ္ ။ ဆရာဝန္ကေတာ့ ကေလးငယ္ရဲ႕ထိခိုက္ဒဏ္ရာေတြေၾကာင့္ အသက္႐ွင္ႏိုင္ေပမဲ့လည္း ကေလးငယ္ဦးေႏွာက္မွာထိခိုက္ပ်က္ဆီးမႈ႐ွိခဲ့ေသာေၾကာင့္ နဂိုလိုျပန္မေကာင္းႏိုင္ေတာ့ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ တရားရံုးအတြင္းအမႈစစ္ေဆးခ်ိန္မွာ ကေလးထိန္းဟာ မေတာ္တဆျဖစ္ပ်က္ခဲ့တာျဖစ္လို႔ သူမကိုေလ်ာ့ေပါ့ေသာ ျပစ္ဒဏ္ခ်မွတ္ေပးဖို႔ေတာင္ဆိုခဲ့ေသာေၾကာင့္ ကေလးငယ္မိခင္က ” ငါ့သမီးရဲ႕ဘဝက နင့္ေၾကာင့္ ပ်က္ဆီးသြားၿပီ ၊ အဲတာကိုနင္က ေတာ္ေတာ္သတၱိ႐ွိေနၿပီး ျပစ္ဒဏ္ေလ်ာ့ေပါ့ေပးဖို႔ေတာင္းဆိုေနတာလား ” ဆိုၿပီး ျပန္လည္ေျပာၾကားခဲ့ပါေတာ့တယ္ ။ အဆိုပါ ကေလးထိန္ဟာ ထိုက္တန္ေသာျပစ္ဒဏ္ကို ျပန္ခံရဖို႔ ေမ်ွာ္လင့္ရမွာပါပဲေလ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကလေးထိန်ဆိုတာက ကလေးငယ်ရဲ့မိဘတွေအဝေးရောက်နေချိန်မှာ ကလေးတွေကိုဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်ဖို့ အခကြေးငွေပေးပြီး ဌားရန်းထားတဲ့သူတွေပါ ။ ဒါပေမဲ့ တစ်ချို့သောကလေးထိန်းတွေက ဝတ္တရားအရအလုပ်ကိုလုပ်နေပြီး အမှန်တကယ်စိတ်ရင်းစေတနာနဲ့ ကလေးငယ်တွေကိုစောင့်ရှောက်ချင်စိတ်မျိုးမရှိဘဲ ကလေးငယ်ရဲ့မိဘတွေနောက်ကွယ်မှာတော့ ကလေးကိုနှိပ်စက်ချင်သလို နှိပ်စက်နေလေ့ရှိကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း ထိုင်ဝမ်မှာနေထိုင်တဲ့မိသားစုတစ်စုဟာ သူတို့ရဲ့ကလေးငယ်တစ်ခုခုလွဲမှားနေပြီဆိုတာကိုသိရှိပြီးနောက် ချက်ချင်းဆေးရုံသို့ပို့ဆောင်ပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ပါတယ် ။ ထို့နောက် ဆရာဝန်က ကလေးငယ်ဟာ ဦးခေါင်းအတွင်းပိုင်း သွေးထွက်သံယိုဖြစ်နေသည့်အပြင် လက်မောင်းကျိုးပဲ့ဒဏ်ရာရရှိနေခဲ့ကာ ၊ ဦးခေါင်း ၊ ရင်ဘတ် နှင့် ကျောကုန်းနေမှာပါ အတွင်းကြေဒဏ်ရာများ ရရှိနေခဲ့တာဖြစ်ကြောင်း ကလေးငယ်၏အခြေအနေကို ဆရာဝန်ကပြောပြခဲ့ပါတယ် ။

သို့ပေမဲ့လည်း Ms Guo အမည်ရှိတဲ့ ကလေးထိန်းအမျိုသမီးဟာ1နှစ်အရွယ် ကလေးငယ်သတိလစ်မေ့မျောခြင်းမဖြစ်သေးခင်အချိန်က ကလေးငယ်ကိုရေချိုးသန့်စင်ပေးမှုသာပြုလုပ်ပေးခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ သို့ပေမဲ့လည်း ဆက်လက်ပြီးစစ်ဆေးမေးမြန်းခဲ့ချိန်မှာတော့ Ms.Guo ဟာ ကလေးငယ်ကို diaper လဲပေးဖို့လုပ်နေချိန်မှာ ကလေးက diaper ထဲကိုခြေထောက်ကောင်းကောင်းမထည့်ခဲ့တဲ့အတွက် စိတ်ဆိုးဒေါသထွက်ပြီး ကလေးရဲ့ခြေထောက်နှစ်ဖက်လုံး အားနဲ့စောင့်ဆွဲပြီး diaper ထဲထည့်လိုက်ပါတယ် ။ ထို့နောက် ကလေးငယ်က ငိုယိုနေသောကြောင့် ခုတင်ပေါ်မှကလေးငယ်ကိုပွေ့ချီပြီး ချိုင်းကြားဖက်ကနေမကာ အားနှင့်အပြင်းအထန်လှုပ်ခါပစ်ခဲ့ပါတော့တယ် ။

သို့ပေမဲ့လည်း ကလေးငယ်ကအငိုမတိတ်၍ အားထည့်ပြီးပြင်းထန်စွာ ခုတင်ကနေ ကြမ်းပြင်ပေါ်သို့ဆွဲချပစ်ခဲ့၍ ကလေးငယ်မှာ လက်မောင်းကျိုးခဲ့ရပါတယ် ။ ဆရာဝန်ကတော့ ကလေးငယ်ရဲ့ထိခိုက်ဒဏ်ရာတွေကြောင့် အသက်ရှင်နိုင်ပေမဲ့လည်း ကလေးငယ်ဦးနှောက်မှာထိခိုက်ပျက်ဆီးမှုရှိခဲ့သောကြောင့် နဂိုလိုပြန်မကောင်းနိုင်တော့ကြောင်း ပြောဆိုခဲ့ပါတယ် ။ တရားရုံးအတွင်းအမှုစစ်ဆေးချိန်မှာ ကလေးထိန်းဟာ မတော်တဆဖြစ်ပျက်ခဲ့တာဖြစ်လို့ သူမကိုလျော့ပေါ့သော ပြစ်ဒဏ်ချမှတ်ပေးဖို့တောင်ဆိုခဲ့သောကြောင့် ကလေးငယ်မိခင်က ” ငါ့သမီးရဲ့ဘဝက နင့်ကြောင့် ပျက်ဆီးသွားပြီ ၊ အဲတာကိုနင်က တော်တော်သတ္တိရှိနေပြီး ပြစ်ဒဏ်လျော့ပေါ့ပေးဖို့တောင်းဆိုနေတာလား ” ဆိုပြီး ပြန်လည်ပြောကြားခဲ့ပါတော့တယ် ။ အဆိုပါ ကလေးထိန်ဟာ ထိုက်တန်သောပြစ်ဒဏ်ကို ပြန်ခံရဖို့ မျှော်လင့်ရမှာပါပဲလေ ။

Jasmine (Mckzone Daily)

Be the first to comment on "ကေလးငယ္က အငိုမတိတ္လို႔ဆိုၿပီး တစ္ဘဝလံုးအေၾကာေသသြားေလာက္တဲ့အထိ႐ိုက္ႏွက္ခဲ့တဲ့ ကေလးထိန္း(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*