သင့္ရဲ႕ကားကို သတ္မွတ္ထားတဲ့ parking လိုင္းမ်ားအတြင္းမွာ ကားရပ္ရျခင္းဟာ ယာဥ္ေမာင္းသူတိုင္း သိထားသင့္တဲ့အေျခခံကြၽမ္းက်င္မႈတစ္ခုျဖစ္ပါတယ္။သို႔ေပမဲ့ ယာဥ္ေမာင္းသူအခ်ိဳ႕ဟာ အထူးသျဖင့္ မေလးရွားႏိုင္ငံရွိ ယာဥ္ေမာင္းသူတို႔ဟာ သူတို႔ရဲ႕စနစ္တက်ကားရပ္နားျခင္းရွိမရွိကို အထူးတလည္ ဂ႐ုမစိုက္ပုံမရတဲ့သူမ်ားျဖစ္ၾကပါတယ္။၎ျဖစ္ရပ္ဟာ အျခားေမာ္ေတာ္ယာဥ္မ်ားအတြက္ အဆင္မေျပမႈမ်ားစြာကို ျဖစ္ေပၚေစၿပီး ၎ယာဥ္ေမာင္းမ်ားကိုလည္း လမ္းေပၚရွိလူမိုက္မ်ားႏွင့္ အသြင္တူေစပါတယ္။ကံေကာင္းတာက ယာဥ္ေမာင္းသူအခ်ိဳ႕ဟာ ၎ကိစၥမ်ား ႀကဳံေတြ႕လာခဲ့ရင္ ကားျပင္ထြက္ၿပီး သူတို႔ရဲ႕လုပ္ရပ္မ်ားအား အတူတကြလုပ္ေဆာင္ဖို႔လိုေၾကာင္းကို ဘယ္ေတာ့မွေမ့မထားၾကပါဘူး။
Toyota ကားရဲ႕မေလးရွားယာဥ္ေမာင္းသူတစ္ဦးဟာ သတ္မွတ္ထားတဲ့ straight parking lines ထဲကို အံ့ဝင္ခြင္က်ျဖစ္ေအာင္ parking မလုပ္ဘဲ ျဖစ္သလို ကားထိုးခဲ့ပါတယ္။၎ျဖစ္ရပ္ကို Sean Thomas အမည္ရွိအမ်ိဳးသားက မတ္လ ၇ ရက္ေန႔ ညေန ၆း၃၀ ခန႔္ Petaling Jaya ရွိ Old Town Market အနီးမွာ ၎ကားကို ေတြ႕ျမင္ခဲ့ရေၾကာင္း Facebook မွ ေျပာၾကားခဲ့ပါတယ္။ထို႔ေနာက္ သူဟာ ကားေရွ႕မွန္ေပၚမွာ မွတ္စုတစ္ခုခ်န္ထားခဲ့ကာ အဆိုပါျဖစ္သလိုလုပ္ခဲ့တဲ့ကားေမာင္းသူအား ‘သင္ခန္းစာ’ တစ္ခုေပးခဲ့ပါေတာ့တယ္။
သူ႔ရဲ႕မွတ္စုက “ အသက္ ၇၉ ႏွစ္ရွိတဲ့ ငါ့အဘိုးေတာင္ ကား parking ကို ေကာင္းေကာင္းထိုးတတ္ေသးတယ္ Shame On You ” လို႔ ေရးထားခဲ့ပါတယ္။ Sean Thomas က သူဟာ အလြန္ရွက္႐ြံဖြယ္ေကာင္းတဲ့စကားအခ်ိဳ႕ကိုေရးခဲ့ခ်င္ေပမဲ့လည္း ေကာင္းမြန္တဲ့စိတ္ေနစိတ္ထားျဖင့္ဘဲ ေျပာခဲ့ဖို႔ ဆုံးျဖတ္ခဲ့ေၾကာင္း ဆိုခဲ့ပါတယ္။ Sean Thomas ရဲ႕၎ post ဟာ လူမႈကြန္ရက္မ်ားမွ တုံ႔ျပန္မႈ မ်ားစြာရရွိခဲ့ၿပီး လူအမ်ားက သူ႔ရဲ႕ထိမိလြန္းတဲ့မွတ္စုအတြက္ သူ႔ကို ခ်ီးက်ဴးခဲ့ၾကပါေသးတယ္။
Mia (Mckzone Daily)
Source : worldofbuzz
Unicode
သင့်ရဲ့ကားကို သတ်မှတ်ထားတဲ့ parking လိုင်းများအတွင်းမှာ ကားရပ်ရခြင်းဟာ ယာဉ်မောင်းသူတိုင်း သိထားသင့်တဲ့အခြေခံကျွမ်းကျင်မှုတစ်ခုဖြစ်ပါတယ်။သို့ပေမဲ့ ယာဉ်မောင်းသူအချို့ဟာ အထူးသဖြင့် မလေးရှားနိုင်ငံရှိ ယာဉ်မောင်းသူတို့ဟာ သူတို့ရဲ့စနစ်တကျကားရပ်နားခြင်းရှိမရှိကို အထူးတလည် ဂရုမစိုက်ပုံမရတဲ့သူများဖြစ်ကြပါတယ်။၎င်းဖြစ်ရပ်ဟာ အခြားမော်တော်ယာဉ်များအတွက် အဆင်မပြေမှုများစွာကို ဖြစ်ပေါ်စေပြီး ၎င်းယာဉ်မောင်းများကိုလည်း လမ်းပေါ်ရှိလူမိုက်များနှင့် အသွင်တူစေပါတယ်။
Toyota ကားရဲ့မလေးရှားယာဉ်မောင်းသူတစ်ဦးဟာ သတ်မှတ်ထားတဲ့ straight parking lines ထဲကို အံ့ဝင်ခွင်ကျဖြစ်အောင် parking မလုပ်ဘဲ ဖြစ်သလို ကားထိုးခဲ့ပါတယ်။၎င်းဖြစ်ရပ်ကို Sean Thomas အမည်ရှိအမျိုးသားက မတ်လ ၇ ရက်နေ့ ညနေ ၆း၃၀ ခန့် Petaling Jaya ရှိ Old Town Market အနီးမှာ ၎င်းကားကို တွေ့မြင်ခဲ့ရကြောင်း Facebook မှ ပြောကြားခဲ့ပါတယ်။
သူ့ရဲ့မှတ်စုက “ အသက် ၇၉ နှစ်ရှိနေပြီတဲ့ ငါ့အဘိုးတောင် ကား parking ကို ကောင်းကောင်းထိုးတတ်သေးတယ် Shame On You ” လို့ ရေးထားခဲ့ပါတယ်။ Sean Thomas က သူဟာ အလွန်ရှက်ရွံဖွယ်ကောင်းတဲ့စကားအချို့ကိုရေးခဲ့ချင်ပေမဲ့လည်း ကောင်းမွန်တဲ့စိတ်နေစိတ်ထားဖြင့်ဘဲ ပြောခဲ့ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။ Sean Thomas ရဲ့၎င်း post ဟာ လူမှုကွန်ရက်များမှ တုံ့ပြန်မှု များစွာရရှိခဲ့ပြီး လူအများက သူ့ရဲ့ထိမိလွန်းတဲ့မှတ်စုအတွက် သူ့ကို ချီးကျူးခဲ့ကြပါသေးတယ်။
Mia (Mckzone Daily)
Be the first to comment on "ျဖစ္သလိုဘဲ car parking ထိုးခဲ့တဲ့ကားသမားအား ပညာသားပါပါတုံ႔ျပန္ေပးလိုက္တဲ့ အမ်ိဳးသား"