၁၅၀ ကီလိုဂရမ္ အေလးခ်ိန္ရွိတဲ့သံဖိနပ္ကို စီးရင္း လမ္းေလွ်ာက္ထြက္ေလ့ရွိတဲ့ အမ်ိဳးသား

တ႐ုတ္ႏိုင္ငံ Guangxi ျပည္နယ္ရွိ Yulin City မွ အသက္ ၄၂ ႏွစ္အ႐ြယ္ Zhang Enshun အမည္ရွိအမ်ိဳးသားဟာ “သံဖိနပ္” စီးတဲ့အႏုပညာစြမ္းရည္ကို လြန္ခဲ့တဲ့ငါးလ ကတည္းက ေလ့က်င့္ခဲ့ပါတယ္။ဒီေလ့က်င့္မႈကို သူကိုယ္တိုင္ႀကိဳးစားေလ့လာရန္ဆုံးျဖတ္ခဲ့တယ္လို႔ Zhang ကဆိုပါတယ္။Zhang ဟာ ၁၈.၇၅ ကီလိုဂရမ္အေလးခ်ိန္ရွိတဲ့ သံမဏိျပားတစ္ေခ်ာင္းကို သူ႔ေျခေထာက္တစ္ေခ်ာင္းစီမွာ ခ်ိတ္ဆြဲၿပီး အနည္းငယ္ေျခလွမ္းလွမ္းရန္ စတင္ႀကိဳးစားခဲ့ပါတယ္။ယေန႔ Zhang ဟာ အေလးခ်ိန္ ၁၅၀ ကီလိုဂရမ္ရွိေလးလံတဲ့ သံျပားေလးခုႏွင့္အတူ လမ္းေလွ်ာက္ႏိုင္ေနပါၿပီ။“ဒီဖိနပ္ေတြရဲ႕ အေလးခ်ိန္က ကြၽန္ေတာ့္ကိုယ္ခႏၶာအေလးခ်ိန္ထက္ႏွစ္ဆ ပိုပါတယ္ ၊ ဒါေပမဲ့ မိနစ္ ၂၀ ေလာက္မွာ သူတို႔နဲ႔အတူ မီတာ ၅၀ ေက်ာ္အထိ လမ္းေလွ်ာက္ႏိုင္ပါတယ္ ” လို႔ Zhang က ဆိုပါတယ္။

Zhang ဟာ ေန႔စဥ္ သံဖိနပ္ႏွင့္ မီတာ ၂၀၀ ႏွင့္ ၃၀၀ အၾကားလမ္းေလွ်ာက္ထြက္ေလ့ရွိပါတယ္။လမ္းေလွ်ာက္ထြက္ခ်ိန္မွာလည္း Zhangဟာ ကြန္ဖူးပါ ေလ့က်င့္ပါေသးတယ္။သူဟာ လြန္ခဲ့တဲ့ငါးလအတြင္းႀကီးမားတဲ့တိုးတက္မႈမ်ားရရွိခဲ့ေၾကာင္း ေဒသခံသတင္းေထာက္မ်ားကို ေျပာၾကားခဲ့ပါတယ္။ေျခေထာက္တစ္ဖက္စီရဲ႕ အေလးခ်ိန္ကို ၄ဆ တိုးေစခဲ့ေသာ္လည္း သူ႔ရဲ႕ေျခေထာက္ဟာ ေျမေအာက္မွ ၂ စင္တီမီတာအထိတက္လာၿပီး ေျခလွမ္းတိုင္းကိုလည္း ၂၀ စင္တီမီတာအထိ တိုးျမႇင့္ေနဆဲျဖစ္ပါတယ္။

သို႔ေပမဲ့ ကြၽမ္းက်င္သူမ်ားက ဒီေလ့က်င့္ခန္းမ်ိဳးကို အခ်ိန္အၾကာႀကီးက်င့္သုံးျခင္းက အႏၲရာယ္ရွိလာႏိုင္ေၾကာင္းႏွင့္ ဒီေလ့က်င့္ခန္းကို တက္ခ်င္သူမ်ားအားသတိႀကီးစြာထားရန္ အႀကံေပးခဲ့ပါတယ္။Zhang ဟာ သံဖိနပ္အႏုပညာေလ့က်င့္မႈအတြက္ အင္တာနက္မွာ ေက်ာ္ၾကားမႈရရွိခဲ့တဲ့ တ႐ုတ္လူမ်ိဳးမ်ားထဲမွ တစ္ဦးသာျဖစ္ပါတယ္။ ၂၀၁၂ ခုႏွစ္မွာ Wu Kong အမည္ရွိအမ်ိဳးသားတစ္ဥဦးကလည္း ခန႔္မွန္းေျခအားျဖင့္ ကီလိုဂရမ္ ၄၀၀ အေလးခ်ိန္ရွိတဲ့ သံဖိနပ္တစ္ရံျဖင့္ေလွ်ာက္လွမ္းျခင္းအတြက္ အမ်ိဳးသားအဆင့္စံခ်ိန္တင္ခဲ့ပါေသးတယ္။

Mia (Mckzone Daily)

Source : odditycentral

Unicode

တရုတ်နိုင်ငံ Guangxi ပြည်နယ်ရှိ Yulin City မှ အသက် ၄၂ နှစ်အရွယ် Zhang Enshun အမည်ရှိအမျိုးသားဟာ “သံဖိနပ်” စီးတဲ့အနုပညာစွမ်းရည်ကို လွန်ခဲ့တဲ့ငါးလ ကတည်းက လေ့ကျင့်ခဲ့ပါတယ်။ဒီလေ့ကျင့်မှုကို သူကိုယ်တိုင်ကြိုးစားလေ့လာရန်ဆုံးဖြတ်ခဲ့တယ်လို့ Zhang ကဆိုပါတယ်။Zhang ဟာ ၁၈.၇၅ ကီလိုဂရမ်အလေးချိန်ရှိတဲ့ သံမဏိပြားတစ်ချောင်းကို သူ့ခြေထောက်တစ်ချောင်းစီမှာ ချိတ်ဆွဲပြီး အနည်းငယ်ခြေလှမ်းလှမ်းရန် စတင်ကြိုးစားခဲ့ပါတယ်။

လမ်းလျှောက်ထွက်ချိန်မှာလည်း Zhangဟာ ကွန်ဖူးပါ လေ့ကျင့်ပါသေးတယ်။သူဟာ လွန်ခဲ့တဲ့ငါးလအတွင်းကြီးမားတဲ့တိုးတက်မှုများရရှိခဲ့ကြောင်း ဒေသခံသတင်းထောက်များကို ပြောကြားခဲ့ပါတယ်။ခြေထောက်တစ်ဖက်စီရဲ့ အလေးချိန်ကို ၄ဆ တိုးစေခဲ့သော်လည်း သူ့ရဲ့ခြေထောက်ဟာ မြေအောက်မှ ၂ စင်တီမီတာအထိတက်လာပြီး ခြေလှမ်းတိုင်းကိုလည်း ၂၀ စင်တီမီတာအထိ တိုးမြှင့်နေဆဲဖြစ်ပါတယ်။

သို့ပေမဲ့ ကျွမ်းကျင်သူများက ဒီလေ့ကျင့်ခန်းမျိုးကို အချိန်အကြာကြီးကျင့်သုံးခြင်းက အန္တရာယ်ရှိလာနိုင်ကြောင်းနှင့် ဒီလေ့ကျင့်ခန်းကို တက်ချင်သူများအားသတိကြီးစွာထားရန် အကြံပေးခဲ့ပါတယ်။Zhang ဟာ သံဖိနပ်အနုပညာလေ့ကျင့်မှုအတွက် အင်တာနက်မှာ ကျော်ကြားမှုရရှိခဲ့တဲ့ တရုတ်လူမျိုးများထဲမှ တစ်ဦးသာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ Wu Kong အမည်ရှိအမျိုးသားတစ်ဥဦးကလည်း ခန့်မှန်းခြေအားဖြင့် ကီလိုဂရမ် ၄၀၀ အလေးချိန်ရှိတဲ့ သံဖိနပ်တစ်ရံဖြင့်လျှောက်လှမ်းခြင်းအတွက် အမျိုးသားအဆင့်စံချိန်တင်ခဲ့ပါသေးတယ်။

Mia (Mckzone Daily)

Be the first to comment on "၁၅၀ ကီလိုဂရမ္ အေလးခ်ိန္ရွိတဲ့သံဖိနပ္ကို စီးရင္း လမ္းေလွ်ာက္ထြက္ေလ့ရွိတဲ့ အမ်ိဳးသား"

Leave a comment

Your email address will not be published.


*