စာေမးပြဲႀကီးၿပီးတဲ့ေနာက္ စာအုပ္ေတြကို ျမစ္ေခ်ာင္းထဲပစ္ခ်ခဲ့လို႔ ပတ္ဝန္းက်င္ဆိုင္ရာ ဌာနရဲ႕ရွာေဖြျခင္းခံခဲ့ရတဲ့ ေက်ာင္းသားတစ္ဦး

ၿပီးခဲ့တဲ့အပတ္က SPM ေက်ာင္းသားမ်ားဟာ သူတို႔စာေမးပြဲၿပီးတာႏွင့္တၿပိဳင္နက္ သူတို႔ရဲ႕ယူနီေဖာင္းေပၚမွာ “ F * ck Cikgu” လို႔ေရးသားခဲ့ၾကၿပီး online ေပၚသို႔ ပ်ံ႕ႏွံ႔သြားၿပီးေနာက္မွာ သူတို႔ရဲ႕အျပဳအမူမ်ားႏွင့္ပတ္သက္ၿပီး အင္တာနက္အသုံးျပဳသူမ်ားထံမွ ေဝဖန္မႈမ်ားစြာရရွိခဲ့ပါတယ္။၂၀၂၁ ခုႏွစ္ မတ္လ ၆ရက္ေန႔က Info Roadblock JPJ / Polis မွာ တင္ထားတဲ့ေနာက္ထပ္ဗီဒီယိုတစ္ခုမွာ SPM ေက်ာင္းသားတစ္ဦး ဟာ သူ႔ရဲ႕စာေမးပြဲႀကီးၿပီးဆုံးသြားတဲ့အခါ သူ႔ရဲ႕စာအုပ္မ်ားကိုျမစ္ထဲသို႔ပစ္ခ်ေနတဲ့ထိုဗီဒီယိုလည္း လူသိမ်ား ပ်ံ႕ႏွံသြားခဲ့ပါတယ္။အံ့ၾသစရာက အင္တာနက္အသုံးျပဳသူမ်ားဟာ စာအုပ္မ်ားကိုျဖဳန္းတီးျခင္းႏွင့္ ျမစ္ကိုညစ္ညမ္းေစျခင္းမ်ားေၾကာင့္ ထိုေက်ာင္းသားအား စြပ္စြဲခဲ့ၾကပါတယ္။

သူပစ္လိုက္တဲ့ ေက်ာင္းစာအုပ္မ်ားက အစိုးရရဲ႕ပိုင္ဆိုင္မႈျဖစ္ေနရင္ ထိုေက်ာင္းသားက ေက်ာင္းကိုဒဏ္ေငြေပးရမည္ျဖစ္ပါတယ္။ဆူပူအုံႂကြမႈျဖစ္ၿပီးေနာက္ ပတ္ဝန္းက်င္ႏွင့္ေရ ၀န္ႀကီးဌာနက သူတို႔ရဲ႕ Facebook မွာ ထိုေက်ာင္းသားႏွင့္ပတ္သက္တဲ့ မည္သည့္သတင္းအခ်က္အလက္ကိုမွ မမွ်ေဝရန္ အင္တာနက္အသုံးျပဳသူမ်ားအား ေတာင္းဆိုခဲ့ပါတယ္။သို႔ေပမဲ့ သူတို႔ဟာ ထိုေက်ာင္းသားအေပၚသတင္းအခ်က္အလက္ရွာေဖြရတဲ့အေၾကာင္းျပခ်က္က ရန္လိုတဲ့ ရည္႐ြယ္ခ်က္အတြက္မဟုတ္ဘဲ ပညာေရးဆိုင္ရာအေၾကာင္းမ်ားေၾကာင့္ သာျဖစ္ေၾကာင္း ဆိုခဲ့ပါတယ္။

၂၀၂၁ ခုႏွစ္ မတ္လ ၂၂ ရက္မွာ ကမာၻ႔ေရမ်ားေန႔ႏွင့္တစ္ႏိုင္ငံလုံးရွိျမစ္မ်ားအားလုံးကို သန႔္ရွင္းေရးျပဳလုပ္ရန္ရည္႐ြယ္ျဖင့္ ၀န္ႀကီးဌာနမွ ထိုေက်ာင္းသားအား ဖိတ္ၾကားခဲ့ပါေသးတယ္။အင္တာနက္အသုံးျပဳသူမ်ားက အဆိုပါ၀န္ႀကီးဌာနအား သူတို႔ရဲ႕ပညာရွိလုပ္ရပ္မ်ားအတြက္ ခ်ီးမြမ္းခဲ့ၾကပါတယ္။ျမစ္ေခ်ာင္းမ်ားအတြင္း အၿမဲတေစ အမႈိက္မ်ားစြန္႔ပစ္ေနတတ္တဲ့ မေလးရွားလူမ်ိဳးမ်ားကိုလည္း အလားတူအေရးယူမႈမ်ားျပဳလုပ္ရန္ ေတာင္းဆိုခဲ့ၾကပါတယ္။စာေမးပြဲႀကီးၿပီးဆုံးသြားတဲ့ ေက်ာင္းသားမ်ားအတြက္ သီးသန႔္အထိမ္းအမွတ္အခမ္းအနားမ်ား က်င္းပရန္ႏွင့္ ၄င္းတို႔ရဲ႕အခမ္းအနားမ်ားကဍေၾကာင့္ မည္သူ႔ကိုမွ် စိတ္အေႏွာက္အယွက္မျဖစ္ေစရန္အတြက္ပါ သတိေပးခဲ့ၾကပါေသးတယ္။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

ပြီးခဲ့တဲ့အပတ်က SPM ကျောင်းသားများဟာ သူတို့စာမေးပွဲပြီးတာနှင့်တပြိုင်နက် သူတို့ရဲ့ယူနီဖောင်းပေါ်မှာ “ F * ck Cikgu” လို့ရေးသားခဲ့ကြပြီး online ပေါ်သို့ ပျံ့နှံ့သွားပြီးနောက်မှာ သူတို့ရဲ့အပြုအမူများနှင့်ပတ်သက်ပြီး အင်တာနက်အသုံးပြုသူများထံမှ ဝေဖန်မှုများစွာရရှိခဲ့ပါတယ်။၂၀၂၁ ခုနှစ် မတ်လ ၆ရက်နေ့က Info Roadblock JPJ / Polis မှာ တင်ထားတဲ့နောက်ထပ်ဗီဒီယိုတစ်ခုမှာ SPM ကျောင်းသားတစ်ဦး ဟာ သူ့ရဲ့စာမေးပွဲကြီးပြီးဆုံးသွားတဲ့အခါ သူ့ရဲ့စာအုပ်များကိုမြစ်ထဲသို့ပစ်ချနေတဲ့ထိုဗီဒီယိုလည်း လူသိများ ပျံ့နှံသွားခဲ့ပါတယ်။အံ့သြစရာက အင်တာနက်အသုံးပြုသူများဟာ စာအုပ်များကိုဖြုန်းတီးခြင်းနှင့် မြစ်ကိုညစ်ညမ်းစေခြင်းများကြောင့် ထိုကျောင်းသားအား စွပ်စွဲခဲ့ကြပါတယ်။

သူပစ်လိုက်တဲ့ ကျောင်းစာအုပ်များက အစိုးရရဲ့ပိုင်ဆိုင်မှုဖြစ်နေရင် ထိုကျောင်းသားက ကျောင်းကိုဒဏ်ငွေပေးရမည်ဖြစ်ပါတယ်။ဆူပူအုံကြွမှုဖြစ်ပြီးနောက် ပတ်ဝန်းကျင်နှင့်ရေ ၀န်ကြီးဌာနက သူတို့ရဲ့ Facebook မှာ ထိုကျောင်းသားနှင့်ပတ်သက်တဲ့ မည်သည့်သတင်းအချက်အလက်ကိုမှ မမျှဝေရန် အင်တာနက်အသုံးပြုသူများအား တောင်းဆိုခဲ့ပါတယ်။သို့ပေမဲ့ သူတို့ဟာ ထိုကျောင်းသားအပေါ်သတင်းအချက်အလက်ရှာဖွေရတဲ့အကြောင်းပြချက်က ရန်လိုတဲ့ ရည်ရွယ်ချက်အတွက်မဟုတ်ဘဲ ပညာရေးဆိုင်ရာအကြောင်းများကြောင့် သာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

၂၀၂၁ ခုနှစ် မတ်လ ၂၂ ရက်မှာ ကမ္ဘာ့ရေများနေ့နှင့်တစ်နိုင်ငံလုံးရှိမြစ်များအားလုံးကို သန့်ရှင်းရေးပြုလုပ်ရန်ရည်ရွယ်ဖြင့် ၀န်ကြီးဌာနမှ ထိုကျောင်းသားအား ဖိတ်ကြားခဲ့ပါသေးတယ်။အင်တာနက်အသုံးပြုသူများက အဆိုပါ၀န်ကြီးဌာနအား သူတို့ရဲ့ပညာရှိလုပ်ရပ်များအတွက် ချီးမွမ်းခဲ့ကြပါတယ်။မြစ်ချောင်းများအတွင်း အမြဲတစေ အမှိုက်များစွန့်ပစ်နေတတ်တဲ့ မလေးရှားလူမျိုးများကိုလည်း အလားတူအရေးယူမှုများပြုလုပ်ရန် တောင်းဆိုခဲ့ကြပါတယ်။စာမေးပွဲကြီးပြီးဆုံးသွားတဲ့ ကျောင်းသားများအတွက် သီးသန့်အထိမ်းအမှတ်အခမ်းအနားများ ကျင်းပရန်နှင့် ၄င်းတို့ရဲ့အခမ်းအနားများကဍကြောင့် မည်သူ့ကိုမျှ စိတ်အနှောက်အယှက်မဖြစ်စေရန်အတွက်ပါ သတိပေးခဲ့ကြပါသေးတယ်။

Mia (Mckzone Daily)

  • Leave a Comment