ဆေးရုံက ကုတင်မရှိတော့ဘူးဆိုပြီး ငြင်းလွတ်လိုက်လို့ အသက်သေဆုံးသွားခဲ့ရတဲ့ ကိုယ်ဝန်ဆောင်မိန်းကလေး
Jasmine (Mckzone Daily)
Source: worldofbuzz
Unicode
တရုတ်နိုင်ငံက အသက်39နှစ်အရွယ်ကိုယ်ဝန်ဆောင်အမျိုးသမီးကို ဆေးရုံက ကုတင်မရှိတော့ဘူးဆိုပြီးလက်မခံဘဲ ငြင်းဆိုခဲ့လို့ မသေသင့်ပဲအသက်သေဆုံးသွားခဲ့ရပါတယ် ။ ဖြစ်စဉ်ကတော့ အမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ 30ရက်နေ့က မျက်နှာတစ်ခုလုံးရောင်ကိုင်းနေတဲ့ သူရဲ့ကိုယ်ဝန်ဆောင်ဇနီးသည်ကို မနက်အစောပိုင်း ဆေးရုံသို့ခေါ်လာခဲ့ပါတယ် ။ ဆရာဝန်က စစ်ဆေးပေးပြီးချိန်မှာတော့ သူမဟာဆေးရုံတက်ချင်ကြောင်း ပြောဆိုခဲ့ပါတယ် ။ သို့ပေမဲ့လည်း ဆေးရုံဖက်က ၎င်းတို့မှာကုတင်အလွတ်မရှိတော့တဲ့အတွက် အခြားဆေးရုံသို့ပြောင်းပြီးတက်ဖို့ ပြောကြားခဲ့ပါတယ် ။
သို့သော်လည်း သူမကိုယ်ဝန်ဆောင်လာခဲ့တဲ့ တစ်လျှောက်လုံးအဆိုပါဆေးရုံတွင်သာ စစ်ဆေးမှုများပြုလုပ်ခဲ့တာဖြစ်တဲ့အတွက် အခန်းတစ်ခန်းရအောင် ဆရာဝန်စိတ်ပြောင်းတဲ့အထိ ထိုင်စောင့်နေဖို့ဆုံးဖြတ်ခဲ့ပါတယ် ။ နေ့ခင် 1နာရီ ရောက်တဲ့အချိန်မှာတော့ နေအိမ်သို့ပြန်ဖို့ဆုံးဖြတ်ခဲ့ချိန်မှာပဲ လမ်းတစ်ဝက်အရောက်မှာတော့ သူမရဲရေမွှာဟာ ပေါက်သွားခဲ့လို့ ဆေးရုံသို့ပြန်လှည့်ခဲ့ပြီး သူမကိုဝီချဲနဲ့တင်ပြီး ခေါ်သွားခဲ့ပါတော့တယ် ။ သူမဟာ ဝီးချဲပေါ်တွင်သာ သွေးတွေယိုထွက်နေခဲ့ပေမဲ့ ဘယ်ဆရာဝန်ကမှ ဂရုမစိုက်ခဲ့ကြပါဘူး ။ မိနစ် 30 အကြာမှ ဆရာဝန်တစ်ယောက်က သူမတို့အတွက် ဆေးရုံတွင် နေရာတစ်ခုစီစဉ်ပေးခဲ့ပါတယ် ။ ထို့ကြောင့် သူမဟာ နေ့ခင်း 2နာရီအချိန်မှာမှ ခွဲစိတ်မှုခံယူခဲ့ရပြီးနောက် ၊ မွေးကင်းစကလေးငယ်မှာလည်း အသက်ရှုလမ်းကြောင်းမှာ ရောဂါကူးစက်မှုခံနေရတဲ့အတွက် ကလေးငယ်မှာ အသက်ရှုဖို့အတွက် အခက်အခဲရှိနေကြောင်း ဆရာဝန်ကပြောကြားခဲ့ပါတယ် ။
ထို့အပြင် ခင်ပွန်းဖြစ်သူက သူ၏ဇနီးသည်ဟာ သွေးများစွာဆုံးရှုံခဲ့ရတာဖြစ်တဲ့အပြင် သားအိမ်မှာလည်း သွေးများယိုဆင်းနေတာဖြစ်တဲ့အတွက် သူမကိုစောင့်ရှောက်ဖို့ မြင်လွယ်သောနေရာတွင်ထားပေးဖို့တောင်းဆိုခဲ့ပေမဲ့လည်း ဆရာဝန်များက သူမကိုအထူးကြပ်မတ်ဆောင်သို့ပို့ဆောင်ခဲ့ကြပါတယ် ။ 6ရက်ကြာတဲ့အထိ ကလေးငယ်ကို လုံးဝမတွေ့ရတဲ့အပြင် ဆေးကုသစရိတ်များကိုသာ အမြဲငွေရှင်းပေးနေရပါတယ် ။ ကံဆိုးစွာနဲ့ November 5ရက်နေ့မှာ သူမဟာ လုံးဝခံနိုင်ရည်အားမရှိတော့ဘဲ သေဆုံးသွားခဲ့ရပေမဲ့လည်း ဆေးရုံဖက်က November 7ရက်နေ့အထိ သူမသေဆုံးကြောင်းကို ဆေးရုံဖက်ကလုံးဝ ကြေညာမပေးခဲ့ပါဘူး ။ ထို့ကြောင့် သူမရဲ့မိသားစုဝင်များက ဆေးရုံဖက်ကနှောင့်နှေးမှု နှင့် အသက်သေဆုံးစေတဲ့အထိ ကောင်းမွန်စွာကုသမှုများ မပြုလုပ်ပေးမှု စတဲ့လုပ်ရပ်တွေကြောင့် တရားစွဲဆိုခဲ့ပေမဲ့လည်း ဆေးရုံဖက်က ဘားမှတုံ့ပြန်မှုမျိုး မပေးခဲ့ပါဘူး ။ ထို့အပြင် တာဝန်ရှိသူများကလည်း အဆိုပါကိစ္စအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေလျက်ရှိပြီး မကြာခင်ရလဒ်များကိုကြေညာပေးမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ် ။
Jasmine (Mckzone Daily)
Be the first to comment on "ဆေးရုံက ကုတင်မရှိတော့ဘူးဆိုပြီး ငြင်းလွတ်လိုက်လို့ အသက်သေဆုံးသွားခဲ့ရတဲ့ ကိုယ်ဝန်ဆောင်မိန်းကလေး"
Leave a comment
Your email address will not be published.
*