႐ိုးသားမႈႏွင့္ဂုဏ္သိကၡာရွိမႈအတြက္ တန္ျပန္ ဆုကိုလက္ခံရရွိသြားခဲ့တဲ့ အသက္ ၇ ႏွစ္အ႐ြယ္ ကေလးမေလးတစ္ဦး

အသက္ ၇ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ကေလးမေလးတစ္ဦးဟာ မေလးရွားႏိုင္ငံ Sunway Pyramid ကုန္တိုက္ရွိ ၾကမ္းျပင္ေပၚမွာ က်ေနတဲ့ ေငြစကၠဴ RM1 ကိုေတြ႕ရွိၿပီးေနာက္ ကုန္တိုက္မ်ားရွိ Concierge ေကာင္တာသို႔ ေရာက္လာၿပီး ထိုပိုက္ဆံကို ၎ရဲ႕ပိုင္ရွင္ထံအပ္ႏွံေပးရန္ ဝန္ထမ္းမ်ားအားအကူအညီေတာင္းခဲ့ပါတယ္။ကုန္တိုက္ႀကီးရွိ ဝန္ထမ္းမ်ားက သူမရဲ႕ေကာင္းမြန္တဲ့လုပ္ရပ္ေၾကာင့္ အလြန္စိတ္လႈပ္ရွားသြားခဲ့တာေၾကာင့္ ၎ႏွလုံးသားေႏြးေထြးဖြယ္အျဖစ္အပ်က္ကို လူတိုင္းအားေဝမွ်ရန္ သူတို႔ရဲ႕Facebook စာမ်က္ႏွာေပၚမွာ “ ညေန ၁:၃၀ မွာ ၇ ႏွစ္အ႐ြယ္မိန္းကေလးတစ္ေယာက္က ကုန္တိုက္ထဲကၾကမ္းျပင္မွာ ေတြ႕ခဲ့တဲ့ RM1 ကို ပိုင္ရွင္ထံျပန္လႊဲေျပာင္းေပးဖို႔ ကြၽန္ေတာ္တို႔ရဲ႕ Concierge ေကာင္တာသို႔ ေရာက္လာၿပီး သူမအေနျဖင့္ RM1 ကိုပိုင္ရွင္ထံ အခိုင္အမာျပန္လည္အပ္ႏွံေပးရန္ ေတာင္းဆိုခဲ့ပါတယ္ ။သူမရဲ႕ ႐ိုးသားမႈႏွင့္သမာဓိရွိမႈ ေၾကာင့္ ကြၽန္ေတာ္ Lion ႏွင့္အတူ အျခားဝန္ထမ္းတို႔ရဲ႕ႏွလုံးသားကို ထိမိသြားေစခဲ့ပါတယ္ “ လို႔ ေရးတင္ခဲ့ပါတယ္။Lion ရဲ႕သူငယ္ခ်င္းမ်ားက မွန္ကန္တဲ့အရာကိုလုပ္ဖို႔ဆုံးျဖတ္လိုက္တဲ့ ကေလးမေလးရဲ႕႐ိုးသားမႈကို ေက်းဇူးတင္ေၾကာင္းျပသရန္ သူမႏွင့္ သူမရဲ႕ညီငယ္ေလးေတြအတြက္ ေလ့က်င့္စာအုပ္မ်ားႏွင့္ အေရာင္စုံလင္တဲ့ေဆးေရာင္ျခယ္စာအုပ္မ်ားကို ျပန္လည္ ဆုခ်ေပးခဲ့ၾကပါတယ္။၎ဝန္ထမ္းမ်ားက “ဒီလိုငယ္႐ြယ္တဲ့အ႐ြယ္မွာ မင္းရဲ႕ၾကင္နာမႈအတြက္ အထူးေက်းဇူးတင္ပါတယ္! ” လို႔ သူတို႔ရဲ႕ post ေအာက္မွာ ထပ္မံထည့္သြင္းေရးသားခဲ့ပါတယ္။Netizen မ်ားစြာကလည္း အဆိုပါကေလးမေလးအား ခ်ီးက်ဴးဂုဏ္ျပဳခဲ့သလို အခ်ိဳ႕က ကေလးမေလးရဲ႕မိဘမ်ားအား သူမအား မွန္ကန္တဲ့လမ္းကို ျပဳစုပ်ိဳးေထာင္ေပးျခင္းႏွင့္ပညာေပးျခင္းအတြက္ပင္ အသိအမွတ္ျပဳခဲ့ၾကၿပီး သူတို႔လည္းအမွန္ပင္ ဂုဏ္ယူသင့္တယ္လို႔ မွတ္ခ်က္ေပးခဲ့ၾကပါတယ္။၎ post ဟာ 2,100 likes ႏွင့္ 85 shares အထိ ရရွိခဲ့ပါတယ္။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

အသက် ၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကလေးမလေးတစ်ဦးဟာ မလေးရှားနိုင်ငံ Sunway Pyramid ကုန်တိုက်ရှိ ကြမ်းပြင်ပေါ်မှာ ကျနေတဲ့ ငွေစက္ကူ RM1 ကိုတွေ့ရှိပြီးနောက် ကုန်တိုက်များရှိ Concierge ကောင်တာသို့ ရောက်လာပြီး ထိုပိုက်ဆံကို ၎င်းရဲ့ပိုင်ရှင်ထံအပ်နှံပေးရန် ဝန်ထမ်းများအားအကူအညီတောင်းခဲ့ပါတယ်။ကုန်တိုက်ကြီးရှိ ဝန်ထမ်းများက သူမရဲ့ကောင်းမွန်တဲ့လုပ်ရပ်ကြောင့် အလွန်စိတ်လှုပ်ရှားသွားခဲ့တာကြောင့် ၎င်းနှလုံးသားနွေးထွေးဖွယ်အဖြစ်အပျက်ကို လူတိုင်းအားဝေမျှရန် သူတို့ရဲ့Facebook စာမျက်နှာပေါ်မှာ “ ညနေ ၁:၃၀ မှာ ၇ နှစ်အရွယ်မိန်းကလေးတစ်ယောက်က ကုန်တိုက်ထဲကကြမ်းပြင်မှာ တွေ့ခဲ့တဲ့ RM1 ကို ပိုင်ရှင်ထံပြန်လွှဲပြောင်းပေးဖို့ ကျွန်တော်တို့ရဲ့ Concierge ကောင်တာသို့ ရောက်လာပြီး သူမအနေဖြင့် RM1 ကိုပိုင်ရှင်ထံ အခိုင်အမာပြန်လည်အပ်နှံပေးရန် တောင်းဆိုခဲ့ပါတယ် ။သူမရဲ့ ရိုးသားမှုနှင့်သမာဓိရှိမှု ကြောင့် ကျွန်တော် Lion နှင့်အတူ အခြားဝန်ထမ်းတို့ရဲ့နှလုံးသားကို ထိမိသွားစေခဲ့ပါတယ် “ လို့ ရေးတင်ခဲ့ပါတယ်။Lion ရဲ့သူငယ်ချင်းများက မှန်ကန်တဲ့အရာကိုလုပ်ဖို့ဆုံးဖြတ်လိုက်တဲ့ ကလေးမလေးရဲ့ရိုးသားမှုကို ကျေးဇူးတင်ကြောင်းပြသရန် သူမနှင့် သူမရဲ့ညီငယ်လေးတွေအတွက် လေ့ကျင့်စာအုပ်များနှင့် အရောင်စုံလင်တဲ့ဆေးရောင်ခြယ်စာအုပ်များကို ပြန်လည် ဆုချပေးခဲ့ကြပါတယ်။၎င်းဝန်ထမ်းများက “ဒီလိုငယ်ရွယ်တဲ့အရွယ်မှာ မင်းရဲ့ကြင်နာမှုအတွက် အထူးကျေးဇူးတင်ပါတယ်! ” လို့ သူတို့ရဲ့ post အောက်မှာ ထပ်မံထည့်သွင်းရေးသားခဲ့ပါတယ်။Netizen များစွာကလည်း အဆိုပါကလေးမလေးအား ချီးကျူးဂုဏ်ပြုခဲ့သလို အချို့က ကလေးမလေးရဲ့မိဘများအား သူမအား မှန်ကန်တဲ့လမ်းကို ပြုစုပျိုးထောင်ပေးခြင်းနှင့်ပညာပေးခြင်းအတွက်ပင် အသိအမှတ်ပြုခဲ့ကြပြီး သူတို့လည်းအမှန်ပင် ဂုဏ်ယူသင့်တယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။၎င်း post ဟာ 2,100 likes နှင့် 85 shares အထိ ရရှိခဲ့ပါတယ်။

Mia (Mckzone Daily)

Be the first to comment on "႐ိုးသားမႈႏွင့္ဂုဏ္သိကၡာရွိမႈအတြက္ တန္ျပန္ ဆုကိုလက္ခံရရွိသြားခဲ့တဲ့ အသက္ ၇ ႏွစ္အ႐ြယ္ ကေလးမေလးတစ္ဦး"

Leave a comment

Your email address will not be published.


*