ေလွကားထစ္ဆင္းရင္း လက္ထဲက ကေလးအား ေမွ်ာ္လင့္ခ်က္ႀကီးစြာျဖင့္ အသက္ကယ္ CPR လုပ္ေပးေနခဲ့တဲ့ မီးသတ္သမားတစ္ဦး(႐ုပ္သံ)

မၾကာေသးခင္က social media မွာ ေလွကားထစ္ေပၚဆင္းေနစဥ္အတြင္း ကေလးငယ္တစ္ဥဦးအား CPR ျပဳလုပ္ေပးေနခဲ့တဲ့ မီးသတ္သမားတစ္ဥဦးရဲ႕မယုံၾကည္ႏိုင္ေလာက္တဲ့ဗီဒီယိုဖိုင္မ်ား ျပန္ေပၚထြက္လာခဲ့ပါတယ္။၂၀၀၂ ခုႏွစ္ ေမလမွာ Bob Swick ႏွင့္ Scott Lewis အမည္ရွိ မီးသတ္သမားႏွစ္ဦးဟာ အေမရိကန္ ျပည္ေထာင္စု Ohio ျပည္နယ္ Fairbornၿမိဳ႕ Hebble ရိပ္သာလမ္းရွိ မီးေလာင္ကြၽမ္းမႈကို ၿငိမ္းသတ္ေပးခဲ့ၾကတဲ့ အဖြဲ႕သားမ်ားျဖစ္ၾကပါတယ္။ကေလးငယ္ရဲ႕အေမက အျပင္ဘက္မွာရပ္ေနတုန္း Swick ဟာ အေဆာက္အအုံထဲကို အေျပးအလႊား ဝင္သြားခဲ့ၿပီး စိုးရိမ္ရတဲ့အေျခအေနရွိေနတဲ့ Chelsea အမည္ရွိအဆိုပါကေလးငယ္ကို အလြန္အမင္း ရွာေဖြခဲ့ပါတယ္။

သူတို႔ဟာ ကေလးငယ္ေလးအတြက္ အခ်ိန္မရွိေတာ့မွာကို စိုးရိမ္တာေၾကာင့္ Lewis ဟာ ျပတင္းေပါက္နားသို႔ ေလွကားထစ္ ေထာင္လိုက္ၿပီးေနာက္ Swick ကလည္း ျပတင္းေပါက္နားသို႔ေရာက္လာခဲ့ကာ သူ႔ရဲ႕လက္ေမာင္းေပၚမွာမီးခိုးေငြ႕မြန္ေနတဲ့ Chelsea ေလးကို ခ်က္ခ်င္းေလွကားထစ္ေပၚမွာရွိေနတဲ့ Lewis အား လက္ဆင့္ကမ္းေပးလိုက္ပါတယ္။အသက္မဲ့သြားပုံရတဲ့ ကေလးငယ္ေၾကာင့္ Lewis ဟာ ခ်က္ခ်င္းသူ႔ရဲ႕မ်က္ႏွာဖုံးကိုခြၽတ္ၿပီး ေလွကားေပၚကေန ဆင္းေနစဥ္အတြင္း ကေလးငယ္အား အလ်င္အျမန္ CPR စတင္ျပဳလုပ္ေပးခဲ့ပါတယ္။

Fairborn မီးသတ္ဌာနရဲ႕ သမိုင္းမွတ္တမ္းအရ Chelsea ေလးအား ေဆး႐ုံသို႔ပို႔ေဆာင္ခဲ့ၿပီး တစ္ပတ္အၾကာမွာ ေဆး႐ုံဆင္းႏိုင္ခဲ့ပါတယ္။“ ဒါကမယုံႏိုင္ေလာက္ေအာင္ခက္ခဲခဲ့ပါတယ္ ၊ သူမအသက္ရွင္လြတ္ေျမာက္လာတဲ့အတြက္ ကြၽန္ေတာ္ ၀မ္းသာပါတယ္ “ လို႔ ၎မူရင္းစာမူကို internet အသုံးျပဳသူတစ္ဦးက မွတ္ခ်က္ေပးခဲ့ပါတယ္။လူအမ်ားကလည္း အသက္တစ္ေခ်ာင္းကို ကယ္တင္ေပးႏိုင္ခဲ့တဲ့ Bob Swick ႏွင့္ Scott Lewis ကို အတိုင္းထက္ အလြန္ခ်ီးမြမ္းခဲ့ၾကပါတယ္။“ဒါမွ တကယ့္သူရဲေကာင္းလို႔ေခၚတာ ၊ သူတို႔က လူတိုင္းရဲ႕ႏွလုံးသားကို စြမ္းရည္ေပးေနတယ္ ၊ ကြၽန္ေတာ္ မီးသတ္သမားအားလုံးကို ေလးစားပါတယ္ “ လို႔ အျခားတစ္ဦးက ေရးသားခဲ့ပါေသးတယ္။

1

2

Mia (Mckzone Daily)

Source : ladbible

Unicode

မကြာသေးခင်က social media မှာ လှေကားထစ်ပေါ်ဆင်းနေစဉ်အတွင်း ကလေးငယ်တစ်ဥဦးအား CPR ပြုလုပ်ပေးနေခဲ့တဲ့ မီးသတ်သမားတစ်ဥဦးရဲ့မယုံကြည်နိုင်လောက်တဲ့ဗီဒီယိုဖိုင်များ ပြန်ပေါ်ထွက်လာခဲ့ပါတယ်။၂၀၀၂ ခုနှစ် မေလမှာ Bob Swick နှင့် Scott Lewis အမည်ရှိ မီးသတ်သမားနှစ်ဦးဟာ အမေရိကန် ပြည်ထောင်စု Ohio ပြည်နယ် Fairbornမြို့ Hebble ရိပ်သာလမ်းရှိ မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်ပေးခဲ့ကြတဲ့ အဖွဲ့သားများဖြစ်ကြပါတယ်။

သူတို့ဟာ ကလေးငယ်လေးအတွက် အချိန်မရှိတော့မှာကို စိုးရိမ်တာကြောင့် Lewis ဟာ ပြတင်းပေါက်နားသို့ လှေကားထစ် ထောင်လိုက်ပြီးနောက် Swick ကလည်း ပြတင်းပေါက်နားသို့ရောက်လာခဲ့ကာ သူ့ရဲ့လက်မောင်းပေါ်မှာမီးခိုးငွေ့မွန်နေတဲ့ Chelsea လေးကို ချက်ချင်းလှေကားထစ်ပေါ်မှာရှိနေတဲ့ Lewis အား လက်ဆင့်ကမ်းပေးလိုက်ပါတယ်။

Fairborn မီးသတ်ဌာနရဲ့ သမိုင်းမှတ်တမ်းအရ Chelsea လေးအား ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး တစ်ပတ်အကြာမှာ ဆေးရုံဆင်းနိုင်ခဲ့ပါတယ်။“ ဒါကမယုံနိုင်လောက်အောင်ခက်ခဲခဲ့ပါတယ် ၊ သူမအသက်ရှင်လွတ်မြောက်လာတဲ့အတွက် ကျွန်တော် ၀မ်းသာပါတယ် “ လို့ ၎င်းမူရင်းစာမူကို internet အသုံးပြုသူတစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။လူအများကလည်း အသက်တစ်ချောင်းကို ကယ်တင်ပေးနိုင်ခဲ့တဲ့ Bob Swick နှင့် Scott Lewis ကို အတိုင်းထက် အလွန်ချီးမွမ်းခဲ့ကြပါတယ်။

Mia (Mckzone Daily)

Be the first to comment on "ေလွကားထစ္ဆင္းရင္း လက္ထဲက ကေလးအား ေမွ်ာ္လင့္ခ်က္ႀကီးစြာျဖင့္ အသက္ကယ္ CPR လုပ္ေပးေနခဲ့တဲ့ မီးသတ္သမားတစ္ဦး(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*