ကိုယ့္အလုပ္ကိုယ္သာ အာရံုစိုက္ေနၾကတဲ့မိဘေတြေၾကာင့္ အိမ္ျပင္မွာစက္ဘီးစီးေနခဲ့တဲ့ကေလးကို ကားႀကိတ္သြားခဲ့တဲ့(႐ုပ္သံ)

မိဘေတြဆိုတာကေတာ့ အေတာ္ေလးကိုအလုပ္မ်ားၾကသူေတြပါ ။ တစ္ခ်ိန္ထဲမွာပဲ ကိုယ့္ရဲ႕ကေလးငယ္ကို ထိန္းေက်ာင္းရမည့္အျပင္ အိမ္မႈကိစၥမ်ားကိုလည္း တစ္ၿပိဳင္နက္တည္း ၿပီးစီးေအာင္လုပ္ၾကရလို႔ပါပဲ ။ တစ္ခါတစ္ေလ ကိုယ့္ရဲ႕ကေလးငယ္ကိုၾကည့္ေနဖို႔ သတိလက္လြတ္ျဖစ္တဲ့အခ်ိန္တိုင္း မျဖစ္သင့္တာေတြျဖစ္တဲ့အထိပါပဲ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံက အမ်ိဳးသားတစ္ေယာက္ဟာ အိမ္အျပင္ဖက္မွာကားေဆးဖို႔လုပ္ေနတုန္း သူ၏ကေလးငယ္ဟာ အိမ္ဝန္းအထဲဖက္ကေန အျပင္ဖက္သို႔စက္ဘီးေမာင္းႏွင္းသြားခဲ့တဲ့အတြက္ လမ္းေပၚေမာင္းႏွင္ေနေသာကားကတက္ႀကိတ္ခဲ့မိလို႔ အဆိုပါ႐ုပ္သံဟာ Facebook အသံုးျပဳသူေတြအၾကား အေတာ္ေလးကို လူေျပာမ်ားေနလ်က္႐ွိပါတယ္ ။

CCTV ကေန႐ိုက္ကူးထားတဲ့ ႐ုပ္သံအရ အဆိုပါအျဖစ္အပ်က္ဟာ November 10 ရက္ေန႔ ညေနခင္းအခ်ိန္ခန္႔မွာျဖစ္ပြားခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ Video ထဲမွာေဖာ္ျပထားခဲ့တာကေတာ့ ကေလးငယ္ဟာ စက္ဘီးႏွင့္အိမ္အျပင္ဖက္သို႔ေမာင္းထြက္ေနတုန္း ဖခင္ျဖစ္သူမွာေတာ့ ကားေဆးေနရင္း အလုပ္႐ႈပ္ေနခဲ့တာျဖစ္ပါတယ္ ။ ကေလးငယ္အိမ္ဝန္းထဲကေန ထြက္တာနဲ႔တစ္ၿပိဳင္နက္ အျဖဴေရာင္ကားတစ္စီးဟာ လမ္းရဲ႕ဘယ္ဖက္အျခမ္းကေန ေမာင္းႏွင္လာခဲ့ၿပီး ကေလးငယ္ကေ႐ွာင္ထြက္သြားမယ္လို႔ထင္ေနတာလား ဒါမွမဟုတ္ ကေလးငယ္ကိုပဲ မျမင္တာလား တိတိက်က်ေတာ့မသိရေပမဲ့လည္း ကေလးငယ္တည့္တည့္ကို ကားနဲ႔တက္ႀကိတ္မိခဲ့ပါေတာ့တယ္ ။

အဆိုပါ မေတာ္တဆမႈျဖစ္ပြားၿပီးတာနဲ႔ခ်က္ခ်င္း အိမ္ထဲကလူေတြကလည္း ေျပးလာခဲ့ၾကၿပီး ကားဆရာမွာလည္း ကားေပၚကေနခ်က္ခ်င္းဆင္းကာ အေျခအေနသြားေရာက္စစ္ေဆးခဲ့တာကို Video ထဲမွာေတြ႔႐ွိရမွာပါ ။ အဆိုပါ Video ကိုၾကည့္႐ႈခဲ့ၾကၿပီးေနာက္ ယခုအျဖစ္အပ်က္ဟာ ကေလးငယ္ရဲ႕မိဘေတြရဲ႕ ေပါ့ဆမႈေၾကာင့္သာျဖစ္ေၾကာင္း ႏွင့္ ကေလးငယ္ႏွင့္ စက္ဘီးဟာ အေတာ္ေလးကိုေသးငယ္ေနခဲ့တဲ့အတြက္ ပုေနေတာ့ ကားဆရာအေနနဲ႔မ်က္ကြယ္ရာေနရာမွာ႐ွိေနခဲ့တာျဖစ္တဲ့အတြက္ေၾကာင့္ ကားဆရာမွာကေလးငယ္ကိုတက္ႀကိတ္မိခဲ့တာျဖစ္ေၾကာင္း ထို႔ေၾကာင့္ ကားဆရာမွာအျပစ္မ႐ွိဘဲ ကေလးငယ္ရဲ႕မိဘမ်ားသာ အျပစ္႐ွိေၾကာင္း မ်ိဳးစံုသံုးသပ္ေဝဖန္ခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မိဘတွေဆိုတာကတော့ အတော်လေးကိုအလုပ်များကြသူတွေပါ ။ တစ်ချိန်ထဲမှာပဲ ကိုယ့်ရဲ့ကလေးငယ်ကို ထိန်းကျောင်းရမည့်အပြင် အိမ်မှုကိစ္စများကိုလည်း တစ်ပြိုင်နက်တည်း ပြီးစီးအောင်လုပ်ကြရလို့ပါပဲ ။ တစ်ခါတစ်လေ ကိုယ့်ရဲ့ကလေးငယ်ကိုကြည့်နေဖို့ သတိလက်လွတ်ဖြစ်တဲ့အချိန်တိုင်း မဖြစ်သင့်တာတွေဖြစ်တဲ့အထိပါပဲ ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက အမျိုးသားတစ်ယောက်ဟာ အိမ်အပြင်ဖက်မှာကားဆေးဖို့လုပ်နေတုန်း သူ၏ကလေးငယ်ဟာ အိမ်ဝန်းအထဲဖက်ကနေ အပြင်ဖက်သို့စက်ဘီးမောင်းနှင်းသွားခဲ့တဲ့အတွက် လမ်းပေါ်မောင်းနှင်နေသောကားကတက်ကြိတ်ခဲ့မိလို့ အဆိုပါရုပ်သံဟာ Facebook အသုံးပြုသူတွေအကြား အတော်လေးကို လူပြောများနေလျက်ရှိပါတယ် ။

CCTV ကနေရိုက်ကူးထားတဲ့ ရုပ်သံအရ အဆိုပါအဖြစ်အပျက်ဟာ November 10 ရက်နေ့ ညနေခင်းအချိန်ခန့်မှာဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။ Video ထဲမှာဖော်ပြထားခဲ့တာကတော့ ကလေးငယ်ဟာ စက်ဘီးနှင့်အိမ်အပြင်ဖက်သို့မောင်းထွက်နေတုန်း ဖခင်ဖြစ်သူမှာတော့ ကားဆေးနေရင်း အလုပ်ရှုပ်နေခဲ့တာဖြစ်ပါတယ် ။ ကလေးငယ်အိမ်ဝန်းထဲကနေ ထွက်တာနဲ့တစ်ပြိုင်နက် အဖြူရောင်ကားတစ်စီးဟာ လမ်းရဲ့ဘယ်ဖက်အခြမ်းကနေ မောင်းနှင်လာခဲ့ပြီး ကလေးငယ်ကရှောင်ထွက်သွားမယ်လို့ထင်နေတာလား ဒါမှမဟုတ် ကလေးငယ်ကိုပဲ မမြင်တာလား တိတိကျကျတော့မသိရပေမဲ့လည်း ကလေးငယ်တည့်တည့်ကို ကားနဲ့တက်ကြိတ်မိခဲ့ပါတော့တယ် ။

အဆိုပါ မတော်တဆမှုဖြစ်ပွားပြီးတာနဲ့ချက်ချင်း အိမ်ထဲကလူတွေကလည်း ပြေးလာခဲ့ကြပြီး ကားဆရာမှာလည်း ကားပေါ်ကနေချက်ချင်းဆင်းကာ အခြေအနေသွားရောက်စစ်ဆေးခဲ့တာကို Video ထဲမှာတွေ့ရှိရမှာပါ ။ အဆိုပါ Video ကိုကြည့်ရှုခဲ့ကြပြီးနောက် ယခုအဖြစ်အပျက်ဟာ ကလေးငယ်ရဲ့မိဘတွေရဲ့ ပေါ့ဆမှုကြောင့်သာဖြစ်ကြောင်း နှင့် ကလေးငယ်နှင့် စက်ဘီးဟာ အတော်လေးကိုသေးငယ်နေခဲ့တဲ့အတွက် ပုနေတော့ ကားဆရာအနေနဲ့မျက်ကွယ်ရာနေရာမှာရှိနေခဲ့တာဖြစ်တဲ့အတွက်ကြောင့် ကားဆရာမှာကလေးငယ်ကိုတက်ကြိတ်မိခဲ့တာဖြစ်ကြောင်း ထို့ကြောင့် ကားဆရာမှာအပြစ်မရှိဘဲ ကလေးငယ်ရဲ့မိဘများသာ အပြစ်ရှိကြောင်း မျိုးစုံသုံးသပ်ဝေဖန်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ကိုယ့္အလုပ္ကိုယ္သာ အာရံုစိုက္ေနၾကတဲ့မိဘေတြေၾကာင့္ အိမ္ျပင္မွာစက္ဘီးစီးေနခဲ့တဲ့ကေလးကို ကားႀကိတ္သြားခဲ့တဲ့(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*