ကြန္ဂိုဒီမိုကရက္တစ္သမၼတႏိုင္ငံမွာ ႐ိုက္ကူးထားခဲ့တဲ့ဗီဒီယိုမ်ားဟာ မၾကာေသးခင္ကဘဲ onlineေပၚရွိ လူအမ်ားရဲ႕အာ႐ုံစိုက္မႈကို ရရွိသြားခဲ့ပါတယ္။၎ဗီဒီယိုဖိုင္ေတြဟာ လူအမ်ားအျပားက ေတာင္ေပၚသို႔ အလူးအလိမ့္ေျပးေနသည္ကို ျပသေနပါတယ္။အစီရင္ခံစာမ်ားအရ ၎ေတာင္ရဲ႕ေျမဆီလႊာဟာ ေ႐ႊမ်ားျဖင့္ျပဳလုပ္ထားျခင္းေၾကာင့္ ေဒသခံမ်ားဟာ ၎တို႔ရဲ႕ေ႐ႊတူးေဖာ္ပစၥည္းမ်ားႏွင့္အတူ ခ်က္ခ်င္းပင္ ထိုေဒသသို႔ အလ်င္အျမန္ သြားေရာက္ခဲ့ၾကပါတယ္။၎ျဖစ္ရပ္ဟာ South Kivu ျပည္နယ္ရွိေက်း႐ြာတစ္႐ြာမွာ ျဖစ္ပ်က္ခဲ့ၿပီး ဗီဒီယိုေတြကိုေတာ့ ေဖေဖာ္ဝါရီလေႏွာင္းပိုင္းေလာက္က ႐ိုက္ယူခဲ့ၾကပါတယ္။
၎ေျမဆီလႊာရဲ႕ ၆၀ % မွ ၉၀ % ခန္႔ကို ေ႐ႊျဖင့္ ဖြဲ႕စည္းျပဳလုပ္ထားပါတယ္။ထို႔ေၾကာင့္ ေထာင္နဲ႔ခ်ီတဲ့႐ြာသားမ်ားက ေ႐ႊရရွိရန္အတြက္ ေတာင္ေပၚသို႔ စု႐ုံးေရာက္ရွိလာခဲ့ၾကပါတယ္။အလြတ္တန္း journalist တစ္ဦးျဖစ္တဲ့ Ahmad Algohbary က Twitter မွာ ၎ဗီဒီယိုမ်ားအား မွ်ေဝကာ “ ကြန္ဂိုသမၼတႏိုင္ငံမွ ေ႐ႊႏွင့္ျပည့္ေနတဲ့ေတာင္တစ္ခုလုံးကိုရွာေဖြေတြ႕ရွိခဲ့တာေၾကာင့္ ေက်း႐ြာသားမ်ားအတြက္ အႀကီးမားဆုံး အံ့အားသင့္စြာ မွတ္တမ္းတင္ထားပါတယ္ ၊ သူတို႔က ေ႐ႊေတြပါတဲ့ေျမဆီကိုတူးၿပီး ေ႐ႊကိုရဖို႔အတြက္ အမႈိက္ေတြကိုေဆးေၾကာသန႔္စင္ရန္ ၎ေျမေတြကို သူတို႔ရဲ႕အိမ္သို႔ သယ္ေဆာင္သြားခဲ့ၾကပါတယ္” လို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။
တစ္ခ်ိန္တည္းမွာဘဲ အျခားဗီဒီယိုတစ္ခုက ႐ြာသားေတြဟာ ေ႐ႊရရွိရန္အတြက္ ေျမဆီလႊာကို တူးယူၿပီး ေရျဖင့္ အမႈိက္ေတြကို သန္႔စင္ေဆးေၾကာေနခဲ့ၾကပါတယ္။ေနာက္ပိုင္းမွာ ၎သတင္းကို သတင္းအရင္းအျမစ္အမ်ိဳးမ်ိဳးမွ ေကာက္ယူေဖာ္ျပခဲ့ၾကေပမဲ့ ၎ေဒသသို႔ လူအမ်ားမလာေရာက္ခင္ အစိုးရအာဏာပိုင္မ်ားက ၎သတၱဳတြင္းတူးရန္တားျမစ္ခ်က္ကို ခ်က္ခ်င္းပင္ ေၾကျငာခဲ့ၾကပါတယ္။
1
2
Mia (Mckzone Daily)
Source : elitereaders
Unicode
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ရိုက်ကူးထားခဲ့တဲ့ဗီဒီယိုများဟာ မကြာသေးခင်ကဘဲ onlineပေါ်ရှိ လူအများရဲ့အာရုံစိုက်မှုကို ရရှိသွားခဲ့ပါတယ်။၎င်းဗီဒီယိုဖိုင်တွေဟာ လူအများအပြားက တောင်ပေါ်သို့ အလူးအလိမ့်ပြေးနေသည်ကို ပြသနေပါတယ်။အစီရင်ခံစာများအရ ၎င်းတောင်ရဲ့မြေဆီလွှာဟာ ရွှေများဖြင့်ပြုလုပ်ထားခြင်းကြောင့် ဒေသခံများဟာ ၎င်းတို့ရဲ့ရွှေတူးဖော်ပစ္စည်းများနှင့်အတူ ချက်ချင်းပင် ထိုဒေသသို့ အလျင်အမြန် သွားရောက်ခဲ့ကြပါတယ်။၎င်းဖြစ်ရပ်ဟာ South Kivu ပြည်နယ်ရှိကျေးရွာတစ်ရွာမှာ ဖြစ်ပျက်ခဲ့ပြီး ဗီဒီယိုတွေကိုတော့ ဖေဖော်ဝါရီလနှောင်းပိုင်းလောက်က ရိုက်ယူခဲ့ကြပါတယ်။
၎င်းမြေဆီလွှာရဲ့ ၆၀ % မှ ၉၀ % ခန့်ကို ရွှေဖြင့် ဖွဲ့စည်းပြုလုပ်ထားပါတယ်။ထို့ကြောင့် ထောင်နဲ့ချီတဲ့ရွာသားများက ရွှေရရှိရန်အတွက် တောင်ပေါ်သို့ စုရုံးရောက်ရှိလာခဲ့ကြပါတယ်။အလွတ်တန်း journalist တစ်ဦးဖြစ်တဲ့ Ahmad Algohbary က Twitter မှာ ၎င်းဗီဒီယိုများအား မျှဝေကာ “ ကွန်ဂိုသမ္မတနိုင်ငံမှ ရွှေနှင့်ပြည့်နေတဲ့တောင်တစ်ခုလုံးကိုရှာဖွေတွေ့ရှိခဲ့တာကြောင့် ကျေးရွာသားများအတွက် အကြီးမားဆုံး အံ့အားသင့်စွာ မှတ်တမ်းတင်ထားပါတယ် ၊ သူတို့က ရွှေတွေပါတဲ့မြေဆီကိုတူးပြီး ရွှေကိုရဖို့အတွက် အမှိုက်တွေကိုဆေးကြောသန့်စင်ရန် ၎င်းမြေတွေကို သူတို့ရဲ့အိမ်သို့ သယ်ဆောင်သွားခဲ့ကြပါတယ်” လို့ ရေးသားဖော်ပြခဲ့ပါတယ်။
The moment of washing the dirt and extracting the gold. #Congo pic.twitter.com/7L1V1Clm30
— Ahmad Algohbary (@AhmadAlgohbary) March 2, 2021
တစ်ချိန်တည်းမှာဘဲ အခြားဗီဒီယိုတစ်ခုက ရွာသားတွေဟာ ရွှေရရှိရန်အတွက် မြေဆီလွှာကို တူးယူပြီး ရေဖြင့် အမှိုက်တွေကို သန့်စင်ဆေးကြောနေခဲ့ကြပါတယ်။နောက်ပိုင်းမှာ ၎င်းသတင်းကို သတင်းအရင်းအမြစ်အမျိုးမျိုးမှ ကောက်ယူဖော်ပြခဲ့ကြပေမဲ့ ၎င်းဒေသသို့ လူအများမလာရောက်ခင် အစိုးရအာဏာပိုင်များက ၎င်းသတ္တုတွင်းတူးရန်တားမြစ်ချက်ကို ချက်ချင်းပင် ကြေငြာခဲ့ကြပါတယ်။
Mia (Mckzone Daily)
Be the first to comment on "ေျမဆီလႊာရဲ႕ ၉၀ ရာခိုင္ႏႈန္းခန္႔ကို ေ႐ႊျဖင့္ ဖြဲ႕စည္းထားတဲ့ေတာင္တစ္လုံးအား ရွာေဖြေတြ႕ရွိခဲ့ၾကတဲ့ ႐ြာသူ႐ြာသားမ်ား(႐ုပ္သံ)"