ေဒါသႀကီးစြာျဖင့္ စတိုးဆိုင္အတြင္း သူမရဲ႕အတြင္းခံေဘာင္းဘီကို ေပၚတင္ခြၽတ္ကာ mask အျဖစ္ အသုံးျပဳခဲ့တဲ့ အမ်ိဳးသမီး(႐ုပ္သံ)

အခုလို ကူးစက္ေရာဂါကာလမွာ ကြၽန္ေတာ္တို႔ဟာ အျပင္ထြက္တိုင္း မျဖစ္မေန mask ေတြတပ္သြားၾကရပါတယ္။တစ္ခါတစ္ေလလည္း ေလာေလာနဲ႔ mask မပါဘဲ အိမ္ျပင္ထြက္ခဲ့မိတာတဲ့အျဖစ္ေတြကိုလည္း ႀကဳံဖူးၾကမွာပါ။ကမာၻအႏွံ႔အျပားရွိ လူတိုင္းကလည္း ကူးစက္ေရာဂါဝင္ေရာက္လာကတည္းကပင္ mask ကို ဘယ္သြားသြား ကိုယ္နဲ႔အၿမဲမကြာ ေဆာင္ထားၾကရပါတယ္။သို႔ေပမဲ့ ေတာင္အာဖရိကရွိ အမ်ိဳးသမီးတစ္ဦးဟာ ကုန္စုံဆိုင္တစ္ဆိုင္မွာ ေစ်းသုံးရင္း mask တပ္ဖို႔ေမ့ေနသလို ယူလာဖို႔ပါေမ့ေနခဲ့ပုံရပါတယ္။ဗီဒီယိုထဲအရ အဆိုပါအမ်ိဳးသမီးဟာ ေကာင္တာသို႔ ေငြရွင္းရန္သြားတဲ့အခ်ိန္မွာ ဆိုင္ဝန္ထမ္းတစ္ဦးက သူမအား ရပ္ခိုင္းၿပီး mask တပ္ရန္ ေျပာခဲ့ပါတယ္။

ထို႔ေနာက္ သူမဟာ စိတ္ရႈပ္ေထြးရင္းေဒါသထြက္ကာ mask ဘဲမတပ္တာကို အျပစ္ေျပာရေကာင္းလားဆိုၿပီး ႐ုတ္တရက္ သူမရဲ႕အတြင္းခံေဘာင္းဘီကို ခြၽတ္ကာ ေခါင္းေပၚစြပ္ၿပီး အမဲေရာင္ mask အျဖစ္ အသုံးျပဳျပခဲ့ပါတယ္။ထို႔ေနာက္ ဆိုင္ဝန္ထမ္းကလည္း ဘာမွျပန္မေျပာႏိုင္ေတာ့ဘဲ တိတ္ဆိတ္သြားခဲ့ေပမဲ့ အဆိုပါအမ်ိဳးသမီးရဲ႕ေနာက္မွာ တန္းစီေနတဲ့အမ်ိဳးသမီးတစ္ဦးက “ ဒါက လူမ်ားတဲ့ကုန္စုံဆိုင္ နင္ ဒီလို မလုပ္သင့္ဘူး ” လို႔ ေျပာဆိုေနခဲ့ပါတယ္။

သို႔ေပမဲ့ အဆိုပါ mask မပါတဲ့အမ်ိဳးသမီးက ေျပာင္ေျပာင္နဲ႔ “ ပါးစပ္နဲ႔ႏွာေခါင္းကို အုပ္ထားႏိုင္ရင္ ရၿပီမလား ေဘာင္းဘီတိုကို mask လုပ္လို႔လည္း ရတယ္ေလ” လို႔ ဆိုကာ ေငြရွင္းေကာင္တာသို႔ ဆက္ေလွ်ာက္သြားခဲ့ပါတယ္။သူမရဲ႕အျဖစ္က အခ်ိဳ႕လူေတြအတြက္ ရယ္စရာေကာင္းေပမဲ့ ေရာဂါေၾကာက္လို႔ ကိုယ့္ကိုကိုယ္ အၿမဲဂ႐ုစိုက္တတ္သူေတြအတြက္ကေတာ့ ေဒါသထြက္စရာေကာင္းေနမွာပါ။စာဖတ္သူတို႔ေကာ အခုျဖစ္ရပ္ကို ဘယ္လိုထင္မိပါသလဲ။

Mia (Mckzone Daily)

Source : mashable

Unicode

အခုလို ကူးစက်ရောဂါကာလမှာ ကျွန်တော်တို့ဟာ အပြင်ထွက်တိုင်း မဖြစ်မနေ mask တွေတပ်သွားကြရပါတယ်။တစ်ခါတစ်လေလည်း လောလောနဲ့ mask မပါဘဲ အိမ်ပြင်ထွက်ခဲ့မိတာတဲ့အဖြစ်တွေကိုလည်း ကြုံဖူးကြမှာပါ။ကမ္ဘာအနှံ့အပြားရှိ လူတိုင်းကလည်း ကူးစက်ရောဂါဝင်ရောက်လာကတည်းကပင် mask ကို ဘယ်သွားသွား ကိုယ်နဲ့အမြဲမကွာ ဆောင်ထားကြရပါတယ်။သို့ပေမဲ့ တောင်အာဖရိကရှိ အမျိုးသမီးတစ်ဦးဟာ ကုန်စုံဆိုင်တစ်ဆိုင်မှာ စျေးသုံးရင်း mask တပ်ဖို့မေ့နေသလို ယူလာဖို့ပါမေ့နေခဲ့ပုံရပါတယ်။ဗီဒီယိုထဲအရ အဆိုပါအမျိုးသမီးဟာ ကောင်တာသို့ ငွေရှင်းရန်သွားတဲ့အချိန်မှာ ဆိုင်ဝန်ထမ်းတစ်ဦးက သူမအား ရပ်ခိုင်းပြီး mask တပ်ရန် ပြောခဲ့ပါတယ်။

ထို့နောက် သူမဟာ စိတ်ရှုပ်ထွေးရင်းဒေါသထွက်ကာ mask ဘဲမတပ်တာကို အပြစ်ပြောရကောင်းလားဆိုပြီး ရုတ်တရက် သူမရဲ့အတွင်းခံဘောင်းဘီကို ချွတ်ကာ ခေါင်းပေါ်စွပ်ပြီး အမဲရောင် mask အဖြစ် အသုံးပြုပြခဲ့ပါတယ်။ထို့နောက် ဆိုင်ဝန်ထမ်းကလည်း ဘာမှပြန်မပြောနိုင်တော့ဘဲ တိတ်ဆိတ်သွားခဲ့ပေမဲ့ အဆိုပါအမျိုးသမီးရဲ့နောက်မှာ တန်းစီနေတဲ့အမျိုးသမီးတစ်ဦးက “ ဒါက လူများတဲ့ကုန်စုံဆိုင် နင် ဒီလို မလုပ်သင့်ဘူး ” လို့ ပြောဆိုနေခဲ့ပါတယ်။

သို့ပေမဲ့ အဆိုပါ mask မပါတဲ့အမျိုးသမီးက ပြောင်ပြောင်နဲ့ “ ပါးစပ်နဲ့နှာခေါင်းကို အုပ်ထားနိုင်ရင် ရပြီမလား ဘောင်းဘီတိုကို mask လုပ်လို့လည်း ရတယ်လေ” လို့ ဆိုကာ ငွေရှင်းကောင်တာသို့ ဆက်လျှောက်သွားခဲ့ပါတယ်။သူမရဲ့အဖြစ်က အချို့လူတွေအတွက် ရယ်စရာကောင်းပေမဲ့ ရောဂါကြောက်လို့ ကိုယ့်ကိုကိုယ် အမြဲဂရုစိုက်တတ်သူတွေအတွက်ကတော့ ဒေါသထွက်စရာကောင်းနေမှာပါ။စာဖတ်သူတို့ကော အခုဖြစ်ရပ်ကို ဘယ်လိုထင်မိပါသလဲ။

Mia (Mckzone Daily)

  • Leave a Comment