ယေန႔ေခတ္မွာ အင္တာနက္ရဲ႕လ်င္ျမန္စြာဆင့္ကဲေျပာင္းလဲလာမႈႏွင့္အတူ လူတိုင္းမွာလည္း လူ႔အဖြဲ႕အစည္းအတြင္းေျပာင္းလဲမႈကိုျဖစ္ေပၚေစတဲ့အေၾကာင္းအရာမ်ားကိုလည္း ဖန္တီးရန္ စြမ္းအားမ်ားရွိေနပါတယ္။လူမႈမီဒီယာအသုံးျပဳသူေတြဟာ ၎ ‘စြမ္းအား’ ကိုေကာင္းမႈျပဳရန္အတြက္ အသုံးမျပဳၾကပါဘူး။မေလးရွားႏိုင္ငံရွိ Facebook အသုံးျပဳသူတစ္ဦးဟာ အျဖဴေရာင္အစင္းပါတဲ့အနက္ေရာင္ေဘာင္းဘီကို ဝတ္ဆင္ကာ ဆိုင္ကယ္ျဖင့္ delivery လုပ္ေနတဲ့အမ်ိဳးသားတစ္ဦးရဲ႕ဓာတ္ပုံကို ႐ိုက္ကူးခဲ့ပါတယ္။၎ေဘာင္းဘီဟာ မေလးရွားရဲအရာရွိမ်ားဝတ္ဆင္တဲ့ဝတ္စားပုံနဲ႔တူေနပါတယ္။
အဆိုပါFacebook အသုံးျပဳသူဟာ ၎အမ်ိဳးသားက ရဲအရာရွိတစ္ဦးျဖစ္တဲ့အျပင္ အခ်ိန္ပိုင္း delivery ပါ လုပ္ေနတဲ့လို႔ထင္ကာ “ ခင္ဗ်ားက အခ်ိန္ပိုင္းအလုပ္လုပ္ေနတာလား” ဆိုတဲ့ caption ျဖင့္ စေနာက္ကာ online ေပၚမွ်ေဝခဲ့ပါတယ္။အဆိုပါ delivery သမားဟာလည္း သူ႔ရဲ႕ဓာတ္ပုံမ်ားက လူမႈမီဒီယာေပၚမွာ အိုးေလးတေက်ာ္ ပ်ံ႕ႏွံ႔သြားၿပီးေနာက္မွသာ သူ႔ရဲ႕အျဖစ္ကို ေသခ်ာသိသြားခဲ့ၿပီး ရလဒ္အေနနဲ႔ သူဟာ ရဲအရာရွိမဟုတ္ဘဲ delivery သမားတစ္ဦးျဖစ္ေၾကာင္းကို ေသခ်ာစြာ စစ္ေဆးႏိုင္ရန္ ရဲစခန္းသို႔ သြားခဲ့ရပါတယ္။
ထို႔ေနာက္ Kluang ရဲစခန္းကလည္း ဒီကိစၥနဲ႔ပတ္သက္ၿပီး ေၾကျငာခ်က္တေစာင္ထုတ္ျပန္ခဲ့ကာ ဒီလူဟာ အခ်ိန္ပိုင္းပို႔ေဆာင္ေရးသမားသာျဖစ္ၿပီး ရဲအရာရွိမဟုတ္ေၾကာင္းအတည္ျပဳေျပာၾကားခဲ့ပါတယ္။ထို႔အျပင္ ၎ရဲစခန္းက ၁၉၉၈ မေလးရွားမာလ္တီမီဒီယာႏွင့္ဆက္သြယ္ေရး ဥပေဒပုဒ္မ ၂၃၃ (၃) အရ မသမာမႈမ်ားအား ျဖန႔္ေဝေနသူမ်ားကို အေရးယူမည္ျဖစ္ၿပီး စြပ္စြဲခံရသူလည္း ေထာင္ဒဏ္တစ္ႏွစ္ သို႔မဟုတ္ ရင္းဂစ္ ၅၀၀၀၀ အထိ ေငြဒဏ္ခ်မွတ္ႏိုင္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။
Mia (Mckzone Daily)
Source : worldofbuzz
Unicode
ယနေ့ခေတ်မှာ အင်တာနက်ရဲ့လျင်မြန်စွာဆင့်ကဲပြောင်းလဲလာမှုနှင့်အတူ လူတိုင်းမှာလည်း လူ့အဖွဲ့အစည်းအတွင်းပြောင်းလဲမှုကိုဖြစ်ပေါ်စေတဲ့အကြောင်းအရာများကိုလည်း ဖန်တီးရန် စွမ်းအားများရှိနေပါတယ်။လူမှုမီဒီယာအသုံးပြုသူတွေဟာ ၎င်း ‘စွမ်းအား’ ကိုကောင်းမှုပြုရန်အတွက် အသုံးမပြုကြပါဘူး။မလေးရှားနိုင်ငံရှိ Facebook အသုံးပြုသူတစ်ဦးဟာ အဖြူရောင်အစင်းပါတဲ့အနက်ရောင်ဘောင်းဘီကို ဝတ်ဆင်ကာ ဆိုင်ကယ်ဖြင့် delivery လုပ်နေတဲ့အမျိုးသားတစ်ဦးရဲ့ဓာတ်ပုံကို ရိုက်ကူးခဲ့ပါတယ်။၎င်းဘောင်းဘီဟာ မလေးရှားရဲအရာရှိများဝတ်ဆင်တဲ့ဝတ်စားပုံနဲ့တူနေပါတယ်။
အဆိုပါFacebook အသုံးပြုသူဟာ ၎င်းအမျိုးသားက ရဲအရာရှိတစ်ဦးဖြစ်တဲ့အပြင် အချိန်ပိုင်း delivery ပါ လုပ်နေတဲ့လို့ထင်ကာ “ ခင်ဗျားက အချိန်ပိုင်းအလုပ်လုပ်နေတာလား” ဆိုတဲ့ caption ဖြင့် စနောက်ကာ online ပေါ်မျှဝေခဲ့ပါတယ်။အဆိုပါ delivery သမားဟာလည်း သူ့ရဲ့ဓာတ်ပုံများက လူမှုမီဒီယာပေါ်မှာ အိုးလေးတကျော် ပျံ့နှံ့သွားပြီးနောက်မှသာ သူ့ရဲ့အဖြစ်ကို သေချာသိသွားခဲ့ပြီး ရလဒ်အနေနဲ့ သူဟာ ရဲအရာရှိမဟုတ်ဘဲ delivery သမားတစ်ဦးဖြစ်ကြောင်းကို သေချာစွာ စစ်ဆေးနိုင်ရန် ရဲစခန်းသို့ သွားခဲ့ရပါတယ်။
ထို့နောက် Kluang ရဲစခန်းကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ကြေငြာချက်တစောင်ထုတ်ပြန်ခဲ့ကာ ဒီလူဟာ အချိန်ပိုင်းပို့ဆောင်ရေးသမားသာဖြစ်ပြီး ရဲအရာရှိမဟုတ်ကြောင်းအတည်ပြုပြောကြားခဲ့ပါတယ်။ထို့အပြင် ၎င်းရဲစခန်းက ၁၉၉၈ မလေးရှားမာလ်တီမီဒီယာနှင့်ဆက်သွယ်ရေး ဥပဒေပုဒ်မ ၂၃၃ (၃) အရ မသမာမှုများအား ဖြန့်ဝေနေသူများကို အရေးယူမည်ဖြစ်ပြီး စွပ်စွဲခံရသူလည်း ထောင်ဒဏ်တစ်နှစ် သို့မဟုတ် ရင်းဂစ် ၅၀၀၀၀ အထိ ငွေဒဏ်ချမှတ်နိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။
Mia (Mckzone Daily)
Be the first to comment on "ဝတ္ထားတဲ့ေဘာင္းဘီေၾကာင့္ ရဲအရာရွိလို႔အထင္ခံရၿပီးေနာက္ ရဲစခန္းအထိပါ ေရာက္သြားခဲ့ရတဲ့ delivery သမားတစ္ဦး"