သမီးအရင်းကိုရောင်းပြီးရလာတဲ့ပိုက်ဆံကို videoတိုက်ရိုက်ထုတ်လွင့်တဲ့အပြာမယ်အတွက်သာ သုံးဖြုန်းခဲ့တဲ့ဖခင်




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဖခင်ဆိုတာက သမီးဖြစ်သူတွေအတွက် ကမ္ဘာပေါ်မှာ အကောင်းဆုံး ၊ အားအကိုးရဆုံး ၊ အယုံကြည်ရဆုံးအမျိုးသားဖြစ်တယ်လို့ ဆိုစမှတ်ပြုကြပေမဲ့လည်း ခေတ်ကာလအရ ပျက်ဆီးနေပြီး ဖခင်စိတ်မရှိတဲ့သူတွေလည်း အများအပြားပေါ်ထွက်လာနေခဲ့ပါပြီ ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံ အမျိုးသားတစ်ယောက်ဟာ သူ၏သမီးအရင်းကို သူစိမ်းစုံတွဲထံသို့ မြန်မာငွေ သိန်း100ကျော်နှင့်ရောင်းချခဲ့မှု ဖြစ်ပွားခဲ့ပါတယ် ။ ထို့အပြင် သမီးငယ်လေးကိုရောင်းချပြီးနောက် ရရှိလာခဲ့တဲ့ငွေကြေးကို သူကြိုက်နှစ်သက်တဲ့ အပြာရုပ်သံတွေ တိုက်ရိုက်ထုတ်လွင့်တဲ့အမျိုးသမီးအတွက်သာ အသုံးပြုခဲ့ပါတယ် ။

အဆိုပါအဖြစ်အပျက်တစ်ခုလုံး ပေါ်ပေါက်ခဲ့ချိန်ကတော့ ကလေးငယ်ရဲ့မွေးစားမိဘတွေက ID ဖြည့်ဖို့သွားရင်း ကလေးငယ်ရဲ့မွေးစာရင်းမှာ လုံးဝကိုမှားယွင်းနေခဲ့တဲ့အတွက် ရဲအရာရှိတွေကိုတိုင်ကြားရင်နဲ့ အဆိုပါကိစ္စကိုစစ်ဆေးပေးဖို့တောင်းဆိုရင်းကနေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ် ။ ဖြစ်စဉ်ကတော့ ကလေးငယ်ရဲ့ဖခင်ဖြစ်တဲ့ Mr.Lu ဟာ 2017 ခုနှစ်ကသူတို့ရဲ့သားလေးကိုဆုံးရှုံးလိုက်ရပြီးကလေးမရနိုင်တော့တဲ့ အဆိုပါလူလတ်ပိုင်းအရွယ်စုံတွဲကို သူ၏မိန်းမမှာအိမ်ပေါ်ကဆင်းသွားပြီး သမီးငယ်လေးကိုတစ်ယောက်တည်းမပြုစုနိုင်တော့ကြောင်းပြောဆိုခဲ့ပါတယ် ။ ထို့ကြောင့်အဆိုပါစုံတွဲက Mr.Lu ကို မွေးဖွားပေးတဲ့စရိတ်အနေနဲ့ မြန်မာငွေ သိန်း100ကျော်ပေးပြီး မွေးစားစာချုပ်မှာ Mr.Lu ကိုတရားဝင် လတ်မှတ်ရေးထိုးခိုင်းခဲ့ပြီးမှသာ ကလေးကို အိမ်သို့ခေါ်ပြန်ခဲ့ပါတော့တယ် ။

သို့ပေမဲ့လည်း သမီးအရင်းကိုရောင်းချပြီးရတဲ့ငွေကြေးကို အပြာမယ်အတွက်သာအသုံးပြုခဲ့တဲ့အတွက် ယခုချိန်မှာတော့ Mr.Lu ဟာ ကလေးမှောင်ခိုရောင်းချမှုအနေနဲ့ ထောင်ဒဏ်ချမှတ်ခံရမှုတို့နှင့် ရင်ဆိုင်နေရလျက်ရှိကြောင်း သိရှိရပါတယ် ။ ထို့အပြင် ကလေးငယ်မှာလည်း သူ၏မွေးစားမိဘက မိဘအရင်းထက်သူ့ကိုပိုပြီး မေတ္တာထားချစ်ပေးနိုင်လိမ့်မည်ဟုသာ မျှော်လင့်ရမှာပါ ။

Jasmine (Mckzone Daily)

Be the first to comment on "သမီးအရင်းကိုရောင်းပြီးရလာတဲ့ပိုက်ဆံကို videoတိုက်ရိုက်ထုတ်လွင့်တဲ့အပြာမယ်အတွက်သာ သုံးဖြုန်းခဲ့တဲ့ဖခင်"

Leave a comment

Your email address will not be published.


*