အသက္ ၇ ႏွစ္အ႐ြယ္ Jesse Heikkila အမည္ရွိေကာင္ေလးတစ္ဦးဟာ ဦးေႏွာက္ကင္ဆာေရာဂါကို အခ်ိန္အေတာ္ၾကာ တိုက္ခိုက္ခဲ့ရသူျဖစ္ပါတယ္။Jesse ဟာ အၿမဲတမ္း စူပါဟီး႐ိုးတစ္ေယာက္၊ ရဲအရာရွိတစ္ေယာက္၊ ဒါမွမဟုတ္ အိုလံပစ္ေရကူးသမားတစ္ဦး ျဖစ္ခ်င္ခဲ့ပါတယ္။ကံမေကာင္းစြာပဲ ကင္ဆာတိုက္ပြဲမွာ က်ရႈံးသြားခဲ့တဲ့ Jesse ဟာ သူ႔ရဲ႕ဆႏၵေတြထဲမွတစ္ခုကိုေတာင္ ျဖစ္လာေအာင္မလုပ္ႏိုင္ခဲ့ပါဘူး။ကင္ဆာေရာဂါဟာ ရက္စက္ၾကမ္းၾကဳတ္ၿပီး ကြၽန္ေတာ္တို႔ထံမွ လူအေျမာက္အမ်ားကို မၾကာခဏ ေခၚေဆာင္သြားတတ္ပါတယ္။Jesse က စူပါဟီး႐ိုးတစ္ေယာက္အျဖစ္ ႀကီးျပင္းခ်င္ခဲ့တဲ့အတြက္ေၾကာင့္ ေဒသခံရဲအရာရွိက Jesse ကို သူ႔တပ္ဖြဲ႕ရဲ႕ဂုဏ္ထူးေဆာင္အရာရွိအျဖစ္ ခန႔္အပ္ေပးခဲ့ပါတယ္။
ထို႔ေနာက္ Bridgewater မွ ရဲဌာနရွိ ရဲအရာရွိမ်ားဟာ က်ရႈံးသြားတဲ့သူတို႔ရဲ႕အဖြဲ႕ဝင္ျဖစ္တဲ့ Jesse ရဲ႕ဈာပနအခမ္းအနားမွာ ႏႈတ္ဆက္စကားေျပာၾကားၿပီး အေလးျပဳခဲ့ၾကပါတယ္။Jesse ရဲ႕ ဦးေလးျဖစ္သူကလည္း Batman အျဖစ္ ဝတ္ဆင္ခဲ့ၿပီး Jesse အတြက္ Star Wars ဂီတေဆာင္ပုဒ္မွာ ပါဝင္ေပးခဲ့ပါတယ္။Bridgewater မွ Dawn Savery အမည္ရွိအရာရွိဟာ Jesse အတြက္ ႏိုင္ငံတစ္ဝွမ္းရွိအရာရွိမ်ားႏွင့္ပင္ ေတြ႕ဆုံခဲ့ၿပီး စု႐ုံးေပးခဲ့ပါတယ္။Jesse ရဲ႕ဈာပနကိုစီတန္းလွည့္လည္ေနစဥ္အတြင္း လူမ်ားစြာကလည္း Jesse အတြက္ စူပါဟီး႐ိုးေတြလို ဝတ္စားဆင္ယင္ေပးခဲ့ပါတယ္။ဒါက Jesse ကို အေကာင္းတကာ့အေကာင္းဆုံးနည္းနဲ႔မွတ္မိေနေစဖို႔အတြက္ လွပတဲ့နည္းလမ္းတစ္ခုပါပဲ။
1
2
Mia (Mckzone Daily)
Source : buzznicked
Unicode
အသက် ၇ နှစ်အရွယ် Jesse Heikkila အမည်ရှိကောင်လေးတစ်ဦးဟာ ဦးနှောက်ကင်ဆာရောဂါကို အချိန်အတော်ကြာ တိုက်ခိုက်ခဲ့ရသူဖြစ်ပါတယ်။Jesse ဟာ အမြဲတမ်း စူပါဟီးရိုးတစ်ယောက်၊ ရဲအရာရှိတစ်ယောက်၊ ဒါမှမဟုတ် အိုလံပစ်ရေကူးသမားတစ်ဦး ဖြစ်ချင်ခဲ့ပါတယ်။ကံမကောင်းစွာပဲ ကင်ဆာတိုက်ပွဲမှာ ကျရှုံးသွားခဲ့တဲ့ Jesse ဟာ သူ့ရဲ့ဆန္ဒတွေထဲမှတစ်ခုကိုတောင် ဖြစ်လာအောင်မလုပ်နိုင်ခဲ့ပါဘူး။ကင်ဆာရောဂါဟာ ရက်စက်ကြမ်းကြုတ်ပြီး ကျွန်တော်တို့ထံမှ လူအမြောက်အများကို မကြာခဏ ခေါ်ဆောင်သွားတတ်ပါတယ်။Jesse က စူပါဟီးရိုးတစ်ယောက်အဖြစ် ကြီးပြင်းချင်ခဲ့တဲ့အတွက်ကြောင့် ဒေသခံရဲအရာရှိက Jesse ကို သူ့တပ်ဖွဲ့ရဲ့ဂုဏ်ထူးဆောင်အရာရှိအဖြစ် ခန့်အပ်ပေးခဲ့ပါတယ်။
ထို့နောက် Bridgewater မှ ရဲဌာနရှိ ရဲအရာရှိများဟာ ကျရှုံးသွားတဲ့သူတို့ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ Jesse ရဲ့ဈာပနအခမ်းအနားမှာ နှုတ်ဆက်စကားပြောကြားပြီး အလေးပြုခဲ့ကြပါတယ်။Jesse ရဲ့ ဦးလေးဖြစ်သူကလည်း Batman အဖြစ် ဝတ်ဆင်ခဲ့ပြီး Jesse အတွက် Star Wars ဂီတဆောင်ပုဒ်မှာ ပါဝင်ပေးခဲ့ပါတယ်။Bridgewater မှ Dawn Savery အမည်ရှိအရာရှိဟာ Jesse အတွက် နိုင်ငံတစ်ဝှမ်းရှိအရာရှိများနှင့်ပင် တွေ့ဆုံခဲ့ပြီး စုရုံးပေးခဲ့ပါတယ်။Jesse ရဲ့ဈာပနကိုစီတန်းလှည့်လည်နေစဉ်အတွင်း လူများစွာကလည်း Jesse အတွက် စူပါဟီးရိုးတွေလို ဝတ်စားဆင်ယင်ပေးခဲ့ပါတယ်။ဒါက Jesse ကို အကောင်းတကာ့အကောင်းဆုံးနည်းနဲ့မှတ်မိနေစေဖို့အတွက် လှပတဲ့နည်းလမ်းတစ်ခုပါပဲ။
Mia (Mckzone Daily)
Be the first to comment on "7 ႏွစ္အ႐ြယ္ကေလးရဲ႕ေနာက္ဆုံးစ်ာပနအခမ္းအနားမွာ စူပါဟီး႐ိုးတစ္ေယာက္လို ႏႈတ္ဆက္ေပးခဲ့ၾကတဲ့ ရဲအရာရွိမ်ား"