ခ်စ္သူနဲ႔လမ္းခြဲၿပီးေနာက္ မွန္ၾကည့္ရင္း ကိုယ့္ကိုကိုယ္ လက္ထပ္ခဲ့တဲ့ အမ်ိဳးသမီး

ကိုယ့္ကိုယ္ကိုလက္ထပ္ထိမ္းျမားမႈအေၾကာင္းကို လူေတာ္ေတာ္မ်ားမ်ား ၾကားဖူးခဲ့ၾကမွာပါ။သို႔ေပမဲ့ အသက္ ၃၅ ႏွစ္အ႐ြယ္ အေမရိကန္အမ်ိဳးသမီးတစ္ဦးျဖစ္တဲ့ Megan Taylor ကေတာ့ ကိုယ့္ကိုယ္ကိုလက္ေတြ႕အိမ္ေထာင္ျပဳျခင္းနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔အား အျပည္အဝ ခြဲေဝခံစားေစခဲ့ပါတယ္။ဘဝရဲ႕နည္းျပတစ္ေယာက္ျဖစ္လာတဲ့ Megan ဟာ ယခင္က အခ်စ္ရဆုံးေကာင္ေလးနဲ႔ အမိုက္စားလက္ထပ္ပြဲကို က်င္းပခ်င္ေနခဲ့ပါတယ္။သို႔ေပမဲ့ ထိုကံၾကမၼာမတိုင္ခင္မွာဘဲ သူမႏွင့္သူမရဲ႕ေကာင္ေလးဟာ လမ္းခြဲျပတ္စဲသြားတာေၾကာင့္ သူမဟာ သတို႔သားမပါဘဲ မဂၤလာပြဲလုပ္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ထို႔ေနာက္ Meganဟာ Colorado ျပည္နယ္ရွိ လွပတဲ့ Airbnb ဟိုတယ္မွာ ႀကိဳတင္ ဘြတ္ကင္လုပ္ခဲ့ၿပီး နီးစပ္ရာ ေဆြမ်ိဳးႏွင့္ သူငယ္ခ်င္း ၁၀ ေယာက္ေလာက္ကို မဂၤလာပြဲသို႔ ဖိတ္ၾကားခဲ့ပါတယ္။

အစပိုင္းအေနနဲ႔ သူမကိုယ္တိုင္ အိမ္ေထာင္ျပဳျခင္းရဲ႕စိတ္ကူးက အလြန္မသက္မသာျဖစ္ရေၾကာင္း Megan က သူမရဲ႕ blog မွာ ေျပာျပခဲ့ပါတယ္။Megan က “ငါ့ကိုငါ့ လက္ထပ္မယ္ဆိုရင္ လူေတြဘယ္လိုထင္ၾကမလဲ။ေမြးေန႔မဟုတ္တဲ့အခမ္းအနားတစ္ခုလုံးကိုကိုယ့္အတြက္ပဲလုပ္တာကတစ္ကိုယ္ေကာင္းဆန္သလား။ငါလက္ထပ္ျခင္းကို ေလ်ာ္ေၾကးေပးတယ္လို႔လူေတြကထင္ၾကမလား။” လို႔ သူမေတြးေနခဲ့ရေၾကာင္း ေျပာျပခဲ့ပါတယ္။ထို႔ေနာက္ Megan ဟာ မဂၤလာအခမ္းအနားအစီအစဥ္အတိုင္း ေျခတလွမ္းခ်င္းလွမ္းေနခ်ိန္အတြင္း သူမအတြက္ စိတ္သက္သာရာရလာၿပီးေနာက္ သူမဟာ သူမရဲ႕ကိုယ္ပိုင္လက္စြပ္ကို ဝတ္ၿပီး ကတိသစၥာစကားေျပာခဲ့ပါတယ္။

“ ငါတို႔အတြက္ ငါ့ရဲ႕ဆုေတာင္းကေတာ့ ကိုယ့္ကိုယ္ကိုခ်စ္တဲ့စိတ္နဲ႔ ကိုယ့္ကိုယ္ကို လက္ေတြ႕အေကာင္အထည္ေဖာ္ဖို႔ ၊ခရီးကိုဆက္သြားဖို႔ ၊ လူေတြႏွစ္သက္တဲ့လူေတြထက္ေက်ာ္လြန္ၿပီးတန္ဖိုးေတြနဲ႔အျပည့္အဝကိုက္ညီတဲ့ဘ၀ကို ဖန္တီးႏိုင္ဖို႔ပါ။ ” လို႔ သူမကိုယ္သူမ သစၥာျပဳခဲ့ပါတယ္။ထို႔အျပင္ “ငါဟာမင္းကို အၿမဲခ်စ္ေနမွာပါ၊ ခက္ခဲတဲ့အခ်ိန္ေတြမွာမင္းကိုခ်စ္ေပးၿပီး မင္းနဲ႔ငါ့ရဲ႕ဆက္ဆံေရးကိုေမြးျမဴပါမယ္၊ ဒါေၾကာင့္ပိုၿပီးခ်မ္းသာလာမယ္၊ ပိုၿပီးေပ်ာ္ရမယ္၊ ပိုၿပီးၾကင္နာလာလိမ့္မယ္။ ”လို႔လည္း ထပ္မံ ကတိျပဳခဲ့ပါေသးတယ္။ထို႔ေနာက္ သူမရဲ႕blog မွာ ကိုယ့္ကိုကိုယ္လက္ထက္ရျခင္းက ကိုယ္ဟာ တစ္ကိုယ္တည္းမို႔ ၊ အထီးက်န္လို႔ စတဲ့ သိမ္ငယ္စရာမ်ားေၾကာင္းမဟုတ္ဘဲ ကိုယ့္ကိုကိုယ္ ခ်စ္ျမတ္ႏိုးၿပီး ကိုယ့္တန္ဖိုးကို ကိုယ္တန္ဖိုးထားလို႔ လက္ထပ္တာလို႔ ေတြးသင့္ေၾကာင္း ေျပာျပခဲ့ပါေသးတယ္။

1

2

3

4

5

6

7

8

9

10

11

Mia (Mckzone Daily)

Source : worldofbuzz

Unicode

ကိုယ့်ကိုယ်ကိုလက်ထပ်ထိမ်းမြားမှုအကြောင်းကို လူတော်တော်များများ ကြားဖူးခဲ့ကြမှာပါ။သို့ပေမဲ့ အသက် ၃၅ နှစ်အရွယ် အမေရိကန်အမျိုးသမီးတစ်ဦးဖြစ်တဲ့ Megan Taylor ကတော့ ကိုယ့်ကိုယ်ကိုလက်တွေ့အိမ်ထောင်ပြုခြင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့အား အပြည်အဝ ခွဲဝေခံစားစေခဲ့ပါတယ်။ဘဝရဲ့နည်းပြတစ်ယောက်ဖြစ်လာတဲ့ Megan ဟာ ယခင်က အချစ်ရဆုံးကောင်လေးနဲ့ အမိုက်စားလက်ထပ်ပွဲကို ကျင်းပချင်နေခဲ့ပါတယ်။

အစပိုင်းအနေနဲ့ သူမကိုယ်တိုင် အိမ်ထောင်ပြုခြင်းရဲ့စိတ်ကူးက အလွန်မသက်မသာဖြစ်ရကြောင်း Megan က သူမရဲ့ blog မှာ ပြောပြခဲ့ပါတယ်။Megan က “ငါ့ကိုငါ့ လက်ထပ်မယ်ဆိုရင် လူတွေဘယ်လိုထင်ကြမလဲ။မွေးနေ့မဟုတ်တဲ့အခမ်းအနားတစ်ခုလုံးကိုကိုယ့်အတွက်ပဲလုပ်တာကတစ်ကိုယ်ကောင်းဆန်သလား။ငါလက်ထပ်ခြင်းကို လျော်ကြေးပေးတယ်လို့လူတွေကထင်ကြမလား။” လို့ သူမတွေးနေခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။

“ ငါတို့အတွက် ငါ့ရဲ့ဆုတောင်းကတော့ ကိုယ့်ကိုယ်ကိုချစ်တဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ၊ခရီးကိုဆက်သွားဖို့ ၊ လူတွေနှစ်သက်တဲ့လူတွေထက်ကျော်လွန်ပြီးတန်ဖိုးတွေနဲ့အပြည့်အဝကိုက်ညီတဲ့ဘ၀ကို ဖန်တီးနိုင်ဖို့ပါ။ ” လို့ သူမကိုယ်သူမ သစ္စာပြုခဲ့ပါတယ်။ထို့အပြင် “ငါဟာမင်းကို အမြဲချစ်နေမှာပါ၊ ခက်ခဲတဲ့အချိန်တွေမှာမင်းကိုချစ်ပေးပြီး မင်းနဲ့ငါ့ရဲ့ဆက်ဆံရေးကိုမွေးမြူပါမယ်၊ ဒါကြောင့်ပိုပြီးချမ်းသာလာမယ်၊ ပိုပြီးပျော်ရမယ်၊ ပိုပြီးကြင်နာလာလိမ့်မယ်။ ”လို့လည်း ထပ်မံ ကတိပြုခဲ့ပါသေးတယ်။

Mia (Mckzone Daily)

Be the first to comment on "ခ်စ္သူနဲ႔လမ္းခြဲၿပီးေနာက္ မွန္ၾကည့္ရင္း ကိုယ့္ကိုကိုယ္ လက္ထပ္ခဲ့တဲ့ အမ်ိဳးသမီး"

Leave a comment

Your email address will not be published.


*