သမီးျဖစ္သူက သူမရဲ႕စာသင္ခန္းမွာ တအားပူေၾကာင္း ရွင္းျပၿပီးေနာက္ ေက်ာင္းသို႔ stand fan တစ္ခု သယ္သြားေပးခဲ့တဲ့ ဖခင္တစ္ဦး

မေလးရွားႏိုင္ငံဟာ မတ္လ ၁ ရက္ေန႔မွာ မူလတန္းေက်ာင္းသူ/သားမ်ားကို ပညာသင္ၾကားေပးဖို႔ ေက်ာင္းမ်ားစတင္ဖြင့္လွစ္ခဲ့ၾကၿပီး ၎တို႔ကလည္း ေပ်ာ္႐ႊင္ၾကပုံရပါတယ္။အသက္ ၈ ႏွစ္အ႐ြယ္ ေက်ာင္းသူတစ္ဦးဟာ သူမရဲ႕ေက်ာင္းတက္ရက္မ်ားကိုႏွစ္သက္ေပမဲ့လည္း သူမဟာ မိခင္ျဖစ္သူထံ အေၾကာင္းအရာတစ္ခုကို တိုင္ၾကားခဲ့ပါတယ္။သူမတိုင္ၾကားရျခင္းအေၾကာင္းက သူမတို႔စာသင္ခန္းက အရမ္းပူတဲ့အတြက္ေၾကာင့္ျဖစ္ပါတယ္။Ros Ramlan အမည္ရွိထိုေက်ာင္းသူရဲ႕မိခင္ဟာ သမီးျဖစ္သူက သူမဟာ သူတို႔ရဲ႕စာသင္ခန္းကအရမ္းပူရတဲ့အေၾကာင္းတိုင္ၾကားေနတဲ့ ဗီဒီယိုကို သူမရဲ႕ (@rosramlan) TikTok post မွာ တင္ခဲ့ပါတယ္။

သမီးျဖစ္သူရဲ႕ ျပႆနာကို နားေထာင္ေပးေနတဲ့ Ros ရဲ႕ခင္ပြန္းကလည္း သမီးျဖစ္သူရဲ႕စာသင္ခန္းအတြက္ stand fan တစ္ခုဝယ္ေပးရန္ ခ်က္ခ်င္းဆုံးျဖတ္ခ်က္ခ်ခဲ့ပါေတာ့တယ္။Ros ရဲ႕ခင္ပြန္းဟာ တကယ္တမ္း သူမသမီးရဲ႕ပေထြးတစ္ေယာက္ျဖစ္ေပမဲ့လည္း သူတို႔ရဲ႕ဆက္ဆံေရးက ေသြးသားအရင္းခ်ာေတြလိုပါဘဲလို႔ Ros က ဆိုပါတယ္။ကေလးမေလးက သူမရဲ႕စာသင္ခန္းပူရတဲ့အေၾကာင္းကို သူမရဲ႕ဖခင္ျဖစ္သူအား ေျပာျပၿပီး ေနာက္တစ္ေန႔မွာ ဖခင္ျဖစ္သူက သူ႔ရဲ႕အလုပ္ကိုနားၿပီး ခ်က္ခ်င္း သမီးျဖစ္သူရဲ႕အတန္းသို႔ stand fan တစ္ခုသယ္ေဆာင္သြားေပးခဲ့ေၾကာင္းကို Ros က ဗီဒီယိုမွာ ေျပာျပခဲ့ပါတယ္။

Ros ဟာ ေက်ာင္းရွိ သမီးျဖစ္သူရဲ႕အတန္းပိုင္ဆရာမ ႏွင့္ေတြ႕ဆုံၿပီး ယခုအခ်ိန္မွာ ေက်ာင္းအတြက္ ပန္ကာမ်ားအလုံအေလာက္မရွိေသးေၾကာင္းကို အတည္ျပဳေျပာဆိုခဲ့ၿပီးတာကို ဆက္ေျပာျပခဲ့ပါတယ္။“ ဒီပန္ကာက ကြၽန္မသမီးအတြက္သာမဟုတ္ဘဲ ဒီစာသင္ခန္းတစ္ခုလုံးအတြက္ အသုံးဝင္လိမ့္မယ္လို႔ ေမွ်ာ္လင့္မိတယ္ ” လို႔ Ros က ဆိုခဲ့ပါတယ္။သမီးျဖစ္သူရဲ႕ဆရာကလည္း အတန္းတစ္ခုလုံးက သူတို႔ရဲ႕သင္ခန္းစာမ်ားကို ေလ့လာရန္ ပိုမိုသက္ေတာင့္သက္သာရွိသြားေစလိမ့္မယ္ လို႔ ေျပာၾကားခဲ့ပါတယ္။ကေလးမေလးက ခ်စ္တတ္လြန္းတဲ့ဖခင္ကို ပိုင္ဆိုင္ထားရသလို ဖခင္ျဖစ္သူကလည္း ခ်စ္ဖို႔ေကာင္းတဲ့သမီးေလးကို ပိုင္ဆိုင္ထားေတာ့ ခ်စ္မဆုံးျဖစ္ေနပုံပါဘဲ။

1

Mia (Mckzone Daily)

Source : worldofbuzz

Unicode

မလေးရှားနိုင်ငံဟာ မတ်လ ၁ ရက်နေ့မှာ မူလတန်းကျောင်းသူ/သားများကို ပညာသင်ကြားပေးဖို့ ကျောင်းများစတင်ဖွင့်လှစ်ခဲ့ကြပြီး ၎င်းတို့ကလည်း ပျော်ရွှင်ကြပုံရပါတယ်။အသက် ၈ နှစ်အရွယ် ကျောင်းသူတစ်ဦးဟာ သူမရဲ့ကျောင်းတက်ရက်များကိုနှစ်သက်ပေမဲ့လည်း သူမဟာ မိခင်ဖြစ်သူထံ အကြောင်းအရာတစ်ခုကို တိုင်ကြားခဲ့ပါတယ်။သူမတိုင်ကြားရခြင်းအကြောင်းက သူမတို့စာသင်ခန်းက အရမ်းပူတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

သမီးဖြစ်သူရဲ့ ပြဿနာကို နားထောင်ပေးနေတဲ့ Ros ရဲ့ခင်ပွန်းကလည်း သမီးဖြစ်သူရဲ့စာသင်ခန်းအတွက် stand fan တစ်ခုဝယ်ပေးရန် ချက်ချင်းဆုံးဖြတ်ချက်ချခဲ့ပါတော့တယ်။Ros ရဲ့ခင်ပွန်းဟာ တကယ်တမ်း သူမသမီးရဲ့ပထွေးတစ်ယောက်ဖြစ်ပေမဲ့လည်း သူတို့ရဲ့ဆက်ဆံရေးက သွေးသားအရင်းချာတွေလိုပါဘဲလို့ Ros က ဆိုပါတယ်။ကလေးမလေးက သူမရဲ့စာသင်ခန်းပူရတဲ့အကြောင်းကို သူမရဲ့ဖခင်ဖြစ်သူအား ပြောပြပြီး နောက်တစ်နေ့မှာ ဖခင်ဖြစ်သူက သူ့ရဲ့အလုပ်ကိုနားပြီး ချက်ချင်း သမီးဖြစ်သူရဲ့အတန်းသို့ stand fan တစ်ခုသယ်ဆောင်သွားပေးခဲ့ကြောင်းကို Ros က ဗီဒီယိုမှာ ပြောပြခဲ့ပါတယ်။

Ros ဟာ ကျောင်းရှိ သမီးဖြစ်သူရဲ့အတန်းပိုင်ဆရာမ နှင့်တွေ့ဆုံပြီး ယခုအချိန်မှာ ကျောင်းအတွက် ပန်ကာများအလုံအလောက်မရှိသေးကြောင်းကို အတည်ပြုပြောဆိုခဲ့ပြီးတာကို ဆက်ပြောပြခဲ့ပါတယ်။“ ဒီပန်ကာက ကျွန်မသမီးအတွက်သာမဟုတ်ဘဲ ဒီစာသင်ခန်းတစ်ခုလုံးအတွက် အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်မိတယ် ” လို့ Ros က ဆိုခဲ့ပါတယ်။သမီးဖြစ်သူရဲ့ဆရာကလည်း အတန်းတစ်ခုလုံးက သူတို့ရဲ့သင်ခန်းစာများကို လေ့လာရန် ပိုမိုသက်တောင့်သက်သာရှိသွားစေလိမ့်မယ် လို့ ပြောကြားခဲ့ပါတယ်။ကလေးမလေးက ချစ်တတ်လွန်းတဲ့ဖခင်ကို ပိုင်ဆိုင်ထားရသလို ဖခင်ဖြစ်သူကလည်း ချစ်ဖို့ကောင်းတဲ့သမီးလေးကို ပိုင်ဆိုင်ထားတော့ ချစ်မဆုံးဖြစ်နေပုံပါဘဲ။

Mia (Mckzone Daily)

Be the first to comment on "သမီးျဖစ္သူက သူမရဲ႕စာသင္ခန္းမွာ တအားပူေၾကာင္း ရွင္းျပၿပီးေနာက္ ေက်ာင္းသို႔ stand fan တစ္ခု သယ္သြားေပးခဲ့တဲ့ ဖခင္တစ္ဦး"

Leave a comment

Your email address will not be published.


*