ေရာဂါကာလဆိုေပမဲ့ စတိုးဆိုင္မ်ားျပန္လည္ဖြင့္လွစ္လာတာေၾကာင့္ ကုန္တိုက္အျပင္ဘက္မွာ အအုံလိုက္ ႀကီးထိုင္ေစာင့္ေနခဲ့ၾကတဲ့ sneaker ဝါသနာရွင္မ်ား

ကူးစက္ေရာဂါျဖစ္ပြါးမႈဟာ မေလးရွားႏိုင္ငံ ကြာလာလမ္ပူၿမိဳ႕ႏွင့္ Selangor ၿမိဳ႕တို႔မွာ ပိုမိုျမင့္မားလာတဲ့ အေနအထားတြင္ရွိေနတာေၾကာင့္ မေလးရွားလူမ်ိဳးသားက ပို၍ ဂ႐ုစိုက္ရန္လိုအပ္ေနပါတယ္။သို႔မွသာ ကူးစက္မႈႏႈန္းနံပါတ္မ်ားကို ေလ်ာ့ခ်ေစႏိုင္သလို ယခင္က ေရာဂါမရွိေသးတဲ့ ပုံမွန္ဘဝကို ျပန္လည္ရရွိႏိုင္မွာျဖစ္ပါတယ္။သို႔ေပမဲ့ လူသားေတြကေတာ့ လူသားေတြပါဘဲ။ KL Sole’s Facebook စာမ်က္ႏွာမွာ ျပသထားသည့္အတိုင္း မေလးရွားရွိ Sneaker ဝါသနာရွင္တို႔ဟာ sneaker ႏွင့္ ဖက္ရွင္စတိုးအသစ္တစ္ခုရဲ႕ဖြင့္ပြဲအတြက္ Mid Valley Megamall သို႔ မတ္လ ၁၁ ရက္ေန႔ မနက္အေစာမွာ လူစုေဝးကာ ဝင္ေရာက္ေစာင့္ဆိုင္းေနခဲ့ၾကပါတယ္။၎ sneaker ဝါသနာရွင္မ်ားဟာ ကုန္တိုက္မဖြင့္ခင္ကတည္းကပင္ ကုန္တိုက္ရဲ႕တံခါးဝမွာ လူတန္း ရွည္လ်ားစြာ ထိုင္ရင္း ေစာင့္ဆိုင္းေနခဲ့ၾကပါတယ္။

အခ်ိဳ႕ကလည္း လုံၿခဳံေရးဝန္ထမ္းက အထဲသို႔ ဝင္လို႔ရၿပီျဖစါေၾကာင္း ေအာ္လိုက္တာနဲ႔ အထဲသို႔ အားရပါးရေျပးဝင္သြားခဲ့ၾကပါေသးတယ္။ဓာတ္ပုံေတြအရ ၎တို႔ဟာ ထိုင္ေနလ်က္အတူတူနီးကပ္စြာ ရွိေနခဲ့ၾကသလို social distancing လည္း မလုပ္ၾကတာေၾကာင့္ ကူးစက္ေရာဂါအတြက္ လူအမ်ားအား စိုးရိမ္ပူပန္မႈမ်ားစြာကို ျဖစ္ေပၚေစခဲ့ပါတယ္။၎ကဲ့သို႔ေသာ လူစုလူေဝးျဖစ္ျခင္းဟာ ကူးစက္ေရာဂါအား ပိုမိုျဖစ္ပြါးေစႏိုင္တာေၾကာင့္ sneaker မ်ားအေနနဲ႔ SOP (ေရာဂါကာကြယ္ေရးနည္းစဥ္)ကို လိုက္နာသင့္ေၾကာင္း အင္တာနက္အသုံးျပဳသူမ်ားက မွတ္ခ်က္ေပးခဲ့ၾကပါတယ္။

1

2

3

4

5

Mia (Mckzone Daily)

Source : worldofbuzz

Unicode

ကူးစက်ရောဂါဖြစ်ပွါးမှုဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နှင့် Selangor မြို့တို့မှာ ပိုမိုမြင့်မားလာတဲ့ အနေအထားတွင်ရှိနေတာကြောင့် မလေးရှားလူမျိုးသားက ပို၍ ဂရုစိုက်ရန်လိုအပ်နေပါတယ်။သို့မှသာ ကူးစက်မှုနှုန်းနံပါတ်များကို လျော့ချစေနိုင်သလို ယခင်က ရောဂါမရှိသေးတဲ့ ပုံမှန်ဘဝကို ပြန်လည်ရရှိနိုင်မှာဖြစ်ပါတယ်။သို့ပေမဲ့ လူသားတွေကတော့ လူသားတွေပါဘဲ။ KL Sole’s Facebook စာမျက်နှာမှာ ပြသထားသည့်အတိုင်း မလေးရှားရှိ Sneaker ဝါသနာရှင်တို့ဟာ sneaker နှင့် ဖက်ရှင်စတိုးအသစ်တစ်ခုရဲ့ဖွင့်ပွဲအတွက် Mid Valley Megamall သို့ မတ်လ ၁၁ ရက်နေ့ မနက်အစောမှာ လူစုဝေးကာ ဝင်ရောက်စောင့်ဆိုင်းနေခဲ့ကြပါတယ်။၎င်း sneaker ဝါသနာရှင်များဟာ ကုန်တိုက်မဖွင့်ခင်ကတည်းကပင် ကုန်တိုက်ရဲ့တံခါးဝမှာ လူတန်း ရှည်လျားစွာ ထိုင်ရင်း စောင့်ဆိုင်းနေခဲ့ကြပါတယ်။

အချို့ကလည်း လုံခြုံရေးဝန်ထမ်းက အထဲသို့ ဝင်လို့ရပြီဖြစါကြောင်း အော်လိုက်တာနဲ့ အထဲသို့ အားရပါးရပြေးဝင်သွားခဲ့ကြပါသေးတယ်။ဓာတ်ပုံတွေအရ ၎င်းတို့ဟာ ထိုင်နေလျက်အတူတူနီးကပ်စွာ ရှိနေခဲ့ကြသလို social distancing လည်း မလုပ်ကြတာကြောင့် ကူးစက်ရောဂါအတွက် လူအများအား စိုးရိမ်ပူပန်မှုများစွာကို ဖြစ်ပေါ်စေခဲ့ပါတယ်။၎င်းကဲ့သို့သော လူစုလူဝေးဖြစ်ခြင်းဟာ ကူးစက်ရောဂါအား ပိုမိုဖြစ်ပွါးစေနိုင်တာကြောင့် sneaker များအနေနဲ့ SOP (ရောဂါကာကွယ်ရေးနည်းစဉ်)ကို လိုက်နာသင့်ကြောင်း အင်တာနက်အသုံးပြုသူများက မှတ်ချက်ပေးခဲ့ကြပါတယ်။

Mia (Mckzone Daily)

  • Leave a Comment