ဆိုင်ကယ်မောင်းနေတဲ့သခင်ဖြစ်သူရဲ့နောက်ကျောမှာ အသာလေးလိုက်စီးရင်း လေညင်းခံထွက်နေခဲ့တဲ့ ခွေးလေး



Mia (Mckzone Daily)

Source : mothership

Unicode

ခွေးလေးတစ်ကောင်ဟာ စင်္ဂကာပူနိုင်ငံ Toa Payoh ရှိ လမ်းတစ်လျှောက်မှာ သခင်နှင့်အတူ ဆိုင်ကယ်စီးရင်း လေညင်းခံထွက်နေခဲ့ပါတယ်။အကောင်းဆုံးအပိုင်းကတော့ ၎င်းဓာတ်ပုံဟာတစ်ကမ္ဘာလုံးမှာ ၁.၈ သန်းရှိတဲ့ Facebook page ထဲမှာ ကျယ်ပြန့်စွာ မျှဝေခွင့်ရခဲ့ပါတယ်။အဆိုပါ Dogspotting Facebook group ဟာ ၎င်းတို့ ယခင်က တစ်ခါမှမတွေ့ဖူးတဲ့ခွေးများကို ဓာတ်ပုံရိုက်ကာ အခြားအဖွဲ့ဝင်များနှင့်မျှဝေခြင်းကို အထူးပြုလုပ်ပါတယ်။၎င်းဓာတ်ပုံကိုယာဉ်သွားလာတဲ့လမ်းမကြီးဘေးမှာ အမိအရရိုက်ကူးခဲ့ကြပါတယ်။ဓာတ်ပုံထဲအရ ခွေးလေးဟာ လေကာမျက်မှန်နှင့် သခင့်ရဲ့ကျောပိုးအိတ်ထဲမှာ ထိုင်ရင်း လက်တစ်ဖက်ကလည်း သခင့်ရဲ့ပခုံးပေါ်တင်ထားလိုက်ပါသေးတယ်။

၎င်းဓာတ်ပုံဟာ မလေးရှားရှိလူအချို့အတွက် အတော်လေး ချစ်ဖို့ကောင်းပြီး အထူးဆန်းဆုံးဖြစ်နေခဲ့ပါတယ်။မလေးရှားနိုင်ငံမှာတော့ ခွေးများကို မော်တော်ယာဉ်များဖြင့် သယ်ဆောင်သွားလာလေ့ရှိပြီး ၎င်းတို့အား ကားနောက်ခန်းမှာ ထည့်ထားတတ်ကြပါတယ်။ခွေးလေးတွေကလည်း ကားသွားနေရင်း ခေါင်းလေးကို ကားတံခါးပေါ်တင်ကာ အပြင်ကို ငေးပြီး လေညင်းခံတတ်ကြပါတယ်။သို့ပေမဲ့ ၎င်းတို့က တစ်ခါစ်လေ ကားပေါ်ကနေ ခုန်ထွက်ပြီး ကားလမ်းပေါ်သွားလာနေတဲ့ကားသမားများအား အခက်တွေ့စေတတ်ကြပါတယ်။၎င်းဆိုင်ကယ်မောင်းနေတဲ့သခင့်ရဲ့နောက်ကျောကနေ ဇိမ်လေးနဲ့ကပ်စီးလာတဲ့ခွေးလေးရဲ့ဓာတ်ပုံဟာ မလေးရှားနိုင်ငံရဲ့ social media တွေမှာ ရေပန်းစားနေလျက်ရှိပါတယ်။

Mia (Mckzone Daily)

  • Leave a Comment