သူငယ္ခ်င္းျဖစ္သူအတြက္ အေကာင္းဆုံးမဂၤလာလက္ဖြဲ႕အျဖစ္ ဆိတ္တစ္ေကာင္လက္ေဆာင္ေပးခဲ့တဲ့ အမ်ိဳးသား

သူငယ္ခ်င္းေကာင္းမ်ားရွိျခင္းဟာ ကြၽန္ေတာ္တို႔ဝမ္းနည္းတဲ့အခါ ကြၽန္ေတာ္တို႔ရဲ႕ေပ်ာ္႐ႊင္မႈကို ၎တို႔က ထပ္မံျဖည့္စြက္ေပးတတ္ၾကပါတယ္။၎တို႔ထဲမွတစ္ဦးက အိမ္ေထာင္ေရးဘ၀ကို စတင္တဲ့အခါ အရာအားလုံးေျပာင္းလဲသြားပါလိမ့္မယ္။ဘာေၾကာင့္လဲဆို​ေတာ့သူတို႔ရဲ႕ဦးစားေပးမႈက ဇနီးသည္မ်ားႏွင့္သူတို႔ကေလးမ်ားအတြက္ေၾကာင့္ ျဖစ္ပါတယ္။သို႔ေပမဲ့ သူ႔ရဲ႕လူပ်ိဳဘဝႀကီး အဆုံးသတ္ေတာ့မွာကို သူငယ္ခ်င္းတစ္ေယာက္အေနႏွင့္ အလြန္ဝမ္းသာတတ္ၾကပါတယ္။အခ်ိဳ႕လူမ်ားက က်ိန္းေသ သူတို႔သူငယ္ခ်င္းရဲ႕မဂၤလာေဆာင္ပြဲကို သူတို႔တတ္ႏိုင္သမွ် အေကာင္းဆုံး ကူညီက်င္းပေပးတတ္ၾကပါတယ္။

အခ်ိဳ႕ဟာလည္း သူတို႔သူငယ္ခ်င္းအတြက္ မေမွ်ာ္လင့္တဲ့ မဂၤလာေဆာင္လက္ေဆာင္တစ္ခု ေပးတတ္ၾကပါတယ္။မၾကာေသးခင္က TikTok မွာ ပ်ံ႕ႏွံ႔သြားတဲ့ ဗီဒီယိုတစ္ခုအရ အမ်ိဳးသားတစ္ဦးဟာ ေဈးအႀကီးဆုံးလက္ေဆာင္အျဖစ္ ဆိတ္တစ္ေကာင္ကို သတို႔သမီးႏွင့္သတို႔သားတို႔အား လက္ထပ္ပြဲလက္ေဆာင္အျဖစ္ ေပးခဲ့ပါတယ္။အဆိုပါအမ်ိဳးသားဟာ ထိုေန႔မွာ လက္ထပ္ခဲ့တဲ့ သူ႔ရဲ႕သူငယ္ခ်င္းတစ္ဦးအား အႀကီးႀကီး အံ့အားသင့္သြားေစခဲ့ပါတယ္။သူ႔ရဲ႕စီးပြါးေရးက ဆိတ္ေတြကို ေမြးျမဴတဲ့လုပ္ငန္းျဖစ္တာေၾကာင့္ သူ႔ရဲ႕သူငယ္ခ်င္းေကာင္းကိုလည္း အေကာင္းဆုံးလက္ေဆာင္အျဖစ္ ေပးရန္ ရက္ေရာခဲ့ပါတယ္။

အဆိုပါမဂၤလာစုံတြဲအား သတို႔သမီးရဲ႕ေနအိမ္သို႔ ေခၚေဆာင္သြားျခင္းမျပဳခင္ ႀကီးမားတဲ့ဖဲႀကိဳးႏွင့္အတူ ခ်ည္ထားတဲ့ ဆိတ္တစ္ေကာင္ရဲ႕ပုံကို ျမင္ေတြ႕ႏိုင္ပါတယ္။မဂၤလာအခမ္းအနားသို႔ေရာက္တဲ့အခါ အဆိုပါဆိတ္သူေဌးဟာ ၎ဆိတိအား သခင္အသစ္ႏွင့္ေတြ႕ဆုံေစကာ မိတ္ဆက္ေပးခဲ့ပါေသးတယ္။ထိုအျဖစ္အပ်က္ေၾကာင့္ သတို႔သမီးႏွင့္ဧည့္သည္မ်ားလည္း ရယ္ေမာေပ်ာ္႐ႊင္ခဲ့ၾကပါတယ္။အဆိုပါဆိတ္သူေဌးက အမွန္ေတာ့ သတို႔သမီးႏွင့္သတို႔သားတို႔အတြက္ မဂၤလာေဆာင္ပြဲရဲ႕အထူးအမွတ္တရအျဖစ္ က်န္ရွိေနေစရန္ ရည္႐ြယ္ခ်က္ျဖင့္ ျပဳလုပ္ေပးခဲ့တာပါ လို႔ ဆိုခဲ့ပါေသးတယ္။

1

2

Mia (Mckzone Daily)

Source : siakapkeli

Unicode

သူငယ်ချင်းကောင်းများရှိခြင်းဟာ ကျွန်တော်တို့ဝမ်းနည်းတဲ့အခါ ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုကို ၎င်းတို့က ထပ်မံဖြည့်စွက်ပေးတတ်ကြပါတယ်။၎င်းတို့ထဲမှတစ်ဦးက အိမ်ထောင်ရေးဘ၀ကို စတင်တဲ့အခါ အရာအားလုံးပြောင်းလဲသွားပါလိမ့်မယ်။ဘာကြောင့်လဲဆို​တော့သူတို့ရဲ့ဦးစားပေးမှုက ဇနီးသည်များနှင့်သူတို့ကလေးများအတွက်ကြောင့် ဖြစ်ပါတယ်။သို့ပေမဲ့ သူ့ရဲ့လူပျိုဘဝကြီး အဆုံးသတ်တော့မှာကို သူငယ်ချင်းတစ်ယောက်အနေနှင့် အလွန်ဝမ်းသာတတ်ကြပါတယ်။အချို့လူများက ကျိန်းသေ သူတို့သူငယ်ချင်းရဲ့မင်္ဂလာဆောင်ပွဲကို သူတို့တတ်နိုင်သမျှ အကောင်းဆုံး ကူညီကျင်းပပေးတတ်ကြပါတယ်။

အချို့ဟာလည်း သူတို့သူငယ်ချင်းအတွက် မမျှော်လင့်တဲ့ မင်္ဂလာဆောင်လက်ဆောင်တစ်ခု ပေးတတ်ကြပါတယ်။မကြာသေးခင်က TikTok မှာ ပျံ့နှံ့သွားတဲ့ ဗီဒီယိုတစ်ခုအရ အမျိုးသားတစ်ဦးဟာ ဈေးအကြီးဆုံးလက်ဆောင်အဖြစ် ဆိတ်တစ်ကောင်ကို သတို့သမီးနှင့်သတို့သားတို့အား လက်ထပ်ပွဲလက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။အဆိုပါအမျိုးသားဟာ ထိုနေ့မှာ လက်ထပ်ခဲ့တဲ့ သူ့ရဲ့သူငယ်ချင်းတစ်ဦးအား အကြီးကြီး အံ့အားသင့်သွားစေခဲ့ပါတယ်။သူ့ရဲ့စီးပွါးရေးက ဆိတ်တွေကို မွေးမြူတဲ့လုပ်ငန်းဖြစ်တာကြောင့် သူ့ရဲ့သူငယ်ချင်းကောင်းကိုလည်း အကောင်းဆုံးလက်ဆောင်အဖြစ် ပေးရန် ရက်ရောခဲ့ပါတယ်။

အဆိုပါမင်္ဂလာစုံတွဲအား သတို့သမီးရဲ့နေအိမ်သို့ ခေါ်ဆောင်သွားခြင်းမပြုခင် ကြီးမားတဲ့ဖဲကြိုးနှင့်အတူ ချည်ထားတဲ့ ဆိတ်တစ်ကောင်ရဲ့ပုံကို မြင်တွေ့နိုင်ပါတယ်။မင်္ဂလာအခမ်းအနားသို့ရောက်တဲ့အခါ အဆိုပါဆိတ်သူဌေးဟာ ၎င်းဆိတိအား သခင်အသစ်နှင့်တွေ့ဆုံစေကာ မိတ်ဆက်ပေးခဲ့ပါသေးတယ်။ထိုအဖြစ်အပျက်ကြောင့် သတို့သမီးနှင့်ဧည့်သည်များလည်း ရယ်မောပျော်ရွှင်ခဲ့ကြပါတယ်။အဆိုပါဆိတ်သူဌေးက အမှန်တော့ သတို့သမီးနှင့်သတို့သားတို့အတွက် မင်္ဂလာဆောင်ပွဲရဲ့အထူးအမှတ်တရအဖြစ် ကျန်ရှိနေစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ပေးခဲ့တာပါ လို့ ဆိုခဲ့ပါသေးတယ်။

Mia (Mckzone Daily)

Be the first to comment on "သူငယ္ခ်င္းျဖစ္သူအတြက္ အေကာင္းဆုံးမဂၤလာလက္ဖြဲ႕အျဖစ္ ဆိတ္တစ္ေကာင္လက္ေဆာင္ေပးခဲ့တဲ့ အမ်ိဳးသား"

Leave a comment

Your email address will not be published.


*