ဗိုက်ထဲက ကလေးအသက်အန္တရာယ်ကြောင့် အရေးပေါ်မွေးဖို့လိုနေပေမဲ့လည်း ဆရာဝန်ကယောင်္ကျာမို့လို့ ငြင်းပယ်ခဲ့သူ




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူတွေတိုင်းကတော့ ကိုယ့်အသက်အန္တရာယ်နဲ့ကြုံတွေ့နေရချိန်မှာ ဆရာဝန်ရောက်လာဖို့ကို ယောက်တိုင်းမျှော်လင့်မိကြမှာပါ ။ အထူးသဖြင့်ကိုယ်သာ အသက်ရှင်နိုင်မယ်ဆိုရင်ပေါ့ ။ သို့ပေမဲ့လည်း မလေးရှားနိုင်ငံက ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ သူမရဲ့ဝမ်းဗိုက်ထဲက ကလေးငယ်ဟာရေမွှမ်းနေခဲ့ပြီး အရေးပေါ်မွေးဖို့လိုအပ်နေပေမဲ့လည်း ကလေးမွေးပေးမည့်ဆရာဝန်မှာ ယောင်္ကျားဖြစ်နေခဲ့လို့ မမွေးနိုင်ကြောင်း ငြင်းလွှတ်ခဲ့ပါတယ် ။ အဆိုပါဆရာဝန်က သူ၏လူနာဖြစ်သူက သူ့ကိုငြင်းလွှတ်ခဲ့တဲ့အဖြစ်ကို သူ့ရဲ့ Twitter စာမျက်နှာပေါ်မှာ ဝေမျှသွားခဲ့ပါတယ် ။

အဆိုပါ ဆရာဝန်ရေးသားထားခဲ့တာကတော့ လူနာကို အရေးပေါ်အခန်းသို့တွန်းသွားခဲ့ပြီး ဗိုက်ထဲရှိကလေးငယ်မှာ မည့်သည့်အကြောင်းကိစ္စကြောင့် ရေမွမ်သွားခဲ့ရမှန်းမသိရပေမဲ့ ဆရာဝန်မှာအရေးပေါ်ခွဲခန်းသို့အလျင်အမြန်ပြေးသွားခဲ့ပေမဲ့လည်း လူနာဖြစ်သူမှာ ဆရာဝန်ကိုမြင်တာနဲ့ချက်ချင်း မလေးရှားဘာသာဖြင့် ” ယောင်္ကျားလေးဆရာဝန်မလိုချင်ဘူး “ဆိုပြီး ပြောခဲ့ပါတယ် ။

ထို့ကြောင့် ဆရာဝန်က လူနာ၏အခြေအနေ အသေးစိတ်ကိုရှင်းပြရင်း ” ခင်ဗျားရဲ့ကလေး အသက်အန္တရာယ်အတော်လေး စိုးရိမ်ရတယ် ၊ ဒီညတာဝန်ကျတဲ့ ဆရာဝန်က 2ယောက် ၊ 3ယောက်လောက်ပဲရှိတယ် ၊ ကျွန်တော် ယောင်္ကျားဖြစ်နေတာ ကျွန်တော့်အပြစ်မဟုတ်ဘူး ” ဆိုပြီး ရှင်းပြခဲ့ပါတယ် ။ ထို့အပြင် ” ခင်ဗျား လွတ်လွတ်လပ်လပ်ရွေးလို့ရတယ် ၊ ခင်ဗျားရဲ့ ရွေးချယ်မှုကိုလေးစားရမှာပဲ ၊ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးဆိုရင် ကျွမ်းကျင်တဲ့သူလက်ထဲကိုပဲ အပ်သင့်တယ် ” ဆိုပြီး ဆရာဝန်က ထပ်လောင်းအကြံပေးပြောဆိုခဲ့ပါတယ် ။ နောက်ဆုံးမှာတော့ အဆိုပါအမျိုးသမီးဟာ ဆရာဝန်မိန်းကလေးမရှိတဲ့အဆုံး ၎င်းဆရာဝန်နှင့်သာ ကလေးမွေးဖို့သဘောတူခဲ့ရပါတော့တယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဗိုက်ထဲက ကလေးအသက်အန္တရာယ်ကြောင့် အရေးပေါ်မွေးဖို့လိုနေပေမဲ့လည်း ဆရာဝန်ကယောင်္ကျာမို့လို့ ငြင်းပယ်ခဲ့သူ"

Leave a comment

Your email address will not be published.


*