ကားလမ်းဘေးမှာ Wheelchair ဖြင့် ကိုယ့်ကိုရုန်းကန်နေရတဲ့အဘွားတစ်ဦးအား စေတနာအပြည့်နဲ့ ကူညီပေးခဲ့တဲ့ အမျိုးသမီး



1

2

3

4

5

6

7

Mia (Mckzone Daily)

Source : worldofbuzz

Unicode

မကြာသေးခင်က ကြင်နာတတ်တဲ့ အဖြူရောင် Myvi ကား ပိုင်ရှင်ယာဉ်မောင်းအမျိုးသမီးတစ်ဦးရဲ့ဗီဒီယိုဖိုင်ဟာ online မှာ လူသိများပျံ့နှံ့သွားခဲ့ပါတယ်။ဗီဒီယိုထဲအရ wheelchair ပေါ်မှာရှိတဲ့အသက်ကြီးရွယ်အိုအဘွားတစ်ဦးဟာ ကားလမ်းကြီးဘေး​မှာ မိမိရဲ့ wheelchair ကို ကိုယ့်မှာရှိတဲ့အားလေးနဲ့ဖြည်းဖြည်းချင်းတွန်းပြီး သွားနေခဲ့ပါတယ်။ထို့နောက် အဖြူရောင် Myvi ကား ပိုင်ရှင်ယာဉ်မောင်းအမျိုးသမီးတစ်ဦး ဟာ ထိုအဖြစ်အပျက်ကိုမြင်ပြီးနောက် သူမကားကိုချက်ချင်းရပ်ကာ nenek အမည်ရှိအဆိုပါသက်ကြီးရွယ်အို အဘွားဆီ မြန်မြန်ဆန်ဆန် အပြေးအလွှားသွားပြီး အဘွားသွားချင်တဲ့ နေရာကိုမေးကာ မဆိုင်းမတွဘဲ သူမရဲ့ကားဆီသို့ တွန်းပို့ပေးခဲ့ပါတယ်။

ကြင်နာတတ်တဲ့အမျိုးသမီးဟာ အဘွား nenek ကို သူမရဲ့ကားထဲသို့၀င်စေခဲ့ပြီး wheelchair ကိုလည်း ကားပေါ်သို့ တင်ပြီးနောက် အဘွား nenek အား လုံခြုံမှုပေးခဲ့ပါတယ်။ထိုနောက် အဆိုပါအမျိုးသမီးဟာ အဘွား nenek သွားချင်တဲ့နေရာသို့ ပို့ပေးရန် ကားမောင်းသွားခဲ့ပါတယ်။Myvi အဖြူရောင်ကားပိုင်ရှင်အမျိုးသမီးရဲ့ အပြုအမူဟာ ကျွန်တော်တို့အားလုံးကို စေ့ဆော်နိုင်ခဲ့သလို ၎င်းအဖြစ်အပျက်ကို မြင်တွေ့ခဲ့ရတဲ့လူတိုင်းကလည်း သူမအား ကျေးဇူးအထူးတင်နေမိကြမှာ အမှန်ပါဘဲ။

Mia (Mckzone Daily)

  • Leave a Comment