၁၄ လ ကြာပြီဖြစ်တဲ့ ပုပ်သိုးနေတဲ့ MCDonald အသင့်စား အစားအစာတွေကို အကုန်စားပြခဲ့တဲ့ You Tuber တစ်ဦး(ရုပ်သံ)

United Kingdom မှ YouTuber တစ်ဦးဟာ မမျှော်လင့်ထားတဲ့ အစားစတန့်တစ်မျိုးကို ထွင်ခဲ့ပြီးနောက် online ပေါ်မှာ အထူးအာရုံစိုက်မှုများစွာ ရရှိသွားခဲ့ပါတယ်။ South Yorkshire မှ Matt Davin အမည်ရှိအမျိုးသားတစ်ဦးဟာ ‘The McDonald’s 365 Challenge’ လို့ သူခေါ်တဲ့ဗီဒီယိုတစ်ခုကို မျှဝေခဲ့ပြီးနောက် နေရာအနှံ့မှ netizen များထံကနေ ရောထွေးတဲ့တုံ့ပြန်မှုများစွာကို ရရှိခဲ့ရပါတယ်။အကြောင်းက Matt ဟာ သူ့ရဲ့ ပြီးခဲ့တဲ့ အသက် ၃၉နှစ်ပြည့်မွေးနေ့အပြီး သူငယ်ချင်းဖြစ်သူရဲ့ ဥယျာဉ်ခြံထဲမှာ MCDonald ရဲ့အသင့်စားအစားအစာကို မြေကြီးထဲ မြုပ်ထားခဲ့ပြီး ၎င်းအစားအစာကို တစ်နှစ်အကြာမှာ ပြန်ဖွင့်ကြည့်ဖို့ စီစဉ်ထားခဲ့ပါတယ်။၎င်းကို ပြန်ဖွင့်ကြည့်ဖို့ ၂လအကြာနောက်ကျသွားပေမဲ့ နောက်ဆုံးမှာ Matt ဟာ ၎င်းအစားအစာကိုယူပြီး ကင်မရာရှေ့မှာ စားပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဗီဒီယိုထဲအရ Matt နှင့် သူရဲ့ မိတ်ဆွေ Andy Thompson တို့ဟာ မြေကြီးထဲက ၎င်းအစားအစာကို တူးထုတ်ပြီးနောက် အနီးအနားရှိ McDonald ဆိုင်တစ်ဆိုင်သို့ ယူသွားခဲ့ကြပါတယ်။“ တစ်စုံတစ်ယောက်က MCDonald အစားအစာတွေကို နှစ်ပေါင်းများစွာ ထိန်းသိမ်းထားတာကို တွေ့ဖူးလို့ ကျွန်တော်က နောက်တဆင့်အနေနဲ့ ဒါတွေကို စားပြမှာပါ” လို့ Matt က သူ့ဗီဒီယိုမှာ ဆိုခဲ့ပါတယ်။လူအချို့က Mattရဲ့အကြံတစ်ခုလုံးနှင့်ပတ်သက်ပြီး ရိုးရှင်းစွာ ဝေဖန်ပြောဆိုခဲ့ကြပေမဲ့ အချို့ကလည်း Matt အား ရူးသွပ်စရာကောင်းတာတစ်ခုခုလုပ်တတ်လို့ လေးစားကြောင်း ဆိုခဲ့ကြပါသေးတယ်။

လူတစ်ဦးက “ ကျွန်တော် ခင်ဗျားကို အားပေးနေတယ် bro ” လို့ မှတ်ချက်ပေးခဲ့ပြီး နောက်တစ်ဦးကတော့ “ မဖြစ်နိုင်ဘူး ငါသာဆို မစားဘူး” လို့ မှတ်ချက်ပေးခဲ့ပါတယ်။Matt အတွက် ဘယ်လိုနေမလဲဆိုတာကို မသိပေမဲ့ သူ့ရဲ့ဗီဒီယိုကတော့ ကျိန်းသေ စပ်စုတဲ့ကြည့်ရှုသူတွေရဲ့ မေးခွန်းတွေကို အများကြီးဖြေပေးနေပါတယ်။၁၄ လကြာပြီးဖြစ်တဲ့ ဟမ်ဘာဂါရဲ့အရသာက ဘယ်လိုလဲဆိုတာကို သိချင်ရင်တော့ Matt ရဲ့၎င်းဗီဒီယိုကို ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

Mia (Mckzone Daily)

Source : elitereaders

Zawgyi




Mia (Mckzone Daily)

  • Leave a Comment