ကိုယ့္အတြက္ ေက်ာက္ကပ္လႉေပးမဲ့ ဇနီးသည္ကို ခြဲခန္းထဲမဝင္မွီ ေပြ႔ဖက္ကာ နာက်င္ခံစားေနခဲ့ရတဲ့ ခင္ပြန္း

အင္ဒိုနီး႐ွားႏိုင္ငံက TikTok video ေလးတစ္ခုဟာေတာ့ ၾကည့္႐ႈသူေတြမ်ားျပားေနၿပီး အေတာ္ေလးကိုေရပန္းစားေနလ်က္႐ွိပါတယ္ ။ Video ေလးရဲ႕ caption ေလးကေတာ့ ‘ အျခားလူတစ္ေယာက္အတြက္ မင္းရဲ႕အခ်စ္က ဘယ္ေလာက္ထိနက္႐ႈိင္းၿပီး သိသာထင္႐ွားေစသလဲ ၊ ငါ့ရဲ႕အန္တီကေတာ့ သူ႔ရဲ႕ခင္ပြန္းအတြက္ ေက်ာက္ကပ္တစ္ခု လႉေပးခဲ့တယ္ ‘ ဆိုၿပီးေတာ့ ေရးသားထားပါတယ္ ။ Video ထဲမွာေတာ့ လင္မယားႏွစ္ေယာက္က IV ခန္းထဲမွာ တစ္ေယာက္ရဲ႕လက္ကို တစ္ေယာက္ဖမ္းဆုပ္ထားပါတယ္ ။ ကုတင္ေပၚမွာ ထိုင္ေနခဲ့တဲ့ ဇနီးသည္ရဲ႕နဖူးကို ခင္ပြန္းျဖစ္သူက တယုတယေလး နမ္း႐ႈိက္ေနခဲ့ပါေသးတယ္ ။ ၾကည့္ရတာေတာ့ ႏွစ္ေယာက္လံုး ခြဲစိတ္မႈေအာင္ျမင္ဖို႔အတြက္ အေတာ္ေလးအားတင္းၿပီး ႀကိဳးစားေနပံုပါ ။ မၾကာခင္မွာပဲ ႏွစ္ေယာက္လံုးက ကုတင္တစ္ခုစီမွာ လွဲေလ်ာင္းေနခဲ့ၾကလို႔ ခြဲစိတ္ကုသမႈေအာင္ျမင္ခဲ့ပံုပါပဲ ။ လင္မယားႏွစ္ေယာက္ရဲ႕ တစ္ဦးအေပၚတစ္ဦးထား႐ွိတဲ့ ခ်စ္ျခင္းေမတၱာ​ေတြ​ေၾကာင့္ အဆိုပါ video ေလးဟာ အေတာ္ေလးကို ေရပန္းစားေနလ်က္႐ွိပါတယ္ ။

.

.

.

Jasmine (Mckzone Daily)

Source : worldofbuzz

Unicode

အင်ဒိုနီးရှားနိုင်ငံက TikTok video လေးတစ်ခုဟာတော့ ကြည့်ရှုသူတွေများပြားနေပြီး အတော်လေးကိုရေပန်းစားနေလျက်ရှိပါတယ် ။ Video လေးရဲ့ caption လေးကတော့ ‘ အခြားလူတစ်ယောက်အတွက် မင်းရဲ့အချစ်က ဘယ်လောက်ထိနက်ရှိုင်းပြီး သိသာထင်ရှားစေသလဲ ၊ ငါ့ရဲ့အန်တီကတော့ သူ့ရဲ့ခင်ပွန်းအတွက် ကျောက်ကပ်တစ်ခု လှူပေးခဲ့တယ် ‘ ဆိုပြီးတော့ ရေးသားထားပါတယ် ။ Video ထဲမှာတော့ လင်မယားနှစ်ယောက်က IV ခန်းထဲမှာ တစ်ယောက်ရဲ့လက်ကို တစ်ယောက်ဖမ်းဆုပ်ထားပါတယ် ။ ကုတင်ပေါ်မှာ ထိုင်နေခဲ့တဲ့ ဇနီးသည်ရဲ့နဖူးကို ခင်ပွန်းဖြစ်သူက တယုတယလေး နမ်းရှိုက်နေခဲ့ပါသေးတယ် ။ ကြည့်ရတာတော့ နှစ်ယောက်လုံး ခွဲစိတ်မှုအောင်မြင်ဖို့အတွက် အတော်လေးအားတင်းပြီး ကြိုးစားနေပုံပါ ။ မကြာခင်မှာပဲ နှစ်ယောက်လုံးက ကုတင်တစ်ခုစီမှာ လှဲလျောင်းနေခဲ့ကြလို့ ခွဲစိတ်ကုသမှုအောင်မြင်ခဲ့ပုံပါပဲ ။ လင်မယားနှစ်ယောက်ရဲ့ တစ်ဦးအပေါ်တစ်ဦးထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် အဆိုပါ video လေးဟာ အတော်လေးကို ရေပန်းစားနေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment