ဇနီးရဲ႕ပညာေပး TikTok ဗီဒီယိုကို ကိုယ္တိုင္႐ိုက္ေပးရင္း လည္ပင္းမွာ မွတ္စုစာ႐ြက္ပါ ခ်ိတ္ဆြဲထားေပးခဲ့တဲ့ အမ်ိဳးသား

အင္ဒိုနီးရွားႏိုင္ငံရွိ TikTok အသုံးျပဳသူ Yayang Julita (@yayangjulitaaa) အမည္ရွိအမ်ိဳးသမီးဟာ သူမမိဘမ်ားရဲ႕ sweet ျဖစ္လြန္းတဲ့ဗီဒီယိုကို မၾကာေသးခင္က မွ်ေဝခဲ့ပါတယ္။Yayang ရဲ႕မိခင္ဟာ ဆရာမတစ္ေယာက္ျဖစ္ၿပီး ရံဖန္ရံခါ ပညာေရးဆိုင္ရာဗဟုသုတမ်ားကို TikTok မွာ ဗီဒီယိုမ်ားျဖင့္ ပညာဒါနျဖည့္စြက္ေပးေလ့ရွိပါတယ္။Yayang တင္လိုက္တဲ့အဆိုပါဗီဒီယိုမွာ သူမရဲ႕မိခင္ဟာ ေလထုရဲ႕အဓိကအေရးပါမႈ အေၾကာင္းအရာမ်ားႏွင့္ဂုဏ္သတၱိမ်ားျဖစ္တဲ့ သိပၸံဘာသာရပ္ကို သင္ၾကားေပးခဲ့ျခင္း ျဖစ္ပါတယ္။မိခင္ျဖစ္သူဟာ သူမေျပာခ်င္တာကို မေမ့သြားေစရန္ မွတ္စုတစ္ခု ျပင္ဆင္ၿပီး ဖုန္းကိုင္ရင္း ဗီဒီယို႐ိုက္ေပးမဲ့သူမခင္ပြန္းရဲ႕လည္ပင္းမွာ ဆြဲထားလိုက္ပါတယ္။

သို႔မွသာ သူမကင္မရာရဲ႕လမ္းေၾကာင္းကို ၾကည့္ၿပီး တစ္ခ်ိန္တည္း ဖတ္ႏိုင္မွာ ျဖစ္ပါတယ္။ထို႔အျပင္ သူမရဲ႕သင္ၾကားမႈအတြက္ သူ႔မကိုကူညီေပးမဲ့ ေနာက္မွတ္စုတစ္ခုလည္း နံရံမွာ ေထာင္ထားပါေသးတယ္။Yayang ရဲ႕ဖခင္ဟာလည္း အလြန္ပေရာ္ဖက္ရွင္နယ္က်ၿပီး ဖုန္းျဖင့္ သူ႔ဇနီးရဲ႕သင္ၾကားမႈမ်ားကို တိက်ေသခ်ာစြာျဖင့္ မွတ္တမ္းတင္ထားေပးပါေသးတယ္။အင္တာနက္အသုံးျပဳသူမ်ားစြာက Yayang ရဲ႕မိဘမ်ားဟာ လူငယ္ေတြရဲ႕ပညာေရးကို တစ္ေထာင့္တစ္ေနရာကေန ႀကိဳးစားၿပီး ေထာက္ပံ့ေပးေၾကာင္း ႏွင့္ အခ်ိဳ႕ကမူ “ ဒီပုံရိပ္က ခ်စ္ျခင္းေမတၱာရဲ႕စစ္မွန္တဲ့ပုံရိပ္ဘဲ ” လို႔ ဆိုထားပါတယ္။

အျခား netizens မ်ားကလည္း ဖခင္ျဖစ္သူရဲ႕မ်က္ႏွာအမူအရာကို အာ႐ုံစိုက္ခဲ့ၾကၿပီး ၎က “ ငါ ဘာေတြလုပ္ေနတာလဲ ငါ ဘာလို႔ ဒီမွာရွိေနတာလဲ ” လို႔ စေနာက္ခဲ့ၾကပါေသးတယ္။၎အျဖစ္အပ်က္ေလးက တကယ့္ကို sweet ျဖစ္လြန္းပါတယ္။Yayang ရဲ႕ မိခင္ျဖစ္သူရဲ႕ ေက်ာင္းသားေတြကလည္း ေက်ာင္းသားေတြအေပၚ စိတ္အားထက္သန္တဲ့ဆရာမကို ပိုင္ဆိုင္ထားရျခင္းက သူတို႔အတြက္ ဘယ္ေလာက္ေတာင္ေကာင္းေနလိုက္မလဲဆိုတာကို သိၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။

Jasmine (Mckzone Daily)

Source : worldofbuzz

Unicode

အင်ဒိုနီးရှားနိုင်ငံရှိ TikTok အသုံးပြုသူ Yayang Julita (@yayangjulitaaa) အမည်ရှိအမျိုးသမီးဟာ သူမမိဘများရဲ့ sweet ဖြစ်လွန်းတဲ့ဗီဒီယိုကို မကြာသေးခင်က မျှဝေခဲ့ပါတယ်။Yayang ရဲ့မိခင်ဟာ ဆရာမတစ်ယောက်ဖြစ်ပြီး ရံဖန်ရံခါ ပညာရေးဆိုင်ရာဗဟုသုတများကို TikTok မှာ ဗီဒီယိုများဖြင့် ပညာဒါနဖြည့်စွက်ပေးလေ့ရှိပါတယ်။Yayang တင်လိုက်တဲ့အဆိုပါဗီဒီယိုမှာ သူမရဲ့မိခင်ဟာ လေထုရဲ့အဓိကအရေးပါမှု အကြောင်းအရာများနှင့်ဂုဏ်သတ္တိများဖြစ်တဲ့ သိပ္ပံဘာသာရပ်ကို သင်ကြားပေးခဲ့ခြင်း ဖြစ်ပါတယ်။မိခင်ဖြစ်သူဟာ သူမပြောချင်တာကို မမေ့သွားစေရန် မှတ်စုတစ်ခု ပြင်ဆင်ပြီး ဖုန်းကိုင်ရင်း ဗီဒီယိုရိုက်ပေးမဲ့သူမခင်ပွန်းရဲ့လည်ပင်းမှာ ဆွဲထားလိုက်ပါတယ်။

သို့မှသာ သူမကင်မရာရဲ့လမ်းကြောင်းကို ကြည့်ပြီး တစ်ချိန်တည်း ဖတ်နိုင်မှာ ဖြစ်ပါတယ်။ထို့အပြင် သူမရဲ့သင်ကြားမှုအတွက် သူ့မကိုကူညီပေးမဲ့ နောက်မှတ်စုတစ်ခုလည်း နံရံမှာ ထောင်ထားပါသေးတယ်။Yayang ရဲ့ဖခင်ဟာလည်း အလွန်ပရော်ဖက်ရှင်နယ်ကျပြီး ဖုန်းဖြင့် သူ့ဇနီးရဲ့သင်ကြားမှုများကို တိကျသေချာစွာဖြင့် မှတ်တမ်းတင်ထားပေးပါသေးတယ်။အင်တာနက်အသုံးပြုသူများစွာက Yayang ရဲ့မိဘများဟာ လူငယ်တွေရဲ့ပညာရေးကို တစ်ထောင့်တစ်နေရာကနေ ကြိုးစားပြီး ထောက်ပံ့ပေးကြောင်း နှင့် အချို့ကမူ “ ဒီပုံရိပ်က ချစ်ခြင်းမေတ္တာရဲ့စစ်မှန်တဲ့ပုံရိပ်ဘဲ ” လို့ ဆိုထားပါတယ်။

အခြား netizens များကလည်း ဖခင်ဖြစ်သူရဲ့မျက်နှာအမူအရာကို အာရုံစိုက်ခဲ့ကြပြီး ၎င်းက “ ငါ ဘာတွေလုပ်နေတာလဲ ငါ ဘာလို့ ဒီမှာရှိနေတာလဲ ” လို့ စနောက်ခဲ့ကြပါသေးတယ်။၎င်းအဖြစ်အပျက်လေးက တကယ့်ကို sweet ဖြစ်လွန်းပါတယ်။Yayang ရဲ့ မိခင်ဖြစ်သူရဲ့ ကျောင်းသားတွေကလည်း ကျောင်းသားတွေအပေါ် စိတ်အားထက်သန်တဲ့ဆရာမကို ပိုင်ဆိုင်ထားရခြင်းက သူတို့အတွက် ဘယ်လောက်တောင်ကောင်းနေလိုက်မလဲဆိုတာကို သိကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Jasmine (Mckzone Daily)

Be the first to comment on "ဇနီးရဲ႕ပညာေပး TikTok ဗီဒီယိုကို ကိုယ္တိုင္႐ိုက္ေပးရင္း လည္ပင္းမွာ မွတ္စုစာ႐ြက္ပါ ခ်ိတ္ဆြဲထားေပးခဲ့တဲ့ အမ်ိဳးသား"

Leave a comment

Your email address will not be published.


*