မိခင်ကသေဆုံးသွားပြီး ပထွေးဖြစ်သူကစွန့်ပစ်ခဲ့လို့ လမ်းဘေးရောက်နေတာပါဆိုတဲ့ ကောင်လေးရဲ့ဖြစ်ရပ်မှန်
Jasmine (Mckzone Daily)
Source: worldofbuzz
Unicode
13နှစ်အရွယ် ကောင်လေးရဲ့မိခင်ဟာသေဆုံးသွားခဲ့လို့ ပထွေးဖြစ်သူကစွန့်ပစ်ခဲ့ပြီး လမ်းဘေးရောက်နေခဲ့ပြီး ကိုယ့်ဘာသာကိုယ် စာဖတ်တတ်အောင် ၊ သချာၤတွေတွက်တတ်အောင်ကိုယ့်ဘာသာကိုယ် လေ့လာခဲ့ရတယ်ဆိုတဲ့ ကောင်းလေးတစ်ယောက်ရဲ့သတင်းဟာ မလေးရှားနိုင်ငံမှာအတော်လေးကို လူတွေရဲ့အာရုံစိုက်မှုခံခဲ့ရပါတယ် ။ အမှန်တကယ်တော့ အဆိုပါကောင်လေးရဲ့ သရုပ်မှန်မှာတော့ အိမ်ပြေးလေးတစ်ယောက်ပါ ။
အဆိုပါကောင်လေးရဲ့ သတင်းကို original ဝေမျှခဲ့သူတစ်ယောက်ဖြစ်တဲ့ Mohd Fadli Salleh က ကောင်လေးရဲ့ နောက်ဆုံရသတင်းအခြေအနေကို ပြန်လည်ရေသားခဲ့ပါတယ် ။ ” ကောင်လေးရဲ့ နောက်ဆုံးရ သတင်းအချက်အလက်ပါ ၊ ကျွန်တော်အများကြီးလည်း မပြောလိုပါဘူး ၊ ကျွန်တော် တခြားလူတွေကိုလည်း ဖွင့်ဟပြောပြချင်လို့ပါ ၊ ကောင်လေးဟာ သူရဲ့မွေးမိခင်နဲ့ မိသားစုရှိပါတယ် ၊ သူကအိမ်ကနေ ထွက်ပြေးလာတဲ့သူပါ ၊ ကျွန်တော်အရင်က တင်ခဲ့တဲ့အကြောင်းအရာကြောင့် အတော်လေးကိုရေပန်းစားပြီး သူ့ရဲ့မိသားစုက သူ့ကိုပြန်ရှာတွေ့ခဲ့တာပါ ” ဆိုပြီး ရေးသားထားခဲ့ပါတယ် ။
ကောင်လေးရဲ့မိသားစုက ကောင်လေးကို 3ရက်ခန့်ရှာဖွေခဲ့ရပါတယ် ။ ကောင်လေးမှာ သူ၏အခြေအနေကို လိမ်ညာပြောဆိုခဲ့ပေမဲ့လည်း ယခုအချိန်မှာ စိတ်ချရတဲ့မိသားစုဝင်လက်ထဲပြန်ရောက်သွားပြီမို့ ကူညီပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်ကြောင်း Fadli က ထပ်မံရေးသားပြောဆိုခဲ့ပါတယ် ။
Jasmine (Mckzone Daily)
Be the first to comment on "မိခင်ကသေဆုံးသွားပြီး ပထွေးဖြစ်သူကစွန့်ပစ်ခဲ့လို့ လမ်းဘေးရောက်နေတာပါဆိုတဲ့ ကောင်လေးရဲ့ဖြစ်ရပ်မှန်"
Leave a comment
Your email address will not be published.
*