ေျမးျဖစ္သူရဲ႕ပညာေရးကို ေထာက္ပံ့ဖို႔ေနအိမ္ကိုေရာင္းၿပီး သံုးဘီးဆိုင္ကယ္ေပၚမွာသာ ေနထိုင္အသက္ဆက္ေနရတဲ့ အဘိုးအို

အိနၷိယႏိုင္ငံမွာေနထိုင္တဲ့ Deshraj Ji အမည္႐ွိတဲ့ အဘိုးအိုဟာ ေျမးမေလး ဆရာမတစ္ေယာက္ျဖစ္လာေအာင္ ပညာေရးေထာက္ပံ့ေပးဖို႔အတြက္ သူ၏ေနအိမ္ကိုေရာင္းခ်ၿပီး ၊ ညဖက္ေတြမွာဆိုရင္ သံုးဘီးဆိုင္ကယ္ေပၚမွာသာ အိပ္စက္ကာ ေျမးမေလးရဲ႕အိမ္မက္ကိုအေကာင္အထည္ေဖာ္ေပးႏိုင္ဖို႔သာ အသက္ဆက္ၿပီး ျပံဳးေပ်ာ္ေနခဲ့သူပါ ။ အဘိုးအိုရဲ႕ေျပာျပခ်က္အရ ‘ လြန္ခဲ့တဲ့ 6 ႏွစ္က အႀကီးဆံုးသားကေနအိမ္ကေနေပ်ာက္သြားခဲ့တယ္ ၊ တစ္ပတ္အၾကာေလာက္မွ သူ႔ရဲ႕႐ုပ္အေလာင္းကို႐ွာေတြ႔ခဲ့တာပါ ၊ အဲ့တုန္းက သားႀကီးက အသက္ 40 အရြယ္ပဲ႐ွိပါေသးတယ္ ၊ ကြၽန္ေတာ့္ဘဝရဲ႕ တစ္စိတ္တစ္ပိုင္းက ေသဆံုးသြားသလိုပါပဲ ၊ တာဝန္ယူရမဲ့သူေတြပိုမ်ားလာေတာ့ ငိုေႂကြးဝမ္းနည္းေနဖို႔အခ်ိန္ေတြေတာင္မရခဲ့ဘဲ ေနာက္တစ္ရက္မွာပဲ ကြၽန္ေတာ္လမ္းေပၚျပန္ေရာက္ခဲ့ၿပီး သံုးဘီးဆိုင္ကယ္ျပန္ေမာင္းေနခဲ့ရတာပါ ၊ ကံဆိုးစြာနဲ႔ ေနာက္ 2 ႏွစ္အၾကာမွာေတာ့ ေနာက္ထပ္သားတစ္ေယာက္ကလည္း ကိုယ့္ကိုအဆံုးစီရင္သြားခဲ့ျပန္ပါတယ္ ၊ သားႏွစ္ေယာက္ဆံုး႐ႈံးခဲ့ရတဲ့ ဖခင္ရဲ႕အျဖစ္က အဆိုးဆံုးပါပဲ ၊ ဒါေၾကာင့္ ဇနီး ၊ ေခြၽးမ နဲ႔ ေျမးေတြကို ကြၽန္ေတာ္ဆက္ၿပီး တာဝန္ယူခဲ့ရပါတယ္ ၊ ေျမးမေလးက ‘အဘိုး သမီးေက်ာင္းထြက္ရမွာလား ‘ ဆိုၿပီး ေမးေတာ့ ကြၽန္ေတာ္ ‘ မထြက္ရဘူး..နင့္စိတ္ႀကိဳက္ စာသင္ယူေလ့လာလို႔ရတယ္ ‘ ဆိုၿပီး ျပန္ေျပာခဲ့ပါတယ္ ‘ ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။

” ကြၽန္ေတာ္ အခ်ိန္ပိုေတြ ပိုလုပ္ခဲ့ရၿပီး မနက္ 6 နာရီ အိမ္ကေနထြက္လာၿပီး ၊ ညလယ္ေခါင္အထိ အလုပ္လုပ္ခဲ့ပါတယ္ ၊ ေျမးမေလးရဲ႕ ေက်ာင္းစရိတ္အတြက္ပိုတဲ့ေငြေတြကိုေတာ့ မိသားစုဝင္ေတြရဲ႕ စားဝတ္ေနေရးအတြက္ အသံုးျပဳခဲ့ပါတယ္ ၊ ထမင္းနပ္မမွန္တာေတြ႐ွိလာေတာ့ ဇနီးျဖစ္သူက က်န္းမာေရးဆိုးဝါးလာခဲ့ပါတယ္ ၊ အဲ့ေတာ့ တစ္အိမ္ဝင္ တစ္အိမ္ထြက္ ဇနီးရဲ႕ေဆးဖိုးအတြက္ ေငြေခ်းငွါးခဲ့ရပါတယ္ ၊ ေျမးမေလးက ဆရာမျဖစ္ခ်င္တယ္ေျပာေတာ့ ကြၽန္ေတာ္အိမ္ကိုေရာင္းၿပီး ဇနီး ၊ ေခြၽးမ နဲ႔ အျခားေျမးေတြကို ရြာကအမ်ိဳးအိမ္ေတြဆီပို႔ခဲ့ပါတယ္ ၊ ကြၽန္ေတာ္ကေတာ့ ၿမိဳ႕မွာဆက္ေနၿပီး ညဖက္ သံုးဘီးဆိုင္ကယ္ေလးမွာသာ အိပ္စက္ခဲ့ပါတယ္ ၊ ထိုင္ရလြန္းလို႔ ေျခေထာက္ေတြနာလာတဲ့အခ်ိန္မ်ိဳးမွာ ေျမးမေလးက အခန္းထဲမွာအဆင့္ထိပ္ဆံုးလို႔ ဖုန္းလွမ္းဆက္လာရင္ ပင္ပန္းနာက်င္မႈေတြ အကုန္ေပ်ာက္သြားတယ္ ‘ ဆိုၿပီး ေျပာျပခဲ့ပါေသးတယ္ ။

အဘိုးအိုရဲ႕အျဖစ္ဟာ အင္တာနက္ေပၚမွာအေတာ့္ကိုလူသိမ်ားလာခဲ့ၿပီးေနာက္ ေစတနာ႐ွင္ေတြက page ေလးေထာင္ေပးကာ အဘိုးအို နဲ႔ ေျမးမေလးအတြက္ လႉဒါန္းေငြေတြ ေကာက္ခံေပးခဲ့ပါတယ္ ။ လက္႐ွိအခ်ိန္မွာေတာ့ လႉဒါန္းေငြ 2.4 million Rs (ျမန္မာေငြ သိန္းေလးရာေက်ာ္အထိ) ရ႐ွိသြားခဲ့လို႔ အဘိုးအိုဟာ ေျမးမေလးရဲ႕ ပညာေရးအတြက္ စိတ္ပူစရာအျဖစ္မ်ိဳးမ႐ွိေတာ့ေၾကာင္း သိ႐ွိရပါတယ္ ။ ေျမးမေလးသာ ဆရာမျဖစ္မယ္ဆိုရင္ ေဆြးမ်ိဳးေတြထဲမွာ ပထမဆံုးပညာတက္မို႔ အေတာ့္ကိုဂုဏ္ယူရမွာျဖစ္ေၾကာင္း အဘိုးအိုကေျပာျပခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source : worldofbuzz

Unicode

အိန္နိယနိုင်ငံမှာနေထိုင်တဲ့ Deshraj Ji အမည်ရှိတဲ့ အဘိုးအိုဟာ မြေးမလေး ဆရာမတစ်ယောက်ဖြစ်လာအောင် ပညာရေးထောက်ပံ့ပေးဖို့အတွက် သူ၏နေအိမ်ကိုရောင်းချပြီး ၊ ညဖက်တွေမှာဆိုရင် သုံးဘီးဆိုင်ကယ်ပေါ်မှာသာ အိပ်စက်ကာ မြေးမလေးရဲ့အိမ်မက်ကိုအကောင်အထည်ဖော်ပေးနိုင်ဖို့သာ အသက်ဆက်ပြီး ပြုံးပျော်နေခဲ့သူပါ ။ အဘိုးအိုရဲ့ပြောပြချက်အရ ‘ လွန်ခဲ့တဲ့ 6 နှစ်က အကြီးဆုံးသားကနေအိမ်ကနေပျောက်သွားခဲ့တယ် ၊ တစ်ပတ်အကြာလောက်မှ သူ့ရဲ့ရုပ်အလောင်းကိုရှာတွေ့ခဲ့တာပါ ၊ အဲ့တုန်းက သားကြီးက အသက် 40 အရွယ်ပဲရှိပါသေးတယ် ၊ ကျွန်တော့်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းက သေဆုံးသွားသလိုပါပဲ ၊ တာဝန်ယူရမဲ့သူတွေပိုများလာတော့ ငိုကြွေးဝမ်းနည်းနေဖို့အချိန်တွေတောင်မရခဲ့ဘဲ နောက်တစ်ရက်မှာပဲ ကျွန်တော်လမ်းပေါ်ပြန်ရောက်ခဲ့ပြီး သုံးဘီးဆိုင်ကယ်ပြန်မောင်းနေခဲ့ရတာပါ ၊ ကံဆိုးစွာနဲ့ နောက် 2 နှစ်အကြာမှာတော့ နောက်ထပ်သားတစ်ယောက်ကလည်း ကိုယ့်ကိုအဆုံးစီရင်သွားခဲ့ပြန်ပါတယ် ၊ သားနှစ်ယောက်ဆုံးရှုံးခဲ့ရတဲ့ ဖခင်ရဲ့အဖြစ်က အဆိုးဆုံးပါပဲ ၊ ဒါကြောင့် ဇနီး ၊ ချွေးမ နဲ့ မြေးတွေကို ကျွန်တော်ဆက်ပြီး တာဝန်ယူခဲ့ရပါတယ် ၊ မြေးမလေးက ‘အဘိုး သမီးကျောင်းထွက်ရမှာလား ‘ ဆိုပြီး မေးတော့ ကျွန်တော် ‘ မထွက်ရဘူး..နင့်စိတ်ကြိုက် စာသင်ယူလေ့လာလို့ရတယ် ‘ ဆိုပြီး ပြန်ပြောခဲ့ပါတယ် ‘ ဆိုပြီး ပြောပြခဲ့ပါတယ် ။

” ကျွန်တော် အချိန်ပိုတွေ ပိုလုပ်ခဲ့ရပြီး မနက် 6 နာရီ အိမ်ကနေထွက်လာပြီး ၊ ညလယ်ခေါင်အထိ အလုပ်လုပ်ခဲ့ပါတယ် ၊ မြေးမလေးရဲ့ ကျောင်းစရိတ်အတွက်ပိုတဲ့ငွေတွေကိုတော့ မိသားစုဝင်တွေရဲ့ စားဝတ်နေရေးအတွက် အသုံးပြုခဲ့ပါတယ် ၊ ထမင်းနပ်မမှန်တာတွေရှိလာတော့ ဇနီးဖြစ်သူက ကျန်းမာရေးဆိုးဝါးလာခဲ့ပါတယ် ၊ အဲ့တော့ တစ်အိမ်ဝင် တစ်အိမ်ထွက် ဇနီးရဲ့ဆေးဖိုးအတွက် ငွေချေးငှါးခဲ့ရပါတယ် ၊ မြေးမလေးက ဆရာမဖြစ်ချင်တယ်ပြောတော့ ကျွန်တော်အိမ်ကိုရောင်းပြီး ဇနီး ၊ ချွေးမ နဲ့ အခြားမြေးတွေကို ရွာကအမျိုးအိမ်တွေဆီပို့ခဲ့ပါတယ် ၊ ကျွန်တော်ကတော့ မြို့မှာဆက်နေပြီး ညဖက် သုံးဘီးဆိုင်ကယ်လေးမှာသာ အိပ်စက်ခဲ့ပါတယ် ၊ ထိုင်ရလွန်းလို့ ခြေထောက်တွေနာလာတဲ့အချိန်မျိုးမှာ မြေးမလေးက အခန်းထဲမှာအဆင့်ထိပ်ဆုံးလို့ ဖုန်းလှမ်းဆက်လာရင် ပင်ပန်းနာကျင်မှုတွေ အကုန်ပျောက်သွားတယ် ‘ ဆိုပြီး ပြောပြခဲ့ပါသေးတယ် ။

အဘိုးအိုရဲ့အဖြစ်ဟာ အင်တာနက်ပေါ်မှာအတော့်ကိုလူသိများလာခဲ့ပြီးနောက် စေတနာရှင်တွေက page လေးထောင်ပေးကာ အဘိုးအို နဲ့ မြေးမလေးအတွက် လှူဒါန်းငွေတွေ ကောက်ခံပေးခဲ့ပါတယ် ။ လက်ရှိအချိန်မှာတော့ လှူဒါန်းငွေ 2.4 million Rs (မြန်မာငွေ သိန်းလေးရာကျော်အထိ) ရရှိသွားခဲ့လို့ အဘိုးအိုဟာ မြေးမလေးရဲ့ ပညာရေးအတွက် စိတ်ပူစရာအဖြစ်မျိုးမရှိတော့ကြောင်း သိရှိရပါတယ် ။ မြေးမလေးသာ ဆရာမဖြစ်မယ်ဆိုရင် ဆွေးမျိုးတွေထဲမှာ ပထမဆုံးပညာတက်မို့ အတော့်ကိုဂုဏ်ယူရမှာဖြစ်ကြောင်း အဘိုးအိုကပြောပြခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ေျမးျဖစ္သူရဲ႕ပညာေရးကို ေထာက္ပံ့ဖို႔ေနအိမ္ကိုေရာင္းၿပီး သံုးဘီးဆိုင္ကယ္ေပၚမွာသာ ေနထိုင္အသက္ဆက္ေနရတဲ့ အဘိုးအို"

Leave a comment

Your email address will not be published.


*